Bitdefender GravityZone Business Security Enterprise

ခြိမ်းခြောက်မှု ဖြစ်စဉ်တစ်ခုလုံးအား ထောက်ပြရန် ရေးဆွဲထားသော အဆင့်မြင့် ကာကွယ်မှု၊ စုံစမ်းစစ်ဆေးမှု နှင့် တုံ့ပြန်မှုတို့တွင် အကောင်းဆုံး

အလုပ်ဖြစ်သော Endpoint Detection and Response (EDR) နှင့်အတူ ရှာရခက်သည့်ခြိမ်းခြောက်မှုများကို ဖော်ထုတ်ပြီး တားမြစ်ပေးသည်။

 

သုံးရလွယ်ကူပြီး အလွန်စိတ်ချရသော EDR သည် ကျွန်ုပ်တို့၏ ပြီးပြည့်စုံသည့် Endpoint Protection Platform (EPP) အတွက် အရေးပါ လိုအပ်သည်။
GravityZone Business Security Enterprise သည် ရှာရခက်လွန်းသော ဆိုက်ဘာခြိမ်းခြောက်မှုများ၏ရန်မှပင် လုပ်ငန်းများအား အတိအကျ ကာကွယ်ရန် အလွှာလိုက် မျိုးဆက်သစ် endpoint ကာကွယ်ခြင်း နှင့် သုံးရလွယ်ကူသော EDR platform တို့ကို ပေါင်းစည်းထားသည်။ ၎င်းသည် ကြိုတင်ကာကွယ်ခြင်း၊ အလိုအလျောက် စုံစမ်း ထောက်လှမ်း၊ စစ်ဆေးခြင်း နှင့် တုံ့ပြန်ခြင်း tool များကို ပေးထားသောကြောင့် လုပ်ငန်းသုံး ဝယ်ယူအသုံးပြုသူများသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို ကာကွယ်နိုင်ပြီး ဤခြိမ်းခြောက်မှုများကိုလည်း တုံ့ပြန်နိုင်သည်။

GravityZone သည် ထုတ်ကုန်အများစုတို့ ရှုပ်ထွေးပြီး အရင်းအမြစ်များ သိပ်သည်းနေသည့်အကြား ထူးခြားထင်ရှားသည်။
ထိရောက်မှုမြင့်မားသော ကာကွယ်ခြင်း၊ အလိုအလျောက် ခြိမ်းခြောက်မှုများအား စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်မှု နည်းပညာများအပေါ် အမှီပြုထားပြီး GravityZone Business Security Enterprise သည် manual analysis လိုအပ်သည့် ဖြစ်ရပ်အရေအတွက်ကို သိသာစွာ ကန့်သတ်ပေးပြီး EDR solution တစ်ခု run ရန်လိုအပ်သော လုပ်ငန်းလည်ပတ်မှုဆိုင်ရာအားထုတ်မှုကို လျော့ချပေးသည်။ အခြေခံမှတည်ဆောက်ထားပြီး Cloud-ပို့လွှတ်သော တစ်စုတည်း single agent/single console solution တစ်ခုအနေနှင့် ၎င်းသည် တည်ရှိပြီးသားလုံခြုံရေး architecture ထဲတွင် ဖြန့်ကျက်ရန် နှင့် ပေါင်းစည်းရန်လည်း လွယ်ကူသည်။

ကာကွယ်ခြင်း နှင့် မြင်သာမှု

အစဉ်ပြောင်းလဲနေသော ဆိုက်ဘာခြိမ်းခြောက်မှုများ ၏ ကာလတစ်ခု၌ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအား လုံခြုံအောင်ထိန်းသိမ်းခြင်းတွင် endpoint လုံခြုံရေး solution များ၏ အနေအထားအသစ်တစ်ခု လိုအပ်သည်။

စုံစမ်းစစ်ဆေးခြင်းနှင့်အတူကာကွယ်ခြင်း နှင့် တုံ့ပြန်မှု နည်းပညာများကို ပေါင်းစပ်ပြီး GravityZone Business Security Enterprise သည် အကြို နှင့် နောက်ဆက်တွဲ ထိန်းညှိ မြင်သာနိုင်စွမ်း၊ အကြောင်းရင်းမြစ် ခွဲခြမ်းစိတ်ဖြာမှု၊ ထောက်လှမ်းစစ်ဆေးခြင်း၊ ခြိမ်းခြောက်မှု ရှာဖွေခြင်း နှင့် ကုထုံး tool များ နှင့်အတူ endpoint ကာကွယ်ခြင်းအား တိုးမြှင့်ပေးထားသည်။

၎င်းသည် ဖိုင်မပါသောတိုက်ခိုက်မှုများ၊ hacking tool များ၊ exploit များ၊ ransomware, cryptojacking နှင့် အခြားနက်နဲသော malware နည်းလမ်းအမျိုးအစားများ ကဲ့သို့သော ရှုပ်ထွေးသည့်ခြိမ်းခြောက်မှုများကို ထိရောက်စွာ စုံစမ်းပြီး ရပ်တန့်ပေးသည်။ 

