Gravityzone Enterprise Security

Physical, Virtual နှင့် Cloud ပတ်ဝန်းကျင်များအတွက် အလွှာလိုက်ဖြစ်သော မျိုးဆက်သစ် လုံခြုံမှု

သင်၏ ရုံး၊ Datacenter နှင့် Cloud တို့အတွက် တစ်ခုတည်းသော endpoint လုံခြုံရေး Solution

 

Bitdefender's Enterprise Security သည် သီးခြား စစ်ဆေးမှုများတွင် တသမတ်တည်း ပထမအဆင့် ချိတ်သည့် အလွှာလိုက်ဖြစ်သော မျိုးဆက်သစ် လုံခြုံမှု ကို ပေးသည်။ ၎င်းသည် endpoint အားလုံးအတွက် စိတ်ချရသောပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရာတွင် ကုန်ကျစရိတ်ကိုလျှော့ချပေးရန် တစ်ခုတည်းသော ထိန်းချုပ်မှု platform ကို ထောက်ပံ့ပေးသည်။

Enterprise Security သည် အဖွဲ့အစည်များအား Datacenter, Physical Endpoint များ , မိုဘိုင်းစက်များ နှင့် Exchange မေးလ်ဘောက်စ်များအတွက် မည်သည့်လုံခြုံရေးဝန်ဆောင်မှုများကို ဖြန့်ကျက်ရန်ရွေးချယ်ရာတွင် သင့်တင့်လျောက်ပတ်ခြင်းနှင့်အတူ ကောင်းမွန်သော လုံခြုံမှုကို တတ်စွမ်းစေနိုင်သည်။ ဝန်ဆောင်မှုအားလုံးအား စွမ်းအားမြင့် on-premise GravityZone ထိန်းချုပ်စင်တာ console မှ ချောမွေ့စွာထိန်းချုပ်ပေးသည်။

အဆင်ပြေသော Enterprise Security Solution

 စွမ်းအားမြင့် on-premise GravityZone ထိန်းချုပ်စင်တာ console တစ်ခုတည်းမှနေ၍ မည်သည့် endpoint သို့မဟုတ် မေးလ်ဘောက်စ် အရေအတွက်မဆို သင် ဖြန့်ကျက်ချင်သော လုံခြုံရေး ဝန်ဆောင်မှုများကို ရွေချယ်ပြီး ကာကွယ်မှုကို ထိန်းချုပ်လိုက်ပါ။

ရုံးများ နှင့် Datacenter များအတွက် အကောင်းဆုံး လုပ်ဆောင်မှု

Bitdefender သည် အနည်းဆုံး အရင်းအနှီးသုံးစွဲမှု၊ ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံ၊ စုစည်းမှုအချိုးအစားများ နှင့်အတူ ရုံးများ နှင့် datacenter များအတွက် ဦးဆောင် မျိုးဆက်သစ် ကာကွယ်မှုကို ပေးသည်။

ရိုးရှင်းသော လုံခြုံရေး အုပ်ချုပ်မှုစနစ်

ထိရောက်သော စက်တစ်ခုအနေဖြင့် GravityZone ထိန်းချုပ်စင်တာသည် စတင်လုပ်ဆောင်ရန် မြန်ဆန်ပြီး၊ built in ဖြစ်ပြီးသား လုပ်ဆောင်မှုပွားခြင်း နှင့် ရရှိနိုင်မှုမြင့်မားသော မည်သည့် endpoint အရေအတွက်ကိုမဆို ကာကွယ်ရာတွင် အလွယ်တကူ သတ်မှတ်နိုင်သည်။

သွင်ပြင်လက္ခဏာများ နှင့် အကျိုးရလဒ်များ

GravityZone Security for Endpoints

Ransomware, Phishing data အပါအဝင် အရှုပ်ထွေးဆုံးသော ဆိုက်ဘာခြိမ်းခြောက်မှုများကို အံတုကာ လုပ်ငန်းခွင်အတွင်း ကွန်ပျူတာများ သို့မဟုတ် laptop များကို ကာကွယ်ရန် သီးခြား စစ်ဆေးမှုများတွင် တသမတ်တည်း ပထမအဆင့် ရှိသည့် လုံခြုံရေးကို ဖြန့်ကျက်ပေးသည်။

