MSPs အတွက် Bitdefender Cloud Security
နံပါတ် #၁ MSPs Security Suite
တစိုက်မတ်မတ် အကောင်းဆုံး ကာကွယ်မှု နှင့် အကောင်းဆုံး လုပ်ဆောင်မှု
WannaCry ကဲ့သို့သော Zero-day နှင့် ransomware တိုက်ခိုက်မှုများသည် AV/endpoint လုံခြုံရေးအားလုံး နှင့် ‘မျိုးဆက်သစ်’ solution များ (Bitdefender မှလွဲ၍) ကို virtually ရှောင်ရှားခြင်းဖြင့် ကြီးမားသောပျက်စီးမှုကို ဖြစ်စေသည်။
နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ ကောင်းမွန်တိုးတက်လာသော machine learning algorithm များဖြင့် စွမ်းအားမြှင့်ထားသည့် Bitdefender သည် ကာကွယ်မှု၊ လုပ်ဆောင်မှု နှင့် အသုံးဝင်မှုတို့အတွက် သီးသန့်စစ်ဆေးမှုများတွင် တစိုက်မတ်မတ် ပထမ နေရာ၌ ရပ်တည်နေသည်။

မတ်လ ၂၀၁၈ ခုနှစ်တွင် Bitdefender သည် စုံစမ်းထောက်လှမ်းနိုင်မှုအမှတ် အမြင့်ဆုံး ရရှိခြင်း နှင့် တစ်နှစ်ပတ်လုံးလုပ်ဆောင်ခဲ့သည့် စစ်ဆေးမှုတစ်ခုချင်းဆီ၌ ကာကွယ်မှုပြုထားသည့် စက်များအပေါ် အနိမ့်ဆုံး သက်ရောက်မှုအား လုပ်ဆောင်ပြသနိုင်ခဲ့သည့်အတွက် နာမည်ကြီး AV-Test အကောင်းဆုံး ကာကွယ်မှု ၂၀၁၇ နှင့် AV-Test အကောင်းဆုံး လုပ်ဆောင်မှု ၂၀၁၇ တို့ကို ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။
လုပ်ငန်းသုံး လုံခြုံရေး စစ်ဆေးမှု ၂၀၁၈ (ဩဂုတ်လ – နိုဝင်ဘာလ)” AV- Comparatives


သက်သေပြ နံပါတ် #၁ ကာကွယ်မှု နှင့် လုပ်ဆောင်မှု
Bitdefender သည် အမှားအနည်းဆုံးဖြစ်စေခြင်း၊ ကာကွယ်ထားသောစနစ်များပေါ်တွင် အနည်းဆုံး လုပ်ဆောင်ချက်သက်ရောက်မှု တို့နှင့်အတူ ဆိုက်ဘာ-ခြိမ်းခြောက်မှုများ၏ရန်မှ အကောင်းဆုံးကာကွယ်မှုကို သရုပ်ပြနိုင်ခြင်းတို့အတွက် အဓိက သီးသန့်စစ်ဆေးမှုများတွင် တစိုက်မတ်မတ် ပထမနေရာ၌ ရပ်တည်နေသည်။

ပြီးပြည့်စုံသော အလွှာလိုက် လုံခြုံရေး ချဉ်းကပ်မှု
MSP အတွက် Bitdefender Cloud Security တွင် Antivirus နှင့် Antimalware တို့သာပါရှိသည်မက Anti-exploit, အဆင့်မြင့် Machine Learning, Content and Device Control တို့လည်း ပါဝင်သည်။ ထပ်ဆင့် ရွေးချယ်နိုင်သော လုံခြုံရေးအလွှာများကိုလည်း တူညီသော console မှနေ၍ ရယူနိုင်သည်။

ရိုးရှင်းသော အုပ်ချုပ်မှု နှင့် လစဉ် ငွေပေးချေခြင်း
သုံးစွဲသူအားလုံးအတွက် ထပ်ဆင့် hardware မလိုပဲ လစဉ် ငွေပေးချေခြင်းနှင့်အတူ တစ်ခုတည်းသော cloud သုံး console တစ်ခုမှနေ၍ ကာကွယ်မှုအား စောင့်ကြပ်ထိန်းချုပ်ပေးသည်။
အဓိက RMM/PSA platform များနှင့်အတူ API ပေါင်းစပ်စုစည်းမှုများကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ချက်များ နှင့် ချောမွေ့သောအုပ်ချုပ်မှု တို့ကို အလိုအလျောက်ဖြစ်စေသည်။
သွင်ပြင်လက္ခဏာများနှင့် အကျိုးရလဒ်များ
လုံခြုံရေး Module များ ပါဝင်ထားသော
လုံခြုံရေး Module များ ရွေးချယ်နိုင်သော
Local နှင့် Cloud
ဝက်ဘ် စီစစ်ခြင်း
ဝက်ဘ်-အခြေခံ တိုက်ခိုက်မှုများအပေါ် တားဆီးပိတ်ဆို့ခြင်းတွင် မရှိမဖြစ်လိုအပ်သော ဝက်ဘ် စီစစ်ခြင်းသည် အုပ်ချုပ်သူများအား သိပြီးသား phish လုပ်ခြင်း သို့မဟုတ် အခြား အန္တရာယ်ရှိ ဝက်ဘ်ဆိုဒ်များကို တားဆီးပိတ်ဆို့ရာတွင် ခွင့်ပြုပေးပြီး ဖြစ်နိုင်ချေ ခြိမ်းခြောက်မှုများအား ခွဲခြားသတ်မှတ်ရန် HTTPS အပါအဝင် မသိသေးသည့် URL များကို scan ဖတ်ပေးသည်။
ထိုးဖောက်ဝင်ရောက် စုံစမ်းစစ်ဆေးခြင်း နှင့်အတူ FIREWALL
MSP အတွက် Cloud Security တွင် ကွန်ယက် အတွင်း သို့မဟုတ် အပြင်၌ ဖြစ်နိုင်ချေ တိုက်ခိုက်မှုများအပေါ်အံတုရင်း endpoint များကို ကာကွယ်ရန် ထိုးဖောက်ဝင်ရောက် စုံစမ်းခြင်း နှင့်အတူ သွင်ပြင်အပြည့်ဖြင့် နှစ်လမ်းသွား firewall အား ထည့်သွင်းထားသည်။
ADVANCED ANTI-EXPLOIT
Exploit များသည် အဓိက ransomware တိုက်ခိုက်မှုများတွင် မကြာခဏ ပါဝင်လေ့ရှိခြင်းမှာ ၎င်းတို့သည် စနစ်နှင့် အပေးအယူလုပ်ရန် တရားဝင် အက်ပလီကေးရှင်းများကို ကြားဖြတ်ယူကြသောကြောင့်ဖြစ်သည်။ Bitdefender Advanced Anti-Exploit သည် တိုက်ခိုက်မှုနည်းလမ်းများအပေါ် အာရုံစိုက်ခြင်း၊ နှင့် သိပြီးသား exploit များ၏ လက်မှတ်များအစား အပြုအမူပိုင်းဆိုင်ရာ နည်းပညာများကိုသုံးခြင်းအားဖြင့် အမည်မသိ ဖိုင်-အခြေပြု သို့မဟုတ် ဖိုင်-မပါ (မှတ်ဉာဏ်သာ ရှိသော) exploit များကို စုံစမ်းထောက်လှမ်းသည်။
PROCESS MONITORING
Bitdefender Process Inspector သည် အန္တရာယ်ရှိ အပြုအမူ၏ သင်္ကေတများအတွက် လုပ်ဆောင်နေသောဖြစ်စဉ်အပေါ် အဆက်မပြတ် စောင့်ကြပ်ကြည့်ရှုပြီး အပြုအမူအပေါ်အခြေပြုကာ အခြား ကာကွယ်မှုအလွှာများကို ရှောင်ရှားလေ့ရှိသည့် အဆင့်မြင့် တိုက်ခိုက်မှုူများအား တားဆီးပိတ်ပေးနိုင်သည်။
CONTENT CONTROL
ပုံမှန်အားဖြင့် အခြား ရောင်းချသူများနှင့် သီးခြားကမ်းလှမ်းချက်တစ်ခု၏ တစိတ်တဒေသအဖြစ် Content Control သည် MSP အတွက် Cloud Security တွင် ထပ်ဆင့် ငွေပေးစရာမလိုပဲ ပါဝင်ထားသည်။ ဖြစ်နိုင်ချေ အန္တရာယ်ရှိ ဝက်ဘ်ဆိုဒ်များထံ အသုံးပြုသူ၏ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့ သို့မဟုတ် ကန့်သတ်ပေး၊ သို့မဟုတ် တိုက်ခိုက်မှု မျက်နှာပြင် လျော့ချရန် နှင့် ထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ပေးရန် ကဏ္ဍများနှင့် အစီအစဉ်များကို အသုံးပြုပေးသည်။
DEVICE CONTROL
ပြိုင်ဖက် solution များတွင် ရယူနိုင်လေ့မရှိသည့် Device Control သည် အုပ်ချုပ်သူများအား USBများ ကဲ့သို့သော တွဲလျက်စက်ပစ္စည်းများအချို့ထံ ဝင်ရောက်ရယူခွင့်အပေါ် တားဆီးပိတ်ပင် သို့မဟုတ် ကန့်သတ်ရန် ခွင့်ပြုပေးကာ ဤစက်ပစ္စည်းများအားဖြင့် ပါလာနိုင်သည့် malware ၏ အန္တရာယ်များကို လျော့ချပေးသည်။
ပေါင်းစပ်စုစည်းခြင်း နှင့် နည်းပညာ လုပ်ဆောင်ဖက်များ
အခြား လုံခြုံရေး ရောင်းချသူများထက် ပိုမိုစုစည်းထားသော solution များနှင့်အတူ Bitdefender သည် MSP အသိုင်းအဝိုင်းအပေါ် နားလည်သည်ထက် ပိုမိုလုပ်ဆောင်သည်။ ကျွန်ုပ်တို့လည်း ၎င်း၏ တစိတ်တပိုင်း ဖြစ်ကြသည်။ ကျွန်ုပ်တို့ သင် နေ့စဉ်အသုံးပြုနေသည့် tool များနှင့် အလုပ်လုပ်ကြသည်။


“အကောင်းဆုံး ကာကွယ်မှု။ ကောင်းမွန်သော MSP ပရိုဂရမ်။
Bitdefender က တချိန်တည်းမှာပဲ ပိုကောင်းတဲ့ အကျိုးအမြတ်စွန်းတစ်ခုကို ပေးနေချိန် ကျွန်တော့် ဝန်ထမ်းတွေကို လိုင်စင်အခွင့်ပေးခြင်း နဲ့ troubleshoot လုပ်ခြင်းတို့အပေါ် အချိန်ကုန်တာ လျော့နည်းစေဖို့ ခွင့်ပြုပေးတယ်။”
Jerry Hartman, ပိုင်ရှင်, Sooner Technology
MSP လုပ်ဆောင်ဖက် ပရိုဂရမ်
အရောင်းပိုင်း နှင့် နည်းပညာဆိုင်ရာ တတ်စွမ်းနိုင်မှု
- အရောင်းပိုင်း နှင့် နည်းပညာဆိုင်ရာ တတ်စွမ်းနိုင်မှု
- အရောင်းပိုင်း သင်ကြားပို့ချခြင်း
- နည်းပညာဆိုင်ရာ သင်ကြားပို့ချခြင်း
- သရုပ်ပြမှုများ လုပ်ဆောင်ရန် ရိုးရှင်းမှု
- အထူး MSP webinar များ
- အထူး Channel အကောင့် Mgr
အရောင်းမြှင့်တင်ရေး ပစ္စည်းများ
- အပြိုင်အဆိုင် Battlecard များ
- အချက်အလက်မှတ်တမ်းစာရွက်များ နှင့် ထုတ်ကုန် ကတိဝန်ခံချက်များ
- အစီရင်ခံစာများ
ဆောင်ရွက်မှုပိုင်းဆိုင်ရာ အကျိုးရလဒ်များ
- #၁ အဆင့်ရှိ လုံခြုံရေး
- အဆင့် ၂ ပံ့ပိုးမှု
- အင်အားဖြည့် လစဉ် လိုင်စင်အခွင့်ပေးခြင်း
- စုပေါင်း tier-အခြေပြု ဈေးနှုန်းသတ်မှတ်ခြင်း
- ဦးဆောင်မှုပြုနေသော cloud နှင့် virtualization လုံခြုံရေးအား ရယူခွင့်