ကျွန်ုပ်တို့ ရရှိသင့်သည့် လူမှုမီဒီယာ နှင့် ကျွန်ုပ်တို့ အမှန်စင်စစ် ရရှိနေသည့် လူမှုမီဒီယာ

ကျွန်ုပ်တို့ ရရှိသင့်သည့် လူမှုမီဒီယာ နှင့် ကျွန်ုပ်တို့ အမှန်စင်စစ် ရရှိနေသည့် လူမှုမီဒီယာ

လူမှုမီဒီယာသည် မည်သို့ပင်ဆိုစေ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည့် အရာ ကဲ့သို့ နည်းပညာ၏ သဘာဝ ဆင့်ကဲပြောင်းလဲမှု ကဲ့သို့ ခံစားရသည်။ သို့သော် ကျွန်ုပ်တို့ လိုချင်သည့်အရာနှင့် ကျွန်ုပ်တို့ အမှန်စင်စစ် ရနေသည့်အရာ အကြား ကွဲပြားမှုတစ်ခု ရှိသည်။ ယခုတွင် လူမှုမီဒီယာအား ပြန်လည်ပုံသွင်းရန် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့တွင်ရှိသည့် အရာအပေါ်တွင် နေထိုင်တတ်ရန် သင်ယူရမည်ဖြစ်ပြီး ဤအရာမှတဆင့် ပိုမိုကောင်းမွန်သော ရွေးချယ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဇွန်လ ၃၀ ရက်နေ့တွင် ကျွန်ုပ်တို့ ကျင်းပသည့် လူမှုမီဒီယာနေ့သည် ကျေးဇူးတင်စရာကောင်းသော အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး တစ်ချိန်တည်းတွင်လည်း သတိထားရမည် ဖြစ်သည်။

ယနေ့ လူမှုမီဒီယာ မြင်ကွင်းမှာ အသက်အရွယ်၊ စိတ်ဝင်စားမှုများဖြင့် ပိုင်းခြားထားသည့် အသုံးပြုသူများ နှင့် ၎င်း၏ ကိုယ်ပိုင် စည်းမျဉ်းများ နှင့်အတူ အခြား အင်တာနက်ထံမှ မတူကွဲပြားနေသည့် ၎င်း၏ ကိုယ်ပိုင် အီကိုစနစ် ရှိသည်။ မီဒီယာတစ်ခုချင်းစီမှာ အခြားသူများ၏ ကမ်းလှမ်းချက်များနှင့် တိုက်ဆိုင်ပုံပေါ်သော်လည်း ၎င်းတို့အား မျိုးကွဲမှုများဖြင့် ခွဲခြားထားစေသည့် သီးသန့်နယ်ပယ်တစ်ခုနှင့်အတူ ဒီဇိုင်းပုံဖော်ခြင်း ခံရသည်။ အတိုချုံးဆိုရသော် လူတိုင်းအတွက် တစ်စုံတစ်ခုတော့ရှိသည်၊ ထို့အတွက်ကြောင့်ပင် လူမှုမီဒီယာမှာ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားစရာကောင်းပြီး အန္တရာယ်လည်းရှိသည်။

အကယ်၍ လူမှုမီဒီယာမှာ ကောင်းသောအရာများသာ စုဆောင်းပေးလျှင် ကောင်းမွန်ပေလိမ့်မည် ဖြစ်သော်လည်း လူမှုအသိုင်းအဝိုင်းမှာ အရာအားလုံး၏ ရောနှောမှုတစ်ခု ဖြစ်နေသည်။ အင်တာနက်ပေါ်ရှိ အခြားအရာပေါ်တွင်ကဲ့သို့ လူတန်းစားပေါင်းစုံမှာ လူမှုမီဒီယာအား ရယူသုံးစွဲနေကြပြီး အများစုမှ ထိုပလက်ဖောင်းများအား ကြံစည်ထားသည့်အတိုင်း အသုံးပြုနေကြစဉ် အခြားသူများမှာ ပိုမိုယုတ်ညံ့သော ဦးတည်ချက်များ ဖြည့်ဆည်းရန် ၎င်းတို့၏ မူလ လုပ်ဆောင်ချက်များအပေါ် တလွဲအသုံးပြုရန် နည်းလမ်းများ ရှာကြသည်။