GravityZone Security for Virtualized Environments

Datacenter များအား Virtualized နှင့် Hyper-converged ဖွဲ့စည်းတည်ဆောက်ပုံများအတွက် အောက်ခြေမှစ၍ တည်ဆောက်ထားသော စိတ်ချရသည့် လုံခြုံရေး Solution တစ်ခုဖြင့် အကာအကွယ်ပေးထားသည်။ Security for Virtualized Environmentsသည် အကောင်းဆုံးလုပ်ဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်မှု စုစည်းအချိုးအစား နှင့် အက်ပလီကေးရှင်း တုံပြန်ကြာချိန်များအပေါ် သေချာစိတ်ချစေသည်။

GravityZone Security for Mobiles

အိုင်တီ ရောနှောယှက်နွယ်မှု နှင့် အားထုတ်မှုအား လျော့နည်းအောင်လုပ်စဉ် အဖွဲ့အစည်းများ လိုက်နာမှုကို စောင့်ထိန်းရန် ကူညီသည့် မိုဘိုင်းလုံခြုံရေးအပေါ် ဘက်စုံချဉ်းကပ်မှုတစ်ခုကို အသုံးပြုထားသည်။ GravityZone ထိန်းချုပ်စင်တာ တွင် တင်းကြပ်စွာပေါင်းစည်းထားသောကြောင့် ၎င်းမှာ ထိန်းချုပ်သူများ၏ လုပ်ငန်းတာဝန်ကို ပိုစေသော “နောက်ထပ် Solution” မဟုတ်ပေ။

GravityZone Security for Exchange

ဦးဆောင်နေသော antispam နှင့် antimalware နည်းပညာများ နှင့်အတူ မိုက်ခရိုဆော့ဖ် Exchange မေးလ်ဆာဗာများကို ကာကွယ်ပေးသည်။ စိတ်ချရသော အီးမေးလ် လုံခြုံရေးသည် စတင်ရန် နှင့် ဖြန့်ကျက်ရာတွင် မြန်ဆန်ပြီး တူညီသော GravityZone ထိန်းချုပ် စင်တာ Console မှ ထိန်းချုပ်ထားသည်။

GravityZone's Integrated Patch Management Add-on

Unpatched စနစ်များသည် အဖွဲ့အစည်းများအား malware တိုက်ခိုက်မှုများ၊ ရုတ်တရက်ဖြစ်ပွားမှုများနှင့် အချက်အလက်ချိုးဖောက်မှုများ ဖြစ်နိုင်ချေကို များစေသည်။ သင့် OS နှင့် အက်ပလီကေးရှင်းများအား Windows အခြေပြုသွင်းထားသော ကွန်ပျူတာများ၊ physical ဆာဗာများ နှင့် virtual ဆာဗာများ အလုံးစုံတလျှောက် GravityZone Patch အုပ်ချုပ်မှု နှင့်အတူ update ဖြစ်နေစေသည်။

GravityZone's Integrated Full Disk Encryption Add-on

Windows ၏ Bitlocker နှင့် Mac ၏ FileVault မှ ထောက်ပံ့ထားသော စာလုံးဝှက်ခြင်း mechanism များ နှင့် ပူးပေါင်းခြင်းဖြင့် endpoint ၏ hard drive တစ်ခုလုံးအတွက် အချက်အလက်ကို ကာကွယ်ပေးသည်။ ၎င်းသည် မူရင်း စက် စာလုံးဝှက်ခြင်းကို အခွင့်ကောင်းယူပြီး ပြီးပြည့်စုံသော လိုက်ဖက်မှု နှင့် အမြင့်ဆုံးလုပ်ဆောင်မှု ကို သေချာစေသည်။

