Bitdefender Network Traffic Security Analytics
အချိန်နှင့်တပြေးညီ ချိုးဖောက်မှု စုံစမ်းစစ်ဆေးခြင်း
လွတ်လပ်သော တုံ့ပြန်မှု ၊ ပြည့်စုံသော မြင်သာနိုင်စွမ်းမှု
Cloud threat intelligence, Machine Learning နှင့် behavior ခွဲခြမ်းစိတ်ဖြာမှုကို network traffic တွင်သုံး၍ အဆင့်မြင့်တိုက်ခိုက်မှုများကို စောစီးစွာ စုံစမ်းထောက်လှမ်းရန် နှင့် ထိရောက်သော ခြိမ်းခြောက်မှု တုံ့ပြန်ခြင်းကို တတ်နိုင်စေရန်
Bitdefender Network Traffic Security Analytics (NTSA) သည် အဆင့်မြင့် တိုက်ခိုက်မှုများကို အချိန်နှင့်တပြေးညီ စုံစမ်းထောက်လှမ်းပြီး ခြိမ်းခြောက်မှုအချက်အလက်ကို ပေးကာ လွတ်လွတ်လပ်လပ်အခြေအနေတုံ့ပြန်မှုကို တွန်းအားပေးသည်။ NTSA သည် ကမ္ဘာတဝှမ်း sensor ပေါင်း ၅၀၀ မီလီယံဖြင့်ဖွဲ့စည်းထားသော Bitdefender cloud threat intelligence ထံမှ သိရှိချက်များနှင့်အတူ machine learning နှင့် behavior ခွဲခြမ်းစိတ်ဖြာမှု တို့ပါသော ပေါင်းစပ်မှုတစ်ခုကို သုံးထားသည်။ ၎င်းသည် ထိန်းချုပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဖွဲ့အစည်းအားလုံးအတွက်နှင့် စကားဝှက်ထားသည်ဖြစ်စေ၊ မဝှက်ထားသည်ဖြစ်စေ network traffic အတွက် ခြိမ်းခြောက်မှုများကို စုံစမ်းထောက်လှမ်းရန် ဖြစ်သည်။

NTSA သည် ပြောင်းရလွယ်သော စေလွှတ်မှု ရွေးချယ်မှုများ ဖြင့် သုံးရလွယ်သော out-of-band solution တစ်ခုဖြစ်ပြီး traffic meta-data ကိုအလေးထားကာ ရှုပ်ထွေးမှုအများဆုံး malware နှင့် Advanced Persistent Threats (APTs) ကို စိတ်ချရမှုနှင့်အတူ တိတိကျကျ စုံစမ်းထောက်လှမ်းရန် ခွဲခြမ်းစိတ်ဖြာခြင်းကို အချိန်ကာလကြာမြင့်စွာ လုပ်ဆောင်နိုင်သည်။ Bitdefender GravityZone နှင့် တွဲ၍ လုံခြုံရေးအဖြစ်အပျက်များကို လျင်မြန်စွာ ကုသဖြေရှင်းပေးရန် လွတ်လပ်သော တုံ့ပြန်မှုကိုလည်း တတ်နိုင်စေသည်။

မည်သည့် network စက်ကိုမဆို အချိန်နှင့်တပြေးညီ ခြိမ်းခြောက်မှု စုံစမ်းထောက်လှမ်းခြင်း
Network ပေါ်တွင်ရှိသော မည်သည့်စက်ကိုမဆို ခြိမ်းခြောက်မှုနှင့်ဆက်ဆိုင်သော network လုပ်ဆောင်မှုကို လုံးဝပေးသည်။

လွတ်လပ်သော အနေအထားတုံ့ပြန်မှု နှင့်အတူ အချိန်ကို ချွေတာနိုင်သည်
တုံ့ပြန်မှုကြာချိန်အား လျော့ချရန် GravityZone နှင့်ပေါင်းစပ်၍ ခြိမ်းခြောက်မှုတုံ့ပြန်ခြင်းအား အလိုအလျောက်ဖြစ်စေသည်။

၃၆၀ ဒီဂရီ မြင်နိုင်စွမ်း နှင့် ဆိုက်ဘာခြိမ်းခြောက်မှုများအပေါ် ထိုးဖောက်မြင်နိုင်စွမ်းများ
မြန်ဆန်သောအခြေအနေစုံစမ်းစစ်ဆေးမှု နှင့် တုံ့ပြန်မှုအတွက် အကြံပြုထားသည့်လုပ်ဆောင်ချက် နှင့်အတူ အသေးစိတ်သော လုံခြုံရေး အခြေအနေ ရှင်းပြချက်ကို ပေးထားသည်။
သွင်ပြင်လက္ခဏာများ နှင့် အကျိုးရလဒ်များ
အဆင့်မြင့် ခြိမ်းခြောက်မှု စုံစမ်းထောက်လှမ်းခြင်း
စကားဝှက်ထားမှု အပါအဝင် network traffic အားလုံး၏ Live ခွဲခြမ်းစိတ်ဖြာမှု
Sensor ပေါင်း ၅၀၀ မီလီယံ ထံမှ AI/ML နှင့် ထိုးထွင်းမြင်သိမှုများ သုံးထားသော စိတ်ချရမှုမြင့်မားသည့် သတိပေးချက်များ
အလုံးစုံသော မြင်သာမှု နှင့် အခြေအနေ
တိုက်ခိုက်သူ၏ တိုက်ပုံတိုက်နည်းများ နှင့် လမ်းစဉ်များ Tactics Techniques & Procedures (TTP) အသေးစိတ်
သတိပေးချက်များနှင့်အခြေအနေများ စုံစမ်းစစ်ဆေးမှုများကို အလိုအလျောက် triage စနစ်နှင့်အတူ အမြန်ပြီးမြောက်စေခြင်း
လွတ်လပ်သောတုံ့ပြန်မှု
GravityZone တွင် NTSA အဆင့် ၁ အသိပေးချက်များအတွက် တုံ့ပြန်မှုကို အလိုအလျောက် နှိုးဆော်ပေးသည်။
GravityZone သည် ထိခိုက်ခံထားရသော endpoint များကို scan ဖတ်ပေးပြီး ခြိမ်းခြောက်မှုကို ဖယ်ပေးကာ endpoint (များ) ကို ခေတ္တထိန်းသိမ်းစောင့်ကြပ်ပေးသည်။

IOT နှင့် BYOD ကာကွယ်ခြင်း
ရုံးတွင်းသုံး နှင့် Cloud သို့မဟုတ် SaaS ပေါ်မှ အဖွဲ့အစည်းအားလုံးကို လေ့လာပြီး ခြေရာခံပေးသည်။ မထိုးဖောက်နိုင်ပါ။ ရှုပ်ထွေးသော log သို့မဟုတ် agent ရောယှက်မှုများ မလိုပါ။
ရုံးတွင်းသုံးများ နှင့် Cloud
သင့်လိုအပ်ချက်များနှင့် ကိုက်ညီရန် ရုံးတွင်းသုံး သို့မဟုတ် cloud ထိန်းချုပ်မှု ကိုရွေးချယ်ပါ။
လိုက်နာချက်
PCI, GLBA, NIST, GDPR, PDPA လမ်းညွှန်ချက်များ နှင့် အခြားသောအရာများ ကို လိုက်နာဆောင်ရွက်ခြင်း
Meta-data သုံးခြင်းဖြင့် privacy စိုးရိမ်မှုများကို ဖယ်ရှားပေးသည်။
အချိန်နှင့်တပြေးညီ ခြိမ်းခြောက်မှုများ မြင်သာနိုင်စွမ်း နှင့် ထိရောက်သော အခြေအနေစုံစမ်းစစ်ဆေးခြင်း
အဆင့်မြင့် တိုက်ခိုက်မှုတစ်ရပ်မှ လိမ်ညာမှုတစ်ခုကို စုံစမ်းထောက်လှမ်းရာတွင် ၆ လမျှ ပျမ်းမျှ အချိန်ယူရသည်ကို သင်သိပါလား။ ထိုအတောအတွင်း လုံခြုံရေးအဖွဲ့များမှာ စုံစမ်းထောက်လှမ်းမှုလိုအပ်သည့် လုံခြုံရေးသတိပေးချက်မှာနှင့် အလုပ်များနေရသည်။ Bitdefender NTSA မှ ပတ်ဝန်းကျင်အတွင်း အချိန်နှင့်တပြေးညီမြင်သာမှု နှင့် ထိရောက်သော အခြေအနေစုံစမ်းစစ်ဆေးနိုင်စွမ်းများ ပေးခြင်းဖြင့် အန္တရာယ်လျော့ချပေးပြီး ထိန်းချုပ်မှုကို ပြန်ရရန် ကူညီပေးနိုင်သည်။ ၎င်းသည် Bitdefender Threat Intelligence မှ ML နှင့် Behavioral Analytics ကိုအသုံးပြုကာ အဆင့်မြင့် လျှို့ဝှက်ခြိမ်းခြောက်မှုများကို စုံစမ်းထောက်လှမ်းရန် လုပ်ဆောင်ပေးသည်။ Bitdefender NTSA IntelliTriage သည် လုံခြုံရေးသတိပေးချက် triage စနစ်ကို အလိုအလျောက်ဖြစ်စေပြီး လုံခြုံရေး ခွဲခြမ်းစိတ်ဖြာသူများအတွက် ထိုအယောင်ပြခြိမ်းခြောက်မှုကို ထောင်ဖမ်းရာတွင် အချိန်ကုန်သက်သာစေသည်။

ပိုမိုလေ့လာချင်ပါသလား။ သွင်ပြင်လက္ခဏာများအားလုံးအပေါ် အသေးစိတ်အချက်အလက်များကို ရယူလိုက်ပါ။
Intellitriage
Alert fatigue ကို ရပ်စေပါ !
IntelliTriage သည် လုံခြုံရေး အခြေအနေများ၏ triage စနစ် လုပ်ဆောင်ပုံအဆင့်ဆင့်ကို အလိုအလျောက်ဖြစ်စေပြီး အခြေအနေစုံစမ်းစစ်ဆေးမှုအချိန်ကို တိုးမြှင့်ပေးကာ စိတ်ချရမှုနှုန်းမြင့်သော သတိပေးချက်များနှင့်အတူ အဖွဲ့အစည်းပိုင်းဆိုင်ရာ အန္တရာယ်ကို လျှော့ချပေးသည်။
၎င်းသည် တိကျမှုနှုန်းမြင့်ခြင်းနှင့်အတူ အဆင့်မြင့်တိုက်ခိုက်မှုများကို စုံစမ်းထောက်လှမ်းရန် ရှုပ်ထွေးသော မြင်ကွင်းအခြေပြု learning ကိုလုပ်ဆောင်နိုင်စေသည့်အပြင် အဖြစ်အပျက်တစ်ခုစီအတွက် ရှင်းလင်းသောပုံတစ်ခုကို ဖန်တီးပေးရန် ထောင်ပေါင်းများစွာသော လုံခြုံရေး သတိပေးချက်များနှင့် ဆက်စပ်ထားသည်။ IntelliTriage သည် ပိုမိုမြန်ဆန်သောအခြေအနေတုံ့ပြန်မှုကို လုပ်ဆောင်နိုင်ရန် အသေးစိတ် ရှင်းလင်းချက်များနှင့် ထောက်ခံမှုရှိသောကုထုံးလုပ်နည်းများကိုလည်း ပေးထားသည်။

လွတ်လပ်သော ခြိမ်းခြောက်မှု တုံ့ပြန်ချက်
GravityZone နှင့် ပေါင်းစပ်ထားခြင်းဖြင့် Bitdefender သည် အဆင့်မြင့်ခြိမ်းခြောက်မှုများကိုအံတုသော အဖွဲ့အစည်းဆိုင်ရာခံနိုင်စွမ်းကို တိုးမြှင့်ရာတွင် ကူညီပေးသည်ပြီး စုံစမ်းစစ်ဆေးချိန်ကို နည်းစေပြီး တုံ့ပြန်မှုကြာချိန်ကို လျော့ချပေးသည်။
Network traffic အတွင်း အရေးပေါ်ခြိမ်းခြောက်မှုများ၏ လမ်းကြောင်းများကို ထောက်လှမ်းမိသည်နှင့်တပြိုင်နက် NTSA သည် GravityZone ကို အလိုအလျောက် လှုံ့ဆော်ပေးကာ ထိခိုက်သွားသော endpoint များကို စုံစမ်းစစ်ဆေးပေးသည်။ scan ရလဒ်များပေါ်မူတည်၍ GravityZone မှာ အလိုအလျောက်ဖယ်ရှားခြင်းအမှုကိုသော်လည်းကောင်း၊ ထွက်ပေါ်လာနိုင်သည့်ခြိမ်းခြောက်မှုကို ထိထိရောက်ရောက်ထိန်းသိမ်းထားနိုင်ရန် endpoint (များ)ကို ခေတ္တထိန်းသိမ်းထားခြင်း တို့ကို လုပ်ဆောင်ပေးသည်။
အလုပ်လုပ်ပုံ

Bitdefender NTSA နည်းပညာ နှင့် logging လုပ်ဆောင်ချက် တို့၏ကျေးဇူးကြောင့် ကျွန်ုပ်တို့မှာ မည်သည့်နေရာတွင် မည်သည့်စက်ဖြင့် မည်သူက malware ကူးစက်ခံခဲ့ရကြောင်းကို အတိအကျ တွေ့မြင်နိုင်ခွင့်ရခဲ့သည်။ ၎င်းက ကျွန်ုပ်တို့ကို သံသယ မှ သေချာမှုကို ပြောင်းရန် အခွင့်ပေးသည်။
ကိုးကားချက်မူရင်းများ

NETWORK TRAFFIC SECURITY ANALYTICS အချက်အလက်မှတ်တမ်းစာရွက်