အလိုအလျောက်ဖြစ်ခြင်း နှင့် အသုံးပြုရ လွယ်ကူခြင်း

ကန့်သတ် ဆိုက်ဘာလုံခြုံရေးအရင်းအမြစ်များ ဆိုသည်မှာ လုပ်ငန်းများအတွက် အုပ်ချုပ်မှုဆိုင်ရာစိန်ခေါ်မှုများ သာမက အန္တရာယ်ရှိသော အားနည်းချက်တစ်ခုလည်း ဖြစ်သည်။

GravityZone Business Security Enterprise သည် အလုံးစုံသော လုံခြုံရေး အနေအထားအပေါ်တွင် အပေးအယူလုပ်ခြင်း မပြုဘဲ အဖွဲ့အစည်းများ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်မှုလျော့နည်းခြင်းကို ဖြေရှင်းရာတွင် ကူညီပေးရန် အလိုအလျောက်ဖြစ်ခြင်းနည်းပညာများ နှင့် အသုံးပြုရ လွယ်ကူခြင်းတို့အပေါ် အမှီပြုထားသည်။ 

ထိရောက်သော ကြိုတင်ကာကွယ်ခြင်း၊ လုံခြုံရေး အလိုအလျောက်ဖြစ်ခြင်း နှင့် အချက်ပြအလေးပေးမှု တို့သည် လုံခြုံရေးအဖွဲ့များ ထပ်ဆင့်သတိပြုမှု အမှန်တကယ်လိုအပ်သည့် အဖြစ်အပျက်များအပေါ် အာရုံစိုက်နေစေရန် ကူညီပေးခြင်းဖြင့် ဖြစ်စဉ်စုံစမ်းစစ်ဆေးခြင်း၏ဝန်ကို လျော့ချပေးသည်။

လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ ရိုးရှင်းမှု

Endpoint များပေါ်တွင် agent အများအပြား လုပ်ဆောင်စေခြင်းမှာ ဝယ်ယူမှု နှင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကို တိုးစေသည်သာမက လိုက်လျောညီထွေဖြစ်မှု ကန့်သတ်ချက်ကြောင့်လည်း လုံခြုံရေးကွာဟချက်များကို ဖြစ်စေနိုင်သည်။

မြန်ဆန်သောဖြန့်ကျက်မှု၊ မြန်ဆန်သောပေါင်းစည်းမှု နှင့် လွယ်ကူသောလုပ်ငန်းလည်ပတ်မှုများအတွက် စီမံဖန်တီးထားသော GravityZone Business Security Enterprise သည် physical/virtual, Windows, Mac နှင့် Linux အစရှိသော cross-platform လွှမ်းခြုံမှုကိုသေချာစေရန် နှင့် လုံခြုံရေးအလွှာများအားလုံးကို ပေါင်းစည်းရန် အခြေခံမှတည်ဆောက်ထားသည့် single console/single agent architecture တစ်ခုအပေါ် အမှီပြုထားသည်။

သွင်ပြင်လက္ခဏာများ နှင့် အကျိုးရလဒ်များ

ဖြစ်ရပ်စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်မှု

Attack timeline နှင့် sandbox output သုံးထားသော မြန်ဆန်သည့်အချက်ပြအလေးပေးမှု နှင့် ဖြစ်ရပ်စုံစမ်းစစ်ဆေးခြင်း တို့သည် အဖြစ်အပျက်တုံ့ပြန်သည့်အဖွဲ့များအား (တုံ့ပြန်ရန် click တစ်ချက်တည်းဖြင့်) ဖြစ်ပျက်နေသော တိုက်ခိုက်မှုများကို လျင်မြန်စွာ တုံ့ပြန်ပြီး ရပ်တန့် နိုင်စေသည်။

BIG DATA ခြိမ်းခြောက်မှု INTELLIGENCE

အကြီးဆုံးသော လုံခြုံရေး big-data platform သည် ပေါ်ထွက်နေသောခြိမ်းခြောက်မှုများတွင် ပါဝင်ဖြေရှင်းရန် နှင့် တိုက်ခိုက်မှုမျိုးစုံ၏ရန်မှ ချက်ချင်းကာကွယ်မှုကို ပေးရန် endpoint ပေါင်း ၅၀၀ မီလီယံကျော်ထံမှ အချိန်နှင့်တပြေးညီ data များကို စုဆောင်းသည်။

MODULAR အလွှာလိုက် ခုခံကာကွယ်မှု

အဆင့်မြင့် local နှင့် cloud machine learning, အပြုအမူ ခွဲခြမ်းစိတ်ဖြာခြင်း နည်းပညာများ, ပေါင်းစည်းထားသော sandbox နှင့် စက်လုံခြုံရေးတင်းကြပ်ခြင်း တို့အပါအဝင် လက်မှတ်မဲ့နည်းပညာများသည် ရှုပ်ထွေးသောခြိမ်းခြောက်မှုများကိုအံတုလျက် ထိရောက်မှုမြင့်မားသော အလွှာလိုက်ကာကွယ်မှု တစ်ခု အနေနှင့် အလုပ်လုပ်သည်။