HyperDetect™ မှ Pre execution အဆင့်တွင် တိုက်ခိုက်မှုများကို တားဆီးပိတ်ပေးသည်

GravityZone Elite သည် pre-execution တွင် အထူးပြု local machine model များ နှင့် behavior analysis နည်းလမ်းများ ကိုသုံးသော မျိုးဆက်သစ်အလွှာတစ်ခုဖြစ်သည့် HyperDetect ဖြင့်တွဲပါသည်။ behavior analysis နည်းလမ်းများသည် hacking tools, exploits နှင့် malware ရှုပ်ထွေးမှု နည်းများအား ရှာဖွေရန် လေ့ကျင့်ပေးသည်။ ၎င်းသည် ရိုးရာ endpoint နှင့် “မျိုးဆက်သစ် AV” ဆိုသူတို့ ခုခံကာကွယ်မှုမလုပ်နိုင်သည့် တိုက်ခိုက်မှုများကို ထိရောက်စွာ တားဆီးပိတ်ပေးသည်။

 

  • Eအဖျက်ဆော့ဖ်ဝဲများ
  • PowerShell နှင့် အခြား script based တိုက်ခိုက်မှုများ
  • လိမ်ညာလှည့်ဖျားခြင်း
  • File-less တိုက်ခိုက်မှုများ
  • Ransomware
  • အမည်မသိ malware

မူရင်းကိုးကားချက်များ

GRAVITYZONE ENTERPRISE SECURITY အချက်အလက်မှတ်တမ်းစာရွက်

 

GravityZone အား physical endpoint များ၊ မိုဘိုင်းစက်များ၊ private နှင့် public cloud ရှိ virtual စက်များ နှင့် Exchange အီးမေးလ် ဆာဗာများကို Enterprise Security ဝန်ဆောင်မှုများ ပေးရန် virtualization နှင့် cloud တို့အတွက် အခြေခံမှစ၍ တည်ဆောက်ထားသည်။

GRAVITYZONE SECURITY FOR VIRTUALIZED ENVIRONMENTS

Virtualization ကာကွယ်မှုမှ သင့် ဖွဲ့စည်းတည်ဆောက်ပုံကို မနှစ်မြှုပ်ပါစေနှင့်။ လုံခြုံရေး နှင့် လုပ်ဆောင်မှုတို့မှာ cloud နှင့် virtualized Datacenter များတွင် အတူတည်ရှိနိုင်ကြသည်။ GravityZone သည် တိုင်းတာနိုင်သော ဖွဲ့စည်းတည်ဆောက်မှု ၏ အကျိုးရလဒ်များကို မမှေးမှိန်စေဘဲ လုပ်ငန်းများအား အိုင်တီအန္တရာယ်ရှိမှုများအပေါ် ထိန်းချုပ်ရာတွင် ကူညီသည့် နိမ့်ချသော လုံခြုံရေးဝန်ဆောင်မှု တစ်ခုကို ပေးသည်။

GRAVITYZONE FOR ENDPOINTS သတင်းအချက်အလက်မှတ်တမ်းစာရွက်

Bitdefender ၏ Endpoint များအတွက် GravityZone လုံခြုံရေးသည် သင့်တော်ပြီး အလွှာလိုက်ဖြစ်သော ချဉ်းကပ်မှုတစ်ခုကို သုံး၍ အဆင့်မြင့်ပြီး ရှုပ်ထွေးသောခြိမ်းခြောက်မှုများအား တိုက်ခိုက်နိုင်သည်။ မူပိုင်ဖြစ်သော machine learning နည်းပညာများသည် behavior ကိုစောင့်ကြပ်ကြည့်ရှုနိုင်စွမ်း နှင့် တိုက်ခိုက်မှုနည်းစနစ်များကို စုံစမ်းထောက်လှမ်းနိုင်စွမ်း တို့နှင့် ပေါင်းစပ်ပြီး GravityZone အား ခြိမ်းခြောက်မှုများကို စုံစမ်းထောက်လှမ်း၊ ကာကွယ်၊ တားမြစ်ပိတ်ဆို့စေသည်။ ၎င်းသည် အန္တရာယ်ရှိသော ပြောင်းလဲမှုများမှ ပြန်သွားခြင်းအပါအဝင် လုပ်ငန်းများအား ပုံမှန် လည်ပတ်နေစေရန် ဆောင်ရွက်မှုများကို အလိုအလျောက် လုပ်ယူသည်။