ကျွန်ုပ်တို့ ရရှိသင့်သည့် လူမှုမီဒီယာ

အံ့အားသင့်စွာပင် လူမှုမီဒီယာ ရောက်ရှိလာမှုအား ကျွန်ုပ်တို့ အင်တာနက် မရရှိခင် အချိန်အတန်ကြာကပင် စိတ်ကူးယဉ်-သိပ္ပံ ဝတ္ထုများထဲ၌ ကြိုတင်ပြောပြထားခဲ့သည်။ စာရေးဆရာများမှာ လူအများ အတူတကွ စုရုံးကြပြီး လတ်တလောအဖြစ်အပျက်များအကြောင်း ပြောဆိုကြကာ၊ လက်ရှိ လူမှုပြဿနာများအကြောင်း အကျိတ်အနှယ် ဆွေးနွေးကြရင်း နိုင်ငံရေးအကြောင်း ပြောဆိုကြပြီး တစ်ဦးပေါ်တစ်ဦး ပြင်းထန်၊ဖိနှိပ်သည့် ဝေဖန်ချက်များဖြင့် လွှမ်းမိုးကြမည်ကို ကြိုတင် မြင်ယောင်မိလိမ့်ကြမည်။

အွန်လိုင်းမြင်ကွင်းမှာ လူသားအခြေအနေကို မြှင့်တင်ရန် ဖြစ်နိုင်ချေ ရှိခဲ့ပြီး အခြားစာရေးဆရာများမှာ ထိုကဲ့သို့ ဖြစ်ပျက်လာလိမ့်မည်ကို ယုံကြည်ခဲ့ကြသည်။ ယခုအခါ လူမှုမီဒီယာမှာ လူသားအခြေအနေအား သံသယကင်းစွာပင် ပြောင်းလဲခဲ့ပြီဖြစ်သော်လည်း ၎င်းမှာ ပိုမိုကောင်းမွန်မှုအတွက်ဟူ၍ မည်သူမျှ မပြောနိုင်ပေ။

လူမှုမီဒီယာမှာ အဓိပ္ပါယ်ရှိသော အတွေးအမြင်များ၊ စိတ်လှုပ်ရှားဖွယ် ပုံပြင်များ နှင့် စိတ်ဓါတ်မြှင့်တင်သည့် စွန့်စားခန်းများ၊ ရယ်ရွှင်စရာ အရာများပြုသည့် ခွေးများ၊ ကြောင်များ၏ ဟာသ ရုပ်ပုံများနှင့်သာ ပြည့်နှက် ရွှန်းတောက်နေသင့်သည်။ သို့သော် ကျွန်ုပ်တို့ ရရှိခဲ့သင့်သည့် အရာ နှင့် ကျွန်ုပ်တို့ အမှန်စင်စစ် ရနေသည့်အရာ အကြား ကြီးစွာသော ခြားနားမှုတစ်ခုရှိသည်ကို ကျွန်ုပ်တို့အားလုံး သိနေကြသည်။

ကျွန်ုပ်တို့ အမှန်တကယ် ရနေသည့် လူမှုမီဒီယာ

လူမှုမီဒီယာမှ ကျွန်ုပ်တို့ ယခုပင် ဖော်ပြခဲ့သည့် ကောင်းသောအရာများ ရှိနေချိန် ၎င်းမှာ အလားတူ ဆိုးရွားသော အရာများနှင့်လည်း ပြည့်နေသည်။ ၎င်းမှာ မုန်းစရာကောင်းသော သူများနှင့် အန္တရာယ်ရှိ ဒုစရိုက်သမားများ၏ အိမ်လည်း ဖြစ်နေသည်။ ၎င်းသည် လူအများတန်ဖိုးထားမှု အားအနည်းဆုံးဟုထင်သည့် ထိုသူတို့၏ လှို့ဝှက်အချက်အလက်များကို ခိုးယူချင်သော တိုက်ခိုက်သူများမှ ညွှန်ကြားသည့် အန္တရာယ်ရှိ ကမ်ပိန်းများအတွက် အကောင်းဆုံး ကြားခံ အဖြစ်လည်း လုပ်ဆောင်ပေးသည်။

