အလိမ်အညာ ၁၀၁ : အွန်လိုင်း လှည့်ဖျားမှု နှင့် အထောက်အထားသူခိုး ရန်မှ ကာကွယ်ရန် သင်သိသင့်သည့် အရာအားလုံး

အလိမ်အညာ ၁၀၁ : အွန်လိုင်း လှည့်ဖျားမှု နှင့် အထောက်အထားသူခိုး ရန်မှ ကာကွယ်ရန် သင်သိသင့်သည့် အရာအားလုံး

အင်တာနက်အလိမ်အညာများမှာ နေရာတိုင်းဖြစ်နေပြီး ခံရသူများမှ နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးမှုများနှင့်အတူ တိုင်ချက်ဖွင့်ခြင်းများ ဖြစ်ပျက်လျက်ရှိသည်။ မည်သူမဆို အွန်လိုင်းအလိမ်အညာများထံ ကျရောက်နိုင်ရခြင်းမှာ နည်းပရိယာယ်များမှ အသက်အရွယ်အားလုံး၏ စိတ်ဝင်စားမှုများအပေါ် ချိန်ရွယ်ဦးတည်ထားလာသောကြောင့်ဖြစ်သည်။

အီးမေးလ်လှည့်စားမှု နှင့် အလိမ်အညာဝက်ဘ်ဆိုဒ်များမှာ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တွင် ခြိမ်းခြောက်မှုအသစ်တစ်ခု မဟုတ်သော်လည်း အလိမ်အညာသမားများမှ ဖြန့်ကျက်သော တိုက်ခိုက်မှုသယ်ဆောင်လာသည့်အရာများမှာ ပို၍ ကွဲပြား၊ ရှုပ်ထွေးလာနေသည်။

အများဆုံးဖြစ်လေ့ဖြစ်ထရှိသည့် အလိမ်အညာအချို့ကို အနီးကပ် လေ့လာကြည့်ရအောင် -

ကိုရိုနာဗိုင်းရပ်စ် နှင့်ဆက်စပ်သော အလိမ်အညာများ

လက်ရှိတွင် လုပ်ဆောင်နေသည့် နာမည်အကြီးဆုံး အလိမ်အညာများထဲမှ တချို့မှာ ကိုဗစ်-၁၉ နှင့် အထူးဆက်စပ်လျက်ရှိပြီး ကျန်းမာရေး နှင့် ငွေကြေးဆိုင်ရာ အကြပ်အတည်းအပေါ် အမြတ်ထုတ်လျက်ရှိသည်။ ကာကွယ်ဆေးထိုးခြင်း ကမ်ပိန်းများမှာ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ဖောင်ပုံစံ ဖြည့်ပေးခြင်း သို့မဟုတ် ကြိုတင်ငွေချေခြင်း သို့မဟုတ် ကျသင့်ငွေ ပေးခြင်းအားဖြင့် သင့်အတွက် ကာကွယ်ဆေးရရှိရန် လွယ်ကူ၊မြန်ဆန်သော နည်းလမ်းတစ်ခုအား အရောင်းမြှင့်ပေးသည့် သံသယဖြစ်ဖွယ် မက်ဆေ့ချ်များကို သတိပြုပါ။

ကိုရိုနာဗိုင်းရပ်စ်-ခေါင်းစဉ်တပ် အီးမေးလ်များတွင်လည်း ကူးစက်မှုများကို ကာကွယ် သို့မဟုတ် ကုသရာတွင် ကူညီရာရောက်သည့် အစားအစာ သို့မဟုတ် ဖြည့်စွက်အစာများအတွက် ကြေငြာများ၊ ကပ်ရောဂါ စဖြစ်စဉ်ကတည်းက ရှိလာသည့် ခေတ်ရေစီကြောင်းတစ်ခု တို့ပါဝင်ကောင်း ပါဝင်နိုင်သည်။ နည်းပညာလှည့်စားခြင်းမှ အလိမ်အညာသမားများအား အစိုးရအေဂျင်စီများအဖြစ် အယောင်ဆောင်ရန် နှင့် အစိုးရထုတ် လှုံ့ဆော်ငွေပေးချေမှုများကို အလွယ်တကူ လှည့်စားရန် အခွင့်ပေးလျက်ရှိသည်။ ဖိအားပေးများသော နည်းပရိယာယ်များနှင့် အလျင်အမြန်ပေးချေမှုများ၏ ကတိကဝတ် တို့ကို အသုံးပြုခြင်းအားဖြင့် အလိမ်အညာသမားများသည် လက်ခံသူများအား ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဘဏ်အကောင့် နံပါတ်များ ပေးခြင်း သို့မဟုတ် “ဝန်ဆောင်ခ” အနည်းအကျဉ်းတစ်ခု ပေးခြင်းကို လုပ်မိစေရန် လှည့်စားနိုင်ကြသည်။