End-to-end တိုက်ခိုက်ခြင်း စစ်ဆေးမှုများ

အကြို နှင့် နောက်ဆက်တွဲ ထိန်းညှိ တိုက်ခိုက်ခြင်း မြင်သာနိုင်မှုသည် လုံခြုံရေး ခွဲခြမ်းစိတ်ဖြာသူများအား ပိတ်ဆို့ထားသည့်တိုက်ခိုက်မှုများနှင့် ဖြစ်ပျက်နေသောသံသယရှိဖွယ်လုပ်ရပ်များ အပေါ် အကြောင်းရင်းမြစ် ခွဲခြမ်းစိတ်ဖြာမှု တို့ကို လုပ်ဆောင်စေနိုင်သည်။

ကမ္ဘာ့ အကောင်းဆုံး ကြိုတင်ကာကွယ်မှု

ကမ္ဘာ့အကောင်းဆုံး ကြိုတင်ကာကွယ်မှုအစု နှင့် ဆောင်ရွက်မှု အပြုအမူ-အခြေတည် စုံစမ်းခြင်း တတ်စွမ်းနိုင်မှုများသည် လုပ်ငန်းဖွဲ့စည်းတည်ဆောက်မှုအပေါ် အဆင့်မြင့်ခြိမ်းခြောက်မှုများလုပ်ဆောင်ခြင်းရန်မှ ကာကွယ်ပြီး တားမြစ်ရပ်တန့်ပေးသည်။ လက်ရှိခြိမ်းခြောက်မှုတစ်ခုကို စုံစမ်းမိသည်နှင့်တပြိုင်နက် အလိုအလျောက်တုံ့ပြန်မှုသည် ရှေ့ဆက်ပျက်ဆီးခြင်း သို့မဟုတ် နောက်ပိုင်းလှုပ်ရှားမှုများကို ပိတ်ပင်ရန်အတွက် စတင်အလုပ်လုပ်သည်။

ပေါင်းစည်းထားသော လုံခြုံရေးဆောင်ရွက်မှုများ

အိုင်တီ နှင့် လုံခြုံရေးဆောင်ရွက်မှုများအကြား ကွာဟချက် လျော့ချရာတွင်ကူညီရန် module များထည့်သွင်းထားသည်။ ၎င်းသည် အက်ပလီကေးရှင်း ထိန်းချုပ်မှု၊ စက် ထိန်းချုပ်မှု၊ patch အုပ်ချုပ်မှု အစရှိသော တိုက်ခိုက်မှုများ၏မျက်နှာပြင် လျော့နည်းစေခြင်းဖြင့် ဆိုက်ဘာအန္တရာယ် နည်းပါးရန်လိုအပ်သည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာအားထုတ်မှုကို လျှော့ချပေးသည်။

Single Agent/Single Console

Single agent/Single console solution တစ်ခုအနေဖြင့် အခြေခံမှတည်ဆောက်ထားပြီး လုပ်ငန်းသုံး endpoint များကို ထိရောက်စွာခုခံကာကွယ်ပေးရန် နှင့် ဆိုက်ဘာခြိမ်းခြောက်မှုအားလုံးကို ရပ်တန့်ရန် လိုအပ်သည့် နည်းပညာများအားလုံးကို ထည့်သွင်းထားသည်။ ၎င်းသည် agent အများအပြား အလုပ်လုပ်ရန် လိုအပ်ချက်ကို ဖယ်ရှင်းပေးပြီး ဖြန့်ကျက်မှု နှင့် လုပ်ဆောင်ချက်များကို သိသာစွာ ရိုးရှင်းပေးထားသည်။

Cross platform လွှမ်းခြုံမှု နှင့် 3RD PARTY ပေါင်းစည်းခြင်း API’S

၎င်းတွင် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုလုံးတလျှောက် တသမတ်တည်းလုံခြုံရေးကို ပေးသည့် Windows, Linux သို့မဟုတ် Mac, physical, virtualized သို့မဟုတ် cloud ဖွဲ့စည်းတည်ဆောက်ပုံများ အသုံးပြုထားသော လုပ်ငန်းသုံး endpoint အားလုံး အကျုံးဝင်သည်။ အရင်ရှိပြီးသား လုံခြုံရေးလုပ်ဆောင်မှု tool များ (SIEMS, ဥပမာ Splunk) နှင့် ဒေတာစင်တာ အထူးပြု နည်းပညာများ (ဈေးကွက်ထဲရှိ အဓိက hypervisor များအားလုံး) နှင့် ပေါင်းစည်းခြင်းကိုလည်း ပံ့ပိုးပေးသည်။

EDR လွယ်ကူလွန်းသည့်အတွက် သင် ၎င်းအား အမှန်တကယ် အသုံးပြုနိုင်သည်

ရိုးရာ EPP လုပ်ဆောင်ချက်များထက်ပိုစွာ အကျယ်ချဲ့ထားသော GravityZone Business Security Enterprise သည် လုံခြုံရေးခွဲခြမ်းစိတ်ဖြာသူများ နှင့် ဖြစ်ရပ်တုံ့ပြန်မှုအဖွဲ့များအား သံသယဖြစ်ဖွယ်လုပ်ရပ်များ အလေးပေးစုံစမ်းစစ်ဆေးခြင်းနှင့် အဆင့်မြင့်ခြိမ်းခြောက်မှုများအပေါ် တိကျမှန်ကန်စွာတုံ့ပြန်ရန် ၎င်းတို့လိုအပ်သည့် tool များကို ပေးသည် –

 

  • အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးခြင်းနှင့် အလိုအလျောက် ကုသဖြေရှင်းခြင်း
  • မြန်ဆန်သော ဖြစ်ရပ် အလေးပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်ခြင်း
  • သံသယဖြစ်ဖွယ် လုပ်ရပ် စုံစမ်းထောက်လှမ်းခြင်း
  • သံသယဖြစ်ဖွယ် လုပ်ရပ် သတ်မှတ်ခြင်း နှင့် အချက်ပြအလေးပေးခြင်း
  • Click-တစ်ချက်တည်း ဖြစ်ရပ် တုံ့ပြန်မှု
  • အကြို နှင့် နောက်ဆက်တွဲ ထိန်းညှိ စစ်ဆေးမှုများ (အကြောင်းရင်းမြစ် ခွဲခြမ်းစိတ်ဖြာမှု)
  • ခြိမ်းခြောက်မှု ထောက်လှမ်းခြင်းအတွက် လက်ရှိ နှင့် သမိုင်းဝင် အချက်အလက် ရှာဖွေမှု
  • IOCs
  • MITRE tag များ
  • ဖြစ်စဉ်များ၊ ဖိုင်များ၊ Registry entry များ သို့မဟုတ် အခြား parameter များ

Bitdefender ၏ အဆင့်မြင့် endpoint နည်းပညာသည် သင့်နှင့်အတူတွေးပြီး ပုံဖော်ထားသည့် suite များ အတွင်း ပါဝင်ပေါင်းစပ်ထားသည်။

 
GravityZone Suite Advanced Business Security

အပြည့်အဝ အလိုအလျောက်ဖြစ်ပြီး မည်သည့်လုပ်ငန်းအတွက်မဆို touch security မလိုပါ

Business Security Premium​

အရေးကြီးခြိမ်းခြောက်မှုများအား ခွဲခြမ်းစိတ်ဖြာစဉ် အလိုအလျောက် ကာကွယ်မှုကို ရှာနေသည့် လုံခြုံရေး-ဗဟိုပြု လုပ်ငန်းများ အတွက်

Business Security Enterprise

ခြိမ်းခြောက်မှု ဖြစ်စဉ်တစ်ခုလုံးအား ထောက်ပြရန် ရေးဆွဲထားသော  အဆင့်မြင့် ကာကွယ်မှု၊ စုံစမ်းစစ်ဆေးမှု နှင့် တုံ့ပြန်မှုတို့တွင် အကောင်းဆုံး

ပေါင်းစည်းထားသော Endpoint စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်မှု
အကြောင်းရင်းမြစ် ခွဲခြမ်းစိတ်ဖြာမှု (historical support ရက် ၉၀ နှင့်အတူ)
အဝေးထိန်း တုံ့ပြန်မှု လုပ်ရပ် (အဝေးထိန်း အကာအကွယ် နှင့် ယာယီစောင့်ကြပ်ကြည့်ရှုခြင်း)
MITRE နည်းလမ်း Tag လုပ်ခြင်း
သံသယဖြစ်ဖွယ် လုပ်ရပ် အချက်ပြခြင်း
Cloud-အခြေပြု Sandbox Threat Analysis 
HyperDetect သုံးစွဲသူ-ထိန်းညှိနိုင်သော Machine Learning 
malware သွင်ပြင်လက္ခဏာပေါင်း ၈၀,၀၀၀ အပေါ်အခြေခံထားသော On device machine learning
လက်ရှိ မှတ်ဉာဏ်ဖျက်ဆီးခြင်းမှ ကာကွယ်မှု
အန္တရာယ်ရှိ ဖြစ်စဉ် အပြုအမူ တားမြစ်ပိတ်ဆို့ခြင်း
အုပ်ထိန်းမှု Console Cloud သို့မဟုတ် On permise Cloud သို့မဟုတ် On premise Cloud
 

Suite များအားလုံးတွင် ကာကွယ်မှု အလွှာပေါင်း ၃၀ ကျော် ပါဝင်ထားသည် – အဆင့်မြင့် ခြိမ်းခြောက်မှု ရှင်းလင်းခြင်း၊ Virtualized ပတ်ဝန်းကျင်များအတွက် ဘုံ ကာကွယ်မှု၊ စက် ထိန်းချုပ်မှု၊ ဝက်ဘ် ခြိမ်းခြောက်မှု ကာကွယ်ခြင်း၊ Firewall ၊ Exchange Malware ကာကွယ်ခြင်း၊ အက်ပလီကေးရှင်း အသိအမှတ်ပြုခြင်း (premise ပေါ်တွင်သာ) ၊ အက်ပလီကေးရှင်း နာမည်ပျက်စာရင်းသွင်းခြင်း၊ မိုဘိုင်း စက် ထိန်းချုပ်မှု (premise ပေါ်တွင်သာ)

ထပ်ဆင့် နည်းလမ်းများ –

  • Disc အပြည့် စကားဝှက်ခြင်း
  • Patch အုပ်ချုပ်မှု
  • စီမံပြီးသား Endpoint စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်မှု
  • Hypervisor လုံခြုံရေး

Bitdefender အလွှာလိုက် မျိုးဆက်သစ် endpoint ကာကွယ်မှု platform

Endpoint ထိန်းချုပ်မှုများ၊ ကြိုတင်ကာကွယ်မှု၊ စုံစမ်းစစ်ဆေးမှု၊ ကုသဖြေရှင်းခြင်း နှင့် မြင်သာမှု တို့ပါဝင်သည့် ဆီလျော်သော အလွှာလိုက် architecture အား သုံးထားသည်။

လုံခြုံရေး တင်းကြပ်ခြင်း နှင့် ထိန်းချုပ်မှု

Patch အုပ်ချုပ်မှု

အက်ပလီကေးရှင်း ထိန်းချုပ်မှု

Disk အပြည့် စကားဝှက်ခြင်း

စက် ထိန်းချုပ်မှု

ဝက်ဘ်-ခြိမ်းခြောက်မှု ကာကွယ်ခြင်း

Firewall

PRE-EXECUTION စုံစမ်းစစ်ဆေးခြင်း

လက်မှတ် နှင့် Cloud Lookup

Local နှင့် Cloud ML

HyperDetect ထိန်းညှိနိုင်သော ML

Sandbox Analyzer

ON & POST-EXECUTION စုံစမ်းစစ်ဆေးခြင်း

Anti-Exploit

ဖြစ်စဉ် စုံစမ်းစစ်ဆေးသည့်အရာ

ဖြစ်ရပ် မှတ်တမ်းတင်သည့်အရာ

ခြိမ်းခြောက်မှု သုံးသပ်ချက်များ

အလိုအလျောက် လုပ်ဆောင်မှု

ဝင်ရောက်အသုံးပြုခွင့် တားမြစ်ခြင်း

ယာယီ စောင့်ကြပ်ကြည့်ရှုခြင်း

ပိုးသတ်ခြင်း နှင့် ဖယ်ရှင်းခြင်း

ဖြစ်စဉ် ရပ်တန့်ခြင်း

နောက်ပြန်လှည့်ခြင်း

စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်မှု

IoC Lookup

တားမြစ်စာရင်း

ကွန်ယက် သီးသန့်ထားခြင်း

ဖောက်ခွဲဖျက်ဆီးခြင်း

မြင်သာမှု

အစီရင်ခံခြင်း နှင့် အချက်ပေးခြင်း

အစီရင်ခံချက်များ

အကြောင်းကြားခြင်းများ

SIEM ပေါင်းစည်းမှု

API ထောက်ပံ့မှု

မူရင်း ကိုးကားချက်များ

PRE-EXECUTION အဆင့်တွင် ဖိုင်မပါ တိုက်ခိုက်မှုများကို ရပ်တန့်ပါ

 

ခြိမ်းခြောက်မှုပြုသူများသည် ဖိုင်မပါ တိုက်ခိုက်မှုများဆီသို့ ရွှေ့လာနေကြသည်။ ကျွမ်းကျင်သူများမှ သင့်အား ဤတိုက်ခိုက်မှုများသည် endpoint လုံခြုံရေး solution များအားဖြင့် ကြိုတင်ကာကွယ်မှုမပြုနိုင်ကြောင်း ပြောဆိုလိမ့်မည်။ Bitdefender ၌မူ ကျွန်ုပ်တို့သည် မိမိကိုယ်ကို စိန်ခေါ်ခြင်းဖြင့်…

ရှုပ်ထွေးသော ဆိုက်ဘာခြိမ်းခြောက်မှုများ၏ ကျယ်ပြန့်မှုရန်မှ သင့်လုပ်ငန်းအား ကာကွယ်ပါ

Enterprise Strategy Group (ESG) မှ သမိုင်းသည် ၎င်းကိုယ်တိုင် အဖန်တလဲလဲဖြစ်စဉ်တွင်ရှိနေကြောင်း ယုံကြည်နေကြသည်။ အဘယ်ကြောင့်ဆိုသော် EPP suite များ၏ မျိုးဆက်သစ်တစ်ခုကို ဖန်တီးရန် အဆင့်မြင့် ကြိုတင်ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း နှင့် တုံ့ပြန်မှု ထိန်းချုပ်ခြင်းများအား ပေါင်းစပ်လိုက်ကြသည်။ သိသိ မသိသိ ခြိမ်းခြောက်မှုများကို ချေဖျက်ခြင်းတွင် ပိုမို အသုံးဝင်ပြီး ထိရောက်သော Suite များဖြစ်သည်။

ထောက်ခံချက်

“အစိုးရ ဝန်ထမ်းများ ကျန်းမာရေး အဖွဲ့အစည်းသည် ဆေးဖက်ဆိုင်ရာ နှင့် သွားဖက်ဆိုင်ရာ အာမခံ ပေးသော အကြီးဆုံး အာမခံပေးသူများထဲမှ တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ထောင်ပေါင်းရာချီသော ပြည်နယ်အစိုးရဝန်ထမ်းများကို အာမခံပေးထားသည်။ Bitdefender GravityZone Elite သည် အချက်အလက်စင်တာ နှစ်ခု တလျှောက် အာမခံပေးသူ ၏ virtual နှင့် physical ဆာဗာများ၊ အလုပ်ဌာနများ နှင့် virtual desktop ပေါင်း ၁,၉၀၀ လုံးကို အကာအကွယ်ပေးသည်။”

ထပ်ဆင့် ကာကွယ်ခြင်း အလွှာများ နှင့် ဝန်ဆောင်မှုများ

GRAVITYZONE INTEGRATED PATCH MANAGEMENT

Unpatched စနစ်များသည် အဖွဲ့အစည်းများအား malware အနေအထားများ၊ ရုတ်တရက်ဖြစ်ပွားမှုများ နှင့် data ချိုးဖောက်မှုများဆီသို့ အလွယ်တကူဆွဲခေါ်သည်။ သင့် OS နှင့် Applications များအား Windows install base – workstations တစ်ခုလုံး, physical servers နှင့် virtual servers တလျှောက် GravityZone Patch Management ဖြင့် နောက်ဆုံးပေါ်ဖြစ်နေအောင် ထားပါ။

အချက်အလက်မှတ်တမ်းစာရွက် အား ဒေါင်းလုတ် လုပ်ရန် >

GRAVITYZONE FULL DISK ENCRYPTION

GravityZone FDE သည် Windows (BitLocker) နှင့် Mac (FileVault) မှပေးထားသော encryption mechanisms ကိုအားဖြည့်ပေးခြင်းဖြင့် endpoint ၏ hard drive တစ်ခုလုံးအတွက် data ကို ကာကွယ်ပေးသည်။ ၎င်းသည် မူရင်း device encryption ကို အခွင့်ကောင်းယူကာ ဆီလျော်မှုအပြည့်နှင့်မြင့်မားသောစွမ်းဆောင်မှုကို သေချာစေသည်။ GZ FDE အား GravityZone Console နှင့် Agent အဖြစ်ပေါင်းစည်းထားပြီး စေလွှတ်ရန် ထပ်ဆင့် agent မလိုသည့်အပြင် install လုပ်ရန် key management server လည်း မလိုပေ။ Full Disk Encryption ကို ထိန်းချုပ်ရန် ရှိရင်းစွဲ endpoint လုံခြုံရေး တည်ဆောက်မှုကို အသုံးပြုခြင်းက အုပ်ချုပ်မှုပိုင်းဆိုင်ရာအားထုတ်မှုအနည်းငယ်နှင့်အတူ ပြည့်ဝသော ဗဟို စေလွှတ်မှုကို တတ်နိုင်သည်။
ထပ်ဖတ်ရန် >

ပရောဖက်ရှင်နယ် ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ကျွမ်းကျင်သူများမှ သင့်လုပ်ငန်း applications လိုအပ်သည့် ထိပ်တန်းကာကွယ်မှုနှင့်လုပ်ဆောင်မှုအတွက် သင်၏ Bitdefender solution ကို install လုပ်ခြင်းနှင့် configure လုပ်ရာတွင် ကူညီလိမ့်မည်။ ဤဝန်ဆောင်မှုများမှာ ဝယ်ယူသုံးစွဲသူများအား အဆင်ပြေချောမွေ့ကာ ဒုက္ခကင်းသောစတင်ခြင်းကို သေချာစေပြီး အသုံးပြုနေစဉ်တလျှောက် ကျွမ်းကျင်သူများထံမှလမ်းညွှန်ချက် အကျိုးကျေးဇူးများ ပါဝင်သည်။

ကျွမ်းကျင်သော Bitdefender အင်ဂျင်နီယာများမှာ အကောင်းဆုံးလုပ်ဆောင်ချက်များကိုလိုက်နာပြီး သင့်ပတ်ဝန်းကျင်တွင် သင် လုံခြုံရေး solution ကို install လုပ်စဉ် ကူညီရာ၌ သင့်လုပ်ငန်းလိုအပ်ချက်များကို မှတ်သားပေးထားပါလိမ့်မည်။

သတ်မှတ်ချက်များ နှင့် မေးလေ့မေးထရှိသော အမေးအဖြေများ

သတ်မှတ်ချက်များ / စနစ် လိုအပ်ချက်များ

GravityZone Business Security Enterprise​ အား cloud console နှင့်အတူရရှိနိုင်သည်။ ၎င်းသည် desktop များ၊ laptop များ၊ server များ (physical နှင့် virtual) နှင့် mailbox များအား ကာကွယ်ပေးသည်။ ဆာဗာများသည် ယူနစ်အားလုံး၏ ၃၅% အောက်တွင်သာ ရှိနေသင့်သည်။

ပံ့ပိုးပေးထားသော OPERATING SYSTEM များ -

Windows Desktop
Windows 10 October 2018 Update (version 1809), Windows 10 April 2018 Update (version 1803), Windows 10 Fall Creators Update (version 1709), Windows 10 Creators Update (version 1703), Windows 10 Anniversary Update (version 1607), Windows 10 November Update (version 1511), Windows 10 (RTM, version 1507), Windows 8.1, Windows 8, Windows 7

Windows Tablet and Embedded

Windows Embedded 8.1 Industry, Windows Embedded 8 Standard, Windows Embedded Standard 7, Windows Embedded Compact 7, Windows Embedded POSReady 7, Windows Embedded Enterprise 7

Windows Server

Windows Server 2019, Windows Server 2016, Windows Server 2016 Core, Windows Server 2012 R2, Windows Server 2012, Windows Small Business Server (SBS) 2011, Windows Server 2008 R2

macOS

macOS Mojave (10.14), macOS High Sierra (10.13.x), macOS Sierra (10.12.x), OS X El Capitan (10.11.x), OS X Yosemite (10.10.5), OS X Mavericks (10.9.5)

Linux

Ubuntu 14.04 LTS or higher, Red Hat Enterprise Linux / CentOS 6.0 or higher, SUSE Linux Enterprise Server 11 SP3 or higher, OpenSUSE Leap 42.x, Fedora 25 or higher, Debian 8.0 or higher, Oracle Linux 6.3 or higher, Amazon Linux AMI 2016.09 or higher
မှတ်ချက်။ သတ်မှတ်ထားသော kernel version များအား ပံ့ပိုးပေးသည်။ အသေးစိတ်အချက်အလက်များအတွက် ထုတ်ကုန်စာတမ်းအား ကျေးဇူးပြု၍ ကိုးကားပါ။

HD GRAVITYZONE ENDPOINT လုံခြုံရေး HD
  • Exchange Server 2016, 2013, 2010
  • Physical and virtual servers
  • Roles: Edge, Hub and Mailbox
  • Protocols: SMTP, MAPI, Exchange ActiveSync
ENDPOINT လုံခြုံရေး XDR

(HyperDetect နှင့် Sandbox Analyzer module များ ပါဝင်သည့်) အောက်ပါတို့တွင် ရယူနိုင်သည် –
Windows Desktop
Windows 10 October 2018 Update (version 1809), Windows 10 April 2018 Update (version 1803), Windows 10 Fall Creators Update (version 1709), Windows 10 Creators Update (version 1703), Windows 10 Anniversary Update (version 1607), Windows 10 November Update (version 1511), Windows 10 (RTM, version 1507), Windows 8.1, Windows 8, Windows 7

Windows Tablet and Embedded

Windows Embedded 8.1 Industry, Windows Embedded 8 Standard, Windows Embedded Standard 7, Windows Embedded Compact 7, Windows Embedded POSReady 7, Windows Embedded Enterprise 7

Windows Server

Windows Server 2019, Windows Server 2016, Windows Server 2016 Core, Windows Server 2012 R2, Windows Server 2012, Windows Small Business Server (SBS) 2011, Windows Server 2008 R2

Linux

Ubuntu 14.04 LTS or higher, Red Hat Enterprise Linux / CentOS 6.0 or higher, SUSE Linux Enterprise Server 11 SP4 or higher, OpenSUSE Leap 42.x, Fedora 25 or higher, Debian 8.0 or higher, Oracle Linux 6.3 or higher, Amazon Linux AMI 2016.09 or higher

မှတ်ချက် ၁။ သတ်မှတ်ထားသော kernel version များအား ပံ့ပိုးပေးသည်။ အသေးစိတ်အချက်အလက်များအတွက် ထုတ်ကုန်စာတမ်းအား ကျေးဇူးပြု၍ ကိုးကားပါ။
မှတ်ချက် ၂။ Sandbox Analyzer module သည် Linux endpoint များပေါ်တွင် မရရှိနိုင်ပါ။

ENDPOINT HARDWARE လိုအပ်ချက်များ

Minimum : 2.4 GHz single-core CPU
Recommended: 1.86 GHz or faster Intel Xeon multi-core CPU

Memory:
Minimum free RAM: 512 MB
Recommended free RAM: 1 GB
HDD space: 1.5 GB of free hard-disk space

မေးလေ့မေးထရှိသော အမေးအဖြေများ

ဒီ SOLUTION ရဲ့အစမ်းသုံးခြင်းကို အစပြုဖို့ ဘာတွေလိုအပ်သလဲ ?

GravityZone Business Security Enterprise​ ၏ သရုပ်ပြမှု တစ်ခုကို တောင်းခံရန် ဤ အမေးပုံစံ ကို ကျေးဇူးပြု၍ ဖြည့်ပေးပါ

GRAVITYZONE BUSINESS SECURITY ENTERPRISE အတွက် လိုင်စင်တစ်ခုကို ဘယ်လိုရယူနိုင်ပါသလဲ ?

သရုပ်ပြကာလ ကုန်ဆုံးလျှင် ကျွန်ုပ်တို့ထံ ဆက်သွယ် ပြီး Business Security Enterprise​ လိုင်စင် key တစ်ခုကို တောင်းခံပါ

MAILBOX များ၏အစိတ်အပိုင်းတစ်ခုကိုပဲ ကာကွယ်ဖို့ ရွေးပြီး ကျန်အရာများကို မကာကွယ်ပဲ ထားထားလို့ရနိုင်ပါသလား ?

Security for Exchange တွင် mailbox များ၏အစိတ်အပိုင်းတစ်ခုကိုသာ ကာကွယ်ခြင်း နှင့် သတ်မှတ်ထားသော mailbox များအား လိုင်စင်ပေးခြင်းမှ ပယ်ထုတ်ခြင်း တို့အပေါ် ထောက်ပံ့မှုမပေးထားပါ။ Security for Exchange အား အကာအကွယ်ရှိသည့် Exchange ဆာဗာ နှင့်သက်ဆိုင်သော Exchange အဖွဲ့အစည်းကို ကာကွယ်ပေးရန် ရေးဆွဲထားခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ၎င်းသည် အသုံးပြုသူ/အခန်း/စက်ပစ္စည်း/ခွဲဝေသုံးသော mailbox များ ပါဝင်သည့် လက်ရှိ mailbox အားလုံးကို အကာအကွယ်ပေးသည်။

လုံခြုံရေးအကြောင်းပြချက်များအတွက် ၎င်းသည် mailbox အားလုံးကို ကာကွယ်ရန် အကြံပြုခံထားရသည်။ သို့မဟုတ်လျှင် malware သည် အကာအကွယ်မလုပ်ထားသော mailbox များသုံးပြီး သင့်ဖွဲ့စည်းတည်ဆောက်မှုအတွင်းသို့ ဝင်ရောက်နိုင်ကာ အဖွဲ့အစည်းတစ်ခုလုံးအတွင်း ပျံ့နှံ့သွားနိုင်သည်။

INSTALL လုပ်ခြင်းနှင့်ပတ်သက်ပြီး အကူအညီ ဘယ်လိုရနိုင်မလဲ ?

Bitdefender ကျွမ်းကျင်သူများနှင့်အတူ သင်၏ Bitdefender Partner မှ သင့်လုပ်ငန်း အက်ပလီကေးရှင်းများ လိုအပ်ချက်အပေါ် အမြင့်ဆုံးကာကွယ်ခြင်း နှင့် လုပ်ဆောင်မှုတို့အတွက် သင်၏ Bitdefender solution အား install လုပ်၊ စီမံပေးရာတွင် ကူညီနိုင်သည်။ SMB Start ဝန်ဆောင်မှုသည် အဆင်ပြေချောမွေ့ပြီး အမှားကင်းသောအစတစ်ခု ကိုသေချာစေခြင်းဖြင့် အကောင်အထည်ဖော်ခြင်း အစမှတလျှောက် ကျွမ်းကျင်သည့် ညွှန်ပြချက်၏ အကျိုးကျေးဇူးကို ဝယ်ယူသူများအား ပေးသည်။

GRAVITYZONE BUSINESS SECURITY ENTERPRISE မှာ ကျွန်ုပ် ထပ်ဖြည့်နိုင်တဲ့ ထပ်ဆင့်သွင်ပြင်လက္ခဏာများ ရှိပါသေးသလား ?

မည်သည့် Bitdefender endpoint solution ကိုမဆို ကာကွယ်ခြင်းကဏ္ဍများ တိုးမြှင့်ရန် သင်သည် ကာကွယ်မှုအလွှာများကို ပိုမို ထပ်ဖြည့်နိုင်သည်။ သင့်အနေနှင့် သင်၏ Windows OS နှင့် အက်ပလီကေးရှင်းများ နောက်ဆုံးပေါ်ဖြစ်နေစေရန် Patch အုပ်ချုပ်မှု၊ သို့မဟုတ် သင့် endpoint များပေါ်တွင်ရှိနေသော အချက်အလက်များကို ကာကွယ်ရန် Disk အပြည့်စကားဝှက်ခြင်း၊ သို့မဟုတ် endpoint လုံခြုံရေး tool များ မှတ်ဉာဏ်ချိုးဖောက်ခြင်းများကို ဖော်ထုတ်ရန် နှင့် kernel အဆင့်တွင် အဆင့်မြင့်တိုက်ခိုက်မှုများကို ရပ်တန့်ရန် HVI တို့ကို ထပ်ဖြည့်နိုင်သည်။

အကယ်၍ သင် GravityZone Business Security Enterprise​ Protection ကိုသုံးစွဲကြည့်ချင်လျှင် ဤနေရာ၌ အလျင