လှို့ဝှက်သတင်းအချက်အလက်မှာ ယနေ့ ဒစ်ဂျစ်တယ်လောက၏ တန်ဖိုးအရှိဆုံး အရာများထဲမှ တစ်ခု ဖြစ်ရမည်။ လူအများမှာ အရေးကြီး အချက်အလက်နှင့် ၎င်းတို့အကြောင်း meta အချက်အလက်များစွာကို စုဆောင်းလာကြသည့်အတွက် မည်သည်က အရေးကြီးပြီး မည်သည်က တန်ဖိုးမဲ့ဆိုသည်ကို ပြောရန် အခက်အခဲဖြစ်လာသည်။ ပြီးလျှင် ဤအရာအတွက် အဆိုးဆုံးအပိုင်းမှာ၊ တစ်ခါတစ်ရံ တန်ဖိုးမဲ့ပုံပေါ်သည့် အချက်အလက်မှာ အမှန်စင်စစ် တိုက်ခိုက်သူများအတွက် အဖိုးတန်နေခြင်းဖြစ်သည်။

လူမှုမီဒီယာ ပလက်ဖောင်းများမှာ ကျွန်ုပ်တို့၏ အင်တာနက်ဘဝထဲတွင် အလွန် အမြစ်တွယ်လာသည့်အတွက် လူမှုမီဒီယာမှာ လူအများအတွက် အင်တာနက် ဖြစ်လာသည်။ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ စနက်ပ်ချက်၊ တစ်တော့၊ ယူကျု၊ တမ်းဘလာ၊ တွစ်တာ၊ ရက်ဒစ် နှင့် အခြား ပလက်ဖောင်းများအားလုံးမှာ နယ်ပယ်မျိုးစုံ ပြည့်နေကြပြီး ထိုအရာတို့တွင် တူညီသော တစ်စုံတစ်ရာ ရှိကြသည်။ ၎င်းတို့သည် ၎င်းတို့ ကမ်းလှမ်းသည့် အရောင်းခွဲနှင့် ၎င်းတို့ စုဆောင်းသည့် အချက်အလက်နှင့်အတူ လက်တွေ့-လောက တန်ဖိုးကို ဖန်တီးကြသည်။

အဖြစ်မှန်မှာ ဤပလက်ဖောင်းများသည် မည်သူမျှ အမှန်စင်စစ် ဂရုမစိုက်သည့် အချက်အလက်များအား ခိုးယူရန် အဓိက ရှာဖွေနေသည့် တိုက်ခိုက်သူများအတွက် ကောင်းသော ကြားခံများလည်း ဖြစ်ကြသည်။ လူအများသည် ၎င်းတို့၏ အချိန်နှင့်တပြေးညီ တည်နေရာများကို အွန်လိုင်းပေါ်တွင် တင်ကြပြီး အမျိုးစုံသော အွန်လိုင်း ဝန်ဆောင်မှုများအတွက် ၎င်းတို့အသုံးပြုသည့် လုံခြုံရေး မေးခွန်းများအတွက် အဖြေများကို ဖော်ထုတ်သည့် ဉာဏ်စမ်းပဟေဋိများကို ဖြေဆိုလျက်ရှိကာ phishing ကြံစည်မှုများတွင် အသေးစိတ်များကို ဆက်လက်ဖြည့်နေကြသည်။ ပြီးလျှင် အမှောင်ရိပ်များထဲမှ စောင့်နေသည့် အန္တရာယ်ရှိ အကြောင်းအရာ နှင့် malware အားလုံးတို့ကိုပင် ထည့်သွင်းရေတွက်ခြင်း မရှိသေးပေ။

ကျွန်ုပ်တို့၏ Digital Identity Protection tool မှ သင့်အား အချက်အလက် ချိုးဖောက်မှုများအတွက် စစ်ဆေးရန် နှင့် လိုအပ်လျှင် မိနစ်ပိုင်းအတွင်း သင့်အကောင့်များအားလုံးကို ထိန်းညှိရန် ခွင့်ပြုပေးသည်။ သင်မှ လူမှုမီဒီယာ အသွင်ဆောင်သူများအတွက်လည်း စစ်ဆေးနိုင်ပြီး ပိုမို လုံခြုံရေး-အထူးပြုသည့် ဆုံးဖြတ်ချက်တစ်ရပ်အတွက် သင့် ဒစ်ဂျစ်တယ်တည်ရှိမှု အကြောင်းကိုလည်း ပို၍ လေ့လာနိုင်သည်။

ကျွန်ုပ်တို့ ရရှိနိုင်သည့် လူမှုမီဒီယာ

ဟုတ်ပါတယ်၊ လူမှုမီဒီယာသည် အံ့ဩဖွယ် အကြောင်းအရာ နှင့် အန္တရာယ်ရှိ ရည်ရွယ်ချက်ဖြင့် အစွန်းဖျားတိုင် ပြည့်နှက်နေသည်။ သို့သော် အဆိုးမှ အကောင်းအပေါ် အလေးသာ မဖြစ်သင့်ပါ။ သင့်တော်သော ကြိုတင်သတိထားမှုများ နှင့် အသင့်အတင့် လုံခြုံရေး solution နှင့်အတူ ကျွန်ုပ်တို့ လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် ကုန်ဆုံးသည့်အချိန်မှာ ကျွန်ုပ်တို့လက်ရှိ ရှိနေသည့် အရာမဟုတ်ဘဲ ကျွန်ုပ်တို့ ရရှိသင့်သည့် အတွေ့အကြုံထံ ဦးတည်သွားနိုင်သည်။

စိတ်ကူးယဉ်-သိပ္ပံ စာရေးဆရာများမှ ကျွန်ုပ်တို့အား ကတိပေးခဲ့သည့် လူမှုမီဒီယာကို ကျွန်ုပ်တို့ မရနိုင်သော်လည်း ကျွန်ုပ်တို့ အွန်လိုင်းပေါ်တွင် မျှဝေသောအရာ နှင့် မည်သူမည်ဝါအပေါ် သတိပြုမိခြင်းအားဖြင့် အနည်းငယ် ပိုမိုနီးစပ်လာနိုင်သည်။ ကျွန်ုပ်တို့ အွန်လိုင်းပေါ်တွင် တင်သည့် အရာ၏ တန်ဖိုးကို သိခြင်းမှာ ကျွန်ုပ်တို့အား ပိုမိုသော လုံခြုံရေးထံ လမ်းတဝက်ထိ ခေါ်ဆောင်ပေးသည်။ သတင်းသိသူတစ်ဦးမှာ ပါဝါရှိသူတစ်ဦးဖြစ်ပြီး လက်ကျန်လမ်းကြောင်းမှာ Bitdefender Total Security ကဲ့သို့သော လုံခြုံရေး solution များမှ အကာအကွယ်ပေးပေမည်။ အွန်လိုင်းပေါ်တွင် ရှိစဉ် သို့မဟုတ် ခွေးများ၊ကြောင်များ၏ ရယ်ရွှင်ဖွယ်ရုပ်ပုံများ ရှာဖွေစဉ်ပင် ပြီးပြည့်စုံသော ကာကွယ်မှု ပေးသည့် အခမဲ့ အစမ်းသုံး ကို သင် အမြဲတမ်း စမ်းသပ်သုံးကြည့်နိုင်ပါသည်။

BitdefenderTotal Security

Regular Price: US$ 33.00

စုမိငွေပမာဏ :US$ 12.00

Special Price: US$ 21.00

Post Releases