နောက်ဆုံးပေါ် Bitdefender telemetry မှ ကိုရိုနာဗိုင်းရပ်စ်-အသားပေး အလိမ်အညာများမှာ ဆက်လက်အားပြင်းလျက်ရှိကြောင်း ပြသနေသည်။ Spammer များ နှင့် ဆိုက်ဘာဒုစရိုက်သမားများမှ လက်ရှိကပ်ရောဂါဆိုးအပေါ် အခွင့်ကောင်းယူရန် ၎င်းတို့၏ ကြိုးပမ်းမှုများတွင် ရက်ရက်စက်စက်ပြုနေကြကြောင်းပြရင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ကိုဗစ်-၁၉ နှင့်ဆက်စပ်သည့် စာအပေးအယူ အဝင်အားလုံး၏ ၆၁.၆၈% မှာ spam ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။

နေ့စဉ် spam တစ်စောင်

ဘီလီယံနှင့်ချီသော မလိုအပ်သည့် အီးမေးလ်များမှာ inbox များထံသို့ နေ့စဉ် ပို့ခြင်းခံရသည်။ အချို့မှာ လက်လီသမားများထံမှ ကြော်ငြာများပါသည့် အန္တရာယ်မရှိသော်လည်း ဒုစရိုက်သမားများသည် ဈေးကွက်ကြီးကြီး အလိမ်အညာကမ်ပိန်းများတွင် အီးမေးလ်များကိုလည်း အသုံးပြုကြသည်။ ၎င်းတို့သည် လက်ခံသူများအား အလိမ်အညာ လင့်ခ့် သို့မဟုတ် အန္တရာယ်ရှိ စာတွဲတစ်ခုအား ရယူရန် ဆွဲဆောင်ရာတွင် clickbait ကဲ့သို့သော လူမှုအင်ဂျင်နီယာနည်းစနစ်များ နှင့် ရှားပါး နည်းပရိယာယ်များကို အသုံးပြုကြသည်။

အံ့အားသင့်ဖွယ် လျှော့ဈေးများ မှစ၍ အားလပ်ရက် အထူးနှုန်းထားများနှင့် အလုပ်ကမ်းလှမ်းချက်များအထိ၊ သင့် Inbox မှာ ၎င်း၏ အလိမ်အညာစာအပေးအယူ ရှယ်ယာအား တစ်နှစ်ပတ်လုံး တွေ့မြင်နေရသည်။ သင်မှ မက်ဆေ့ချ်များ ဖတ်ရန် သွေးဆောင်ခံရကောင်းခံရနိုင်ချိန် သင်မသိသော သူတစ်စုံတစ်ယောက် သို့မဟုတ် ကုမ္ပဏီများထံမှ ရရှိမည့် လင့်ခ်များအား နှိပ် သို့မဟုတ် ဝင်ရောက်ရန် ဘယ်သောအခါမျှ အကြံမပေးလိုပေ။

ဂုဏ်ယူဝမ်းမြောက်ပါတယ်၊ သင် အနိုင်ရရှိသွားပါပြီ။

၎င်းတို့မှ လူမှုရေး၊ နိုင်ငံရေး နှင့် စီးပွားရေး ပြောင်းလဲမှုများအား အလျင်အမြန် အံဝင်ဂွင်ကျဖြစ်စေနိုင်စားသုံးသူများအပေါ် နှစ်ပေါင်းများစွာလေ့ကျင့်မှုမှ ၎င်းတို့အား မည်သည့်ခေါင်းစဉ်များဖြင့် လှည့်ဖျားရန် သင်ကြားပေးလာခဲ့သည်။ ဥပမာ - အချို့အလိမ်အညာသမားများသည် သာမန်ပြည်သူလူထုအပေါ် ထီ အလိမ်အညာများ လွှတ်ပေးခြင်းဖြင့် ၎င်းတို့၏ ကံတရားအား တွန်းကြည့်နေကြသေးသည်။ “ရှေးခေတ်” အလိမ်အညာမှာ ဒစ်ဂျစ်တယ် ခြိမ်းခြောက်မှုမြင်ကွင်းထဲတွင် ထွက်ပေါ်လာရန် အဘယ်ကြောင့် ဆက်လက်ပြုလုပ်နေသေးသနည်း။