“GravityZone က ၎င်းကိုယ်တိုင် အလုပ်လုပ်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အားထုတ်မှုတွေကို ကျောင်းတွေ ပိုမိုထိရောက်မှုရှိလာဖို့ စီစဉ်ရာမှာ နဲ့ ကူညီရာမှာပဲ လွတ်လွတ်လပ်လပ်ရွှေ့လိုက်တော့တယ်။”

ROLLAND KORNBLAU, သတင်းအချက်အလက်နှင့်နည်းပညာ ညွှန်ကြားရေးမှူး , EL RANCHO UNIFIED SCHOOL DISTRICT

သတ်မှတ်ချက်များ နှင့် မေးလေ့မေးထရှိသော အမေးအဖြေများ

သတ်မှတ်ချက်များ / စနစ် လိုအပ်ချက်များ

REQUIREMENTS

SECURITY FOR VIRTUALIZED ENVIRONMENTS - အကာအကွယ်ရသော စနစ်များ နှင့် PLATFORM များ

Guest OS: Windows, Oracle Solaris, Linux, Virtualization Platforms: 
Virtualization Platforms: Vmware, Citrix, Hyper-V, Linux Red Hat, Oracle VM

Security for Endpoints - အကာအကွယ်ရသော စနစ်များ နှင့် PLATFORM များ

Server OS: Windows, Linux 
Workstation OS: Windows, Mac, Linux 
Tablet and embedded OS: Windows Embedded, Windows XP Tablet PC 

SECURITY FOR EXCHANGE - အကာအကွယ်ရသော စနစ်များ နှင့် PLATFORM များ

မေးလ် ဆာဗာများ – 
Exchange 2007, 2010, 2013 
Physical and virtual ဆာဗာများ 
Roles: Edge, Hub and Mailbox 
Protocols: SMTP, MAPI, Exchange ActiveSync

SECURITY FOR MOBILE - အကာအကွယ်ရသော စနစ်များ နှင့် PLATFORM များ

Apple iPhones and iPad tablets 
Google Android smartphones and tablets

SECURITY FOR VIRTUALIZED ENVIRONMENTS - လိုင်စင်ခွင့်ပြုချက်ပေးခြင်း

စုစည်းထားသော datacenter များအတွက် –
Per # of physical CPUs;
Virtual စက် တစ်လုံးချင်းစီအတွက် –
Per # of Virtual Desktops (VDI);
Per # of Virtual Servers (VS);

Security for Endpoints - လိုင်စင်ခွင့်ပြုချက်ပေးခြင်း

Per # of Physical Workstations (PW);
Per # of Physical Servers (PS);

SECURITY FOR EXCHANGE - လိုင်စင်ခွင့်ပြုချက်ပေးခြင်း

Per # of mailboxes

SECURITY FOR MOBILE - လိုင်စင်ခွင့်ပြုချက်ပေးခြင်း

Per # of devices

မေးလေ့မေးထရှိသော အမေးအဖြေများ

BITDEFENDER GRAVITYZONE ဆိုတာ ဘာလဲ ?

Bitdefender GravityZone သည် လုပ်ငန်းငယ်များ မှ အလွန်ကြီးသော အဖွဲ့အစည်းများအတွက် Bitdefender လုပ်ငန်း လုံခြုံရေး solution အသစ် ဖြစ်သည်။ ၎င်းအား virtualized infrastructures အပေါ်အပြည့်အဝအခွင့်အရေးယူထားသော အသစ်စက်စက် (သို့သော်) လက်ခံထားပြီးသော သီးသန့် cloud computing architecture ဖြင့် အခြေပြုကာ ပြန်လည်ဖန်တီးထားသည်။ GravityZone သည် Bitdefender ၏ နာမည်ရ antimalware နည်းပညာများနှင့် ပေါင်းစပ်ကာ physical, virtualized နှင့် မိုဘိုင်း endpoint များအတွက် ဘုံ လုံခြုံရေး ထိန်းချုပ်မှုကို ပေးသည်။

GravityZone သည် ဘက်စုံချဉ်းကပ်နည်းတစ်ခုကို သုံးသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ solution တစ်ခုဖြစ်သည်။ antivirus သာမဟုတ်ပဲ လုပ်ငန်းအဆင့် solution တစ်ခုဖြစ်ပြီး စနစ်များ၏စွမ်းဆောင်မှု နှင့် အသုံးပြုသူများ၏ထုတ်လုပ်နိုင်စွမ်းတို့ကို ထိန်းသိမ်းပေးကာ အဖွဲ့အစည်းများအား ၎င်းတို့၏ virtualization ပရောဂျက် ဦးတည်ချက်များ ရရှိရန်နှင့် data ကိုလုံခြုံစေရန် ကူညီပေးသည်။

Built-in လုပ်ဆောင်မှုပွားခြင်း နှင့် ဝန်တာ-ထိန်းညှိသော mechanism တစ်ခု နှင့်အတူ ၎င်းသည် ရာပေါင်းထောင်ပေါင်းများစွာသော endpoint များကိုကာကွယ်ရန် တောင်းဆိုမှုအပေါ်ရောင်းအားမြှင့်နိုင်သည်။ ထို့အပြင် administrator များအား အဖွဲ့အစည်း၏လုံခြုံရေးအနေအထားများ၊ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများ နှင့် အဖွဲ့အစည်းအတွင်း များစွာသောရာထူးများအတွက် ဒက်ရှ်ဘုတ်များအတွင်းသို့ ဖန်သားမြင်ကွင်းတစ်ခုဖြင့် မြင်နိုင်ခွင့်ပေးသည်။

BITDEFENDER GRAVITYZONE အသစ် ဆိုတာ ဘာလဲ?

Platform architecture မှစ၍ လုံခြုံရေးဝန်ဆောင်မှုများအထိ GravityZone သည် အသစ်သော အိုင်တီနယ်ပယ်အတွက် ဖန်တီးထားသော တဖန်တီထွင်ထားသည့် မျိုးဆက်သစ် Enterprise Security solution တစ်ခုအနေဖြင့် ပေါ်ထွက်လာသည်။ solution သည် စွမ်းအားမြင့် virtualization အပေါ်သတိပြုသော လုံခြုံရေး နှင့်အတူ ရှေ့ပြေး ထောက်လှမ်းမှုနည်းပညာများ အပြင် အသစ်စက်စက် (သို့သော်) လက်ခံထားပြီးသော architecture များဖြင့် ပေါင်းစပ်ထားသည်။

ရှုပ်ထွေးသော လုပ်ငန်းနယ်ပယ်များတွင် သောင်းပြောင်းထွေလာနယ်ပယ်များကို ကျယ်ပြန့်သောစနစ်များ၊ အသုံးပြုပုံ ပြုနည်းများဖြင့် ထောက်ပံ့ပေးသော တိကျပြီး ပေါင်းစပ်စုစည်းထားသည့် လုံခြုံရေး solution များလိုအပ်သည်။ အောက်ပါအကြောင်းများကြောင့် data များပျံ့နှံ့ခြင်း၏ ခြိမ်းခြောက်မှုအသစ်များ နှင့် အန္တရာယ်များ အတွက် GravityZone အား စွမ်းအားမြင့် လုံခြုံရေးကို လုပ်ဆောင်ပေးနိုင်ရန် စီမံထားသည်။

  • EMalware ၏ ဆင့်ကဲ ပြောင်းလဲလာြခင်း နှင့် profession ဆန်လာြခင်း
  • အင်တာနက် ထိုးဖောက်မှု မြင့်မားလာြခင်း
  • Data များ ဆင့်ကဲ တိုးများလာခြင်း
  • အိုင်တီ သုံးစွဲခြင်း နှင့် စက်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ဆုံမိလာခြင်း
  • Cloud computing နှင့် virtualization နည်းပညာများ

 

ဤအရာအားလုံးက အိုင်တီနယ်ပယ်၊ သတင်းအချက်အလက်များ သယ်ပို့၊ အသုံးပြုပုံ ပြုနည်း နှင့် application များ နှင့် ဝန်ဆောင်မှုများ မည်သို့လုပ်ဆောင်ပုံ ကို ပြောင်းလဲစေသည်။

 GravityZone မှာ ၎င်းကိုယ်တိုင် virtualized အလွှာများပေါ် အလုပ်လုပ်သော သီးသန့် cloud solution တစ်ခုအနေဖြင့် အကောင်အထည်ဖော်ပြီး အဖွဲ့အစည်းများအား ၎င်းတို့၏ အိုင်တီပိုင်ဆိုင်မှုများကို လုံခြုံစေရန် လုပ်ဆောင်မှုပေးသောအရာအဖြစ်ရပ်တည်ကာ အုပ်ချုပ်ရေးဝန်တာများကို လျှော့ပေးခြင်း၊ TCO နိမ့်ပေးခြင်း နှင့် ရင်းနှီးငွေပြန်ရရှိခြင်းကို တိုးမြှင့်ပေးခြင်း ဖြင့် ကူညီပေးသည်။ solution သည် client-server architecture နှင့် ဆက်ဆိုင်သော database များကို အခြေခံသည့် သမိုင်းဝင် solution များ၏ ကန့်သတ်ချက် တိုင်းတာနိုင်မှုကို ဖယ်ရှားပေးသည်။

လုံခြုံရေး ဝန်ဆောင်မှုများနှင့်အတူ တိုးတက်မှုမှာလည်း ဆက်လက်ဖြစ်နေသည်။ GravityZone သည် virtualized ပတ်ဝန်းကျင်များ နှင့် မိုဘိုင်း စက်များ ထံသို့ လုံခြုံရေးဝန်ဆောင်မှုများကို ချဲ့ထွင် ပေါင်းစပ်လုပ်လာသည်။ ထို့ကြောင့် အသုံးပြုသူများမှ သတင်းအချက်အလက်များကို ကွန်ပျူတာ, laptop, tablet သို့မဟုတ် smartphone ဖြင့် ရယူသုံးစွဲရာတွင် တသမတ်တည်းသော အတွေ့အကြုံကို မျှော်လင့်လာကြသည့်အလျှောက် သတင်းအချက်အလက်လုံခြုံရေးမှာလည်း ၎င်းအား အနီး သို့မဟုတ် အဝေးထိန်းအားဖြင့်သော်လည်းကောင်း၊ workstation တစ်ခု သို့မဟုတ် မိုဘိုင်းစက်တစ်ခုမှ သော်လည်းကောင်း၊ ကုမ္ပဏီသည် ရိုးရာ သို့မဟုတ် virtualized infrastructure များသုံး၍သော်လည်းကောင်း ရယူနေမှုအပေါ် ထိန်းသိမ်းမှုပြုလိမ့်မည်။

GravityZone Enterprise လုံခြုံရေးသည် pre-execution တွင် အထူးပြု local machine model များ နှင့် behavior analysis နည်းလမ်းများ ကိုသုံးသော မျိုးဆက်သစ်အလွှာတစ်ခုဖြစ်သည့် HyperDetect ဖြင့်တွဲပါသည်။ behavior analysis နည်းလမ်းများသည် hacking tools, exploits နှင့် malware ရှုပ်ထွေးမှု နည်းများအား ရှာဖွေရန် လေ့ကျင့်ပေးသည်။

PHYSICAL, VIRTUALIZED နှင့် မိုဘိုင်း နယ်ပယ်များအတွက် ပေါင်းစည်းထားသောလုံခြုံရေး က ဘာကိုဆိုလိုတာလဲ?

GravityZone သည် ဒီဇိုင်းအားဖြင့် ပေါင်းစည်းထားပြီး တစ်ခုတည်းသော solution တွင် လုံခြုံရေးလိုအပ်ချက်များအားလုံး ပါဝင်အောင် ရည်ရွယ်ထားသည်။ လက်ရှိအနေအထားတွင် ၎င်းသည် အဓိက လုံခြုံရေးဝန်ဆောင်မှုများကို ပေါင်းစည်းပြီး physical, virtualized နှင့် မိုဘိုင်း endpoint များအတွက် တခုတည်းသော ထိန်းချုပ်မှုနေရာတစ်ခုကို ပေးထားသည်။ ရှေ့ဆက်တိုးမြှင့်လုပ်ဆောင်မှုတွင် GravityZone အတွင်းသို့ အီးမေးလ် နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် လုံခြုံရေးအစရှိသည့် အသစ်သောလုံခြုံရေးဝန်ဆောင်မှုများ အပြင် အခြား platform များအတွက်အထောက်အပံ့နှင့် ဝန်ဆောင်မှုများအတွက် တိုးမြှင့်မှုများကို ထပ်မံထည့်သွင်းလိမ့်မည်။

မတူညီသော third-party နည်းပညာများအား တင်သွင်းကာ ၎င်းတို့အားအတူတကွပေါင်းလိုက်ပြီး Module များကို ဟောင်းနေပြီဖြစ်သော architecture တစ်ခုအပေါ်တင်သုံးသည့် အခြားသော solution များနှင့်မတူဘဲ Bitdefender GravityZone မှာ physical, virtualized နှင့် မိုဘိုင်းနယ်ပယ်တလျှောက် စုစည်းထားသော လုံခြုံရေး ထိန်းချုပ်မှု platform တစ်ခုအနေနှင့် အခြေခံမှစ၍ စီမံဖန်တီးထားသည်။ ၎င်း၏ modular ဒီဇိုင်းမှာ လျောက်ပတ်ပြီးတိကျသော လုံခြုံရေးဝန်ဆောင်မှုများ နှင့် ရာထူးအခြေခံအုပ်ချုပ်ရေးကို ခွင့်ပြုပေးထားသည်။ solution မှာ အောက်ပါ စုစည်းထားသော အပိုင်းများနှင့် ပေါင်းစပ်ထားသည် –

  • GravityZone Control Center – အဖွဲ့အစည်းအတွင်း လုံခြုံရေးအုပ်ချုပ်မှု၏ တစ်ခုတည်းသောအမှတ်နေရာကိုပေးသည့် အုပ်ချုပ်မှု platform ဖြစ်သည်။
  • Security for Endpoints – Windows workstation များနှင့် server များကို ကာကွယ်ပေးသည်။
  • Security for Virtualized Environments – VMware, Citrix, Microsoft သို့မဟုတ် အခြားမည်သည့် virtualization platform ပေါ်တွင် run သော virtualized Windows နှင့် Linux ဧည့်သည်စနစ်များကို ကာကွယ်ပေးသည်။
  • မိုဘိုင်းစက်ပစ္စည်းများအတွက် လုံခြုံရေး – လွယ်ကူသော ပို့ဆောင်မှု နှင့် ထိရောက်သော ထိန်းချုပ်မှုအတွက် မိုဘိုင်းစက်ပစ္စည်းလုံခြုံရေး ထိန်းချုပ်မှု နှင့်အတူ စိတ်ချသော BYOD ယူသုံးမှုကို တတ်နိုင်စေသည်။
GRAVITYZONE SVE ဝန်ဆောင်မှုက မဖြစ်မနေလား ? ဒါမှမဟုတ် တခြား လုံခြုံရေးဝန်ဆောင်မှုတွေကိုရော ရွေးလို့ရလား ?

GravityZone သည် ၁၀၀% modularized ဖြစ်သောကြောင့် သင့်အနေနှင့် တစ်ခုချင်းစီတွင် လိုအပ်သည့် ယူနစ်ပမာဏနှင့်အတူ သင် လိုင်စင်တင်ချင်သော ဝန်ဆောင်မှုများကို ရွေးချယ်နိုင်သည်။

GravityZone မှာ virtual ပစ္စည်းတစ်ခုအနေနှင့် ရှိနေသော်လည်း ၎င်း၏စေလွှတ်မှုတွင် Security for Virtualized Environments (SVE) အား activate လုပ်ရန်မလိုအပ်ပါ။ သို့သော် အကယ်၍ သင်သည် virtualization ပရောဂျက်များကို စေလွှတ်ရန် ရည်ရွယ်ပြီး သို့မဟုတ် လုပ်ဆောင်ပြီးဖြစ်လျှင် ကျွန်ုပ်တို့အနေနှင့် သင့်အား SVE ကိုအကောင်အထည်ဖော်ဖို့ အကြံပြုရပါမည်။

GravityZone နှင့်အတူ သင့်အနေဖြင့် ထိရောက်သော လုံခြုံရေး နှင့် တိုးမြှင့်သော အုပ်ချုပ်မှုဆောင်ရွက်နိုင်စွမ်းကို လားရာ နှစ်ဖက်မှ အကျိုးရမည်ဖြစ်သည်။ တစ်ဖက်မှနေ၍ GravityZone virtual ပစ္စည်း၏ ရိုးရှင်းသော turn-key စေလွှတ်မှု၊ built-in လုပ်ဆောင်မှုပွားခြင်း နှင့် mechanism တိုင်းတာနိုင်မှု တို့နှင့်အတူ ဘုံအုပ်ချုပ်မှု နှင့် architecture အကျိုးကျေးဇူးများကြောင့် အုပ်ချုပ်မှုဝန်တာကို လျော့နည်းစေသည်။ အခြားတဖက်၌ SVE ၏ မြင့်မားသော virtualization လုံခြုံရေးဝန်ဆောင်မှုများမှာ virtualization ပရောဂျက်များနှင့်သက်ဆိုင်သော သင်၏လုပ်ငန်းဦးတည်ချက်များကို ရယူရန် နှင့် သင့်ရင်းနှီးမြှုပ်နှံမှုများ၏ အလားအလာရှိမှုများကို သိမြင်စေရန် ကူညီလိမ့်မည်။

GRAVITYZONE က ရောထားတဲ့ VIRTUALIZED ပတ်ဝန်းကျင်တစ်ခုကို အထောက်အပံ့ပေးလား ?

ဥပမာ VMware ESXi နှင့် Microsoft Hyper-V အပေါ် VMs အား တပြိုင်နက် လုပ်ဆောင်ဖို့အတွက် လုံခြုံမှုပေးရန် လိုအပ်ချက်တစ်ခုရှိသည်။

ဟုတ်ပါသည်။ GravityZone ၏ Security for Virtualized Environments ဝန်ဆောင်မှု ဖြင့် သင်သည် အုပ်ချုပ်မှုစနစ်တစ်ခုတည်းမှနေ၍ virtualization အနေအထားမျိုးစုံကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ GravityZone Control Center သည် VMware vCenter နှင့် Citrix XenCenter တို့နှင့်အတူ ပေါင်းစည်းထားကာ Microsoft Hyper-V, KVM, RedHat Enterprise Virtualization သို့မဟုတ် Oracle Virtualization ကဲ့သို့သော အခြား virtualization platform များစွာကိုလည်း အထောက်အပံ့ပေးသည်။

အကယ်၍ သင် GravityZone Enterprise Security ကိုသုံးစွဲကြည့်ချင်လျှင် ဤနေရာ၌ အလျင်အမြန်အစပြုလိုက်ပါ –