အဘယ်ကြောင့်ဆိုသော် စားသုံးသူများမှာ ၎င်းထံတွင် သက်ဆင်းနေကြသေးသောကြောင့် ဖြစ်သည်။ ဒေါ်လာပေါင်း မီလီယံချီ၊ ဇိမ်ခံကားတစ်စီး၊ သို့မဟုတ် နောက်ဆုံးပေါ် နည်းပညာစက်ပစ္စည်း ပိုင်ဆိုင်နိုင်ခြင်း စိတ်လှုပ်ရှားမှုက ထိုသူတို့၏အဆုံးအဖြတ်ကို မှုန်ဝါးစေသည်။ ထိုသူတို့မှ ၎င်းအား မသိလိုက်မှီပင် လှည့်ဖျားသူမှာ အတုအယောင်ဝန်ဆောင်ခအတွက် ဒေါ်လာထောင်ချီ၊ လက်ဆောင်ကဒ်ငွေချေမှုများ သို့မဟုတ် ပိုဆိုးလျှင် - ထိုသူတို့၏ ဘဏ်အကောင့်အချက်အလက် သို့မဟုတ် လူမှုလုံခြုံရေးနံပါတ်များအား ထိုသူတို့ထံမှ လှည့်ဖျားယူလိုက်ပြီးဖြစ်ပေမည်။

IRS နှင့် ဘဏ်နှင့်ဆက်စပ်သော အလိမ်အညာမျာ

အခွန်နှင့်ဆက်စပ်သော အလိမ်အညာများနှင့် IRS အယောင်ဆောင်များသည်လည်း ဒုစရိုက်သမားများအကြား အကြိုက်ပင်ဖြစ်သည်။ Bitdefender telemetry မှ မကြာသေးမှီကပင် ၂၀၂၁ အခွန်ရာသီအတွက် ပြင်ဆင်မှုတွင် ယူအက်စ်-အခွန်ပေးသူများကို ပစ်မှတ်ထားရင်း ဖျားယောင်းသည့်ကမ်ပိန်း တစ်ခုကို ရွေးခဲ့သည်။

ဆိုက်ဘာသူခိုးများသည် ၎င်းတို့၏ ဖျားယောင်းသည့်ကမ်ပိန်းများတွင် ဘဏ်များနှင့် အွန်လိုင်းငွေချေမှု platform များကို တုပရင်း ၎င်းတို့၏ အယောင်ဆောင်အရည်အသွေးများကို တိုးမြှင့်လာကြသည်။ အများအားဖြင့် ထိုသူတို့သည် လက်ခံရရှိသူများအား ၎င်းတို့၏ အကောင့်အတွင်း တရားမဝင် ဝင်ရောက်ခြင်းအပေါ် သတိပေး သို့မဟုတ် lock ကျသွားခြင်းမှ ရှောင်ရှားဖို့ရာ သီးသန့်အသေးစိတ်အချက်အလက်များကို update လုပ်ရန် တောင်းဆိုကြသည်။ အချို့မက်ဆေ့ချ်များမှာ ဝင်ရောက်လိုက်သည်နှင့် စက်ပေါ်တွင် ငွေကြေးဆိုင်ရာ နှင့် အချက်အလက်ခိုးယူသည့် malware သို့မဟုတ် ransomware ဖြန့်ကျက်သည့် အန္တရာယ်ရှိ ဖိုင်တွဲများလည်း ပါဝင်ပေမည်။

ငါ့ရဲ့ ဗက်လင်တိုင်း ဖြစ်ပေးပါ

ကျွန်ုပ်တို့မှ အွန်လိုင်းတွင် မည်သည့်အရာကိုမဆို ရှာဖွေနိုင်သည်၊ အချို့ကိစ္စရပ်များတွင် အသည်းကွဲခြင်းပင် ဖြစ်နိုင်သည်။ ဖေဖော်ဝါရီ ၂၂ မှ ၂၃ ကြားအတွင်း Bitdefender telemetry မှ အဝင် spam များ၏ ၂၀% ကျော်မှာ အွန်လိုင်း ဒိတ်လုပ်ခြင်းနှင့် ဆက်စပ်နေခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။

လှည့်ဖျားသူများသည် မကြာခဏ အွန်လိုင်း ပရိုဖိုင် အတုများ ဖန်တီးကြပြီး ခံရသူအတွက် ငွေကြေးဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွင် အဆုံးသတ်စေသည့် ဒစ်ဂျစ်တယ်ဆက်ဆံရေးများတွင် ဝင်ရောက်လာသည်။ လူမှုဆိုင်ရာ ခွဲခွာနေခြင်းမှ အွန်လိုင်း ဒိတ်လုပ်ခြင်းအမြင်အား အရှိန်မြှင့်စေသော်လည်း အလံနီများကို ရှာဖွေခြင်းက ကွဲပြားမှုတစ်ခုကို ပြုလုပ်နိုင်သည်။ ဤ လှည့်စားသူများသည် ပစ်မှတ်၏ ယုံကြည်ရာသဘာဝတစ်ခု အပေါ် အခြေပြုပြီး ဆက်ဆံရေးအတုအယောင်တစ်ခု ဖန်တီးခြင်းဖြင့် မကြာခဏ လူအများ၏ အားနည်းချက်များကို ပစ်မှတ်ထားကြသည်။

၎င်းတို့သည် သင့်ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာ တောင်းပြီး သင်နှင့် ဆက်လက်အဆက်အသွယ်လုပ်ရန် အွန်လိုင်း platform မှ ပြောင်းရွှေ့ခြင်းအပေါ် အကြံပေးလေ့ရှိသည်။ ယုံကြည်မှုတစ်ခု တည်ဆောက်ပြီးသည်နှင့် လှည့်ဖျားသူသည် ငွေကြေးအထောက်အပံ့ တောင်းဆိုခြင်းကို စတင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့လိုချင်သည့်အရာ ရရန် ခြိမ်းခြောက်စာ သို့မဟုတ် ငွေညှစ်ခြင်းပင် ပြုကောင်းပြုပေလိမ့်မည်။

လှည့်ဖျားခံရခြင်းမှ သင်မည်သို့ ရှောင်ရှားနိုင်သနည်း။

အသုံးပြုသူများအပေါ် ကပ်ရောဂါ-အသားပေး စော်ကားမှုမှာ အကန့်အသတ်မရှိပေ - လှည့်စားသူများ နှင့် ဆိုက်ဘာဒုစရိုက်သမားများသည် ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များ၊ တိုက်ရိုက်စာပို့ခြင်း နှင့် အပြန်အလှန်စာပို့ခြင်း အပါအဝင် လက်ခံရရှိသူများအား လိမ်လည်ရန် ၎င်းတို့၏ ကြိုးပမ်းမှုတွင် အမျိုးမျိုးသော ဆက်သွယ်ရေး tool များအပေါ် အခွင့်ကောင်းယူနေကြသည်။

အင်တာနက် နှင့်ဆက်စပ်သော scam များသည် ရှုပ်ထွေးမှုတွင် ကွဲပြားကြသော်လည်း ၎င်းတို့သည် သင့်ငွေကြေး နှင့် ကိုယ်ရေးကိုယ်တာ အထောက်အထားအချက်အလက် ခိုးယူခြင်းထံ၌သာ အဆုံးသတ်သွားကြသည်။

သင်သည် အွန်လိုင်း scam များ နှင့် လှည့်ဖျားမှု ရန်မှ အောက်ပါအဆင့်များဖြင့် ကာကွယ်နိုင်သည် -

  • သင့် ကိုယ်ရေးကိုယ်တာနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များအား သော့ခလောက်၊သော့ဖြင့် သိမ်းပါ - လူပေါင်း မီလီယံချီမှာ နှစ်စဉ် အထောက်အထားသူခိုးများထံ ခံရသူများအဖြစ် သက်ရောက်နေရသည်။ သင့် အင်တာနက်အတွေ့အကြုံများမှ သင့်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားစေကာမူ သင့်ကိုယ်ရေးကိုယ်တာ အထောက်အထား အချက်အလက်၊ ဘဏ်အကောင့်နံပါတ်များ သို့မဟုတ် ခရက်ဒစ်ကတ် အချက်အလက်အား လူမှုမီဒီယာ၊ စိတ်မချရသော အီးမေးလ်များမှ ရရှိသည့် လင့်ခ်များ သို့မဟုတ် သင့်ဘဏ်ထံသို့ပင် မပေးပါနှင့်။ သင့်ကိုယ်ကို မေးကြည့်ပါ - ဤတစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့မှ ဤသတင်းအချက်အလက်ကို ဘာကြောင့် လိုအပ်တာလဲ ? အကယ်၍ သင့်ဘဏ်မှဟု ဆိုသည့် တစ်စုံတစ်ယောက်ထံမှ အီးမေးလ်၊ စာ သို့မဟုတ် ဖုန်းခေါ်ဆိုမှု တစ်ခုအား သင်လက်ခံရလျှင် ခြောက်ခြားပြီး သင့်အချက်အလက်အား မပေးလိုက်ပါနှင့်။ ငွေကြေးဆိုင်ရာအဖွဲ့အစည်းအား ရှာပြီးလျှင် တရားဝင် လမ်းကြောင်းများမှတဆင့် ဘဏ်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံ ဆက်သွယ်ပါ။
  • သင့်အား အွန်လိုင်းပေါ်တွင် ခင်မင်သည့် လူများအား သတိထားပါ - လူမှု မီဒီယာသည် အလိမ်အညာလုပ်ရပ်နှင့်အတူ ပေါ်ထွက်လာနေသည်။ သင် တွေ့ကြုံသည့် လူများနှင့် သတင်းအချက်အလက် အလွန်အကြူး မျှဝေခြင်းမလုပ်ဘဲ သင်၏ ငွေကြေးဆိုင်ရာအနေအထား၊ လုပ်ငန်း၊ မိသားစုဝင်များ နှင့် သူငယ်ချင်းများအကြောင်း အသေးစိတ် မျှဝေချိန်တွင် သတိထားခြင်းကို အမြဲ လုပ်ဆောင်ပါ။ အကယ်၍ တစ်စုံတစ်ယောက်မှ သင့်အား ရုတ်တရက် ဆက်သွယ်လာပြီး အမြန်ချမ်းသာနည်းအကြောင်း ပြောဆိုလာလျှင် ၎င်းမှာ အလိမ်အညာတစ်ခု ပင်ဖြစ်သည်။
  • လူမှု မီဒီယာ platform များပေါ်တွင် ကြော်ငြာများနှင့် အထူးလျှော့ဈေးများအား သတိထားပါ - ကြော်ငြာတစ်ခုမှ ငွေပေးထားသည့်တိုင် ကမ်းလှမ်းချက်မှာ တရားဝင် ဖြစ်ကြောင်း အာမ မခံပေ။ သင်မှ စိတ်လှုပ်ရှားပြီး သင့် ခရက်ဒစ်ကတ်အား မဆွဲထုတ်မှီ ရောင်းသူအား လေ့လာပါ။ နာမည်ကောင်းရှိပြီး လူသိများသည့် ဝန်ဆောင်မှုပေးသူများနှင့်သာ လက်တွဲပြီး လက်တွေ့မကျလွန်းသော အရောင်းအဝယ်အပေါ် မသက်ဆင်းမိပါစေနှင့်။
  • ပုံမှန်မဟုတ်သော ငွေချေသည့် တောင်းဆိုမှုများအပေါ် မယုံပါနှင့် - လှည့်စားသူများမှ ဝန်ဆောင်မှုများအတွက် ငွေပေးချေချိန်တွင် ပုံမှန်မဟုတ်သော ငွေချေသည့် နည်းလမ်းတစ်ခုအားသုံးရန် သင့်အား တောင်းဆိုလိမ့်မည်။ ကြိုတင်ဖြည့်ထားသော ငွေချေကဒ်များ၊ လက်ဆောင်ကဒ်များ သို့မဟုတ် ခရစ်ပတိုငွေကြေးတို့မှာ အလိမ်အညာတစ်ခု၏ လက်ငင်း သင်္ကေတတစ်ခုပင် ဖြစ်သည်။
  • သဒ္ဒါအမှားများ နှင့် ပေးပို့သူ၏ အီးမေးလ်လိပ်စာအား အမြဲ စစ်ဆေးပါ - အကယ်၍ သင်သည် သင့်အချက်အလက်အတွက် အထူးမေးမြန်းသည့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်း၊ အစိုးရ အေဂျင်စီ သို့မဟုတ် ပစ္စည်းထုပ် သယ်ပို့ ဝန်ဆောင်မှုတစ်ခုမှ စာအား လက်ခံရလျှင် စာလုံးပေါင်းသတ်ပုံအမှားများ နှင့် မကိုက်ညီမှုများကို စစ်ဆေးပါ။ တရားဝင် တံဆိပ်များ သို့မဟုတ် လုပ်ငန်းနှင့်ဆက်စပ်သည့် အသုံးအနှုန်းအားဖြင့် လှည့်စားခြင်းမခံပါနှင့် - ဆိုက်ဘာဒုစရိုက်သမားများမှ ၎င်းတို့၏ တိုက်ခိုက်မှု နည်းလမ်းများကို ပိုမိုကောင်းမွန်စေလျက်ရှိသောကြောင့် ဖြစ်သည်။
  • ဖိုင်တွဲများအား မဖွင့်ပါနှင့် - မသိသော သူများထံမှ ရရှိသည့် ဖိုင်တွဲများအား ဖွင့်ခြင်းမှာ ဖိုင်-စကားဝှက်ပြုထားသည့် ransomware အပါအဝင် malware အား ပျံ့နှံ့နိုင်သည်။ တခါတရံ အန္တရာယ်ရှိ ဖိုင်အား အရေးကြီး လက်ကျန်ဘောက်ချာတစ်ခု၊ ခရီးသွားလက်မှတ်တစ်စောင်၊ အလုပ်ဖော်ပြချက်စာရွက်စာတမ်း တစ်ခု၊ သို့မဟုတ် သင့်နောက်ခြေလှမ်းများအကြောင်း အသေးစိတ်ထားသည့် PDF တစ်ခု အနေဖြင့် ခေါင်းစဉ်တပ်နိုင်သည်။
  • Pop-up ဖန်သားပြင်များတွင် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်အား မဖြည့်ပါနှင့် - တရားဝင် အေဂျင်စီ၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် သင့်အချက်အလက်အတွက် ဤနည်းလမ်းဖြင့် မေးလိမ့်မည် မဟုတ်ပေ။
  • သင် အွန်လိုင်းတွင် browse လုပ်နေစဉ် အလိမ်အညာများ နှင့် လှည့်ဖျားမှု ကြိုးပမ်းခြင်းများရန်မှ ကာကွယ်ပေးသည့် anti-fraud နှင့် anti-phishing လုံခြုံရေး အလွှာများ နှင့်အတူ လုံခြုံရေး solution တစ်ခုကို အသုံးပြုပါ။
  • လူမှု မီဒီယာ platform ၊ အီးမေးလ် ဝန်ဆောင်မှုများ သို့မဟုတ် ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တို့ထံ မည်သည့် သံသယဖြစ်ဖွယ် လုပ်ရပ်ကိုမဆို သတင်းပို့ပါ။

အွန်လိုင်း လှည့်ဖျားမှု နှင့် အလိမ်အညာများအပေါ် အရေးကြီး ပြောင်းလဲမှုများလုပ်ရန် အချိန်ကျပြီဖြစ်သည်။ အွန်လိုင်း လူမှုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် သင်သည် သင့်သူငယ်ချင်များ၊ မိသားစုတို့ထံ ကောင်းသော ဆိုက်ဘာအလေ့အကျင့်များအား မြှင့်တင်ပေးခြင်းဖြင့် အင်တာနက်အား ပိုမိုလုံခြုံသော နေရာတစ်ခုအဖြစ် ပြုလုပ်ရာတွင် ကူညီနိုင်သည်။ 

BitdefenderTotal Security

Regular Price: US$ 39.00

စုမိငွေပမာဏ :US$ 20.00

Special Price: US$ 19.00

Post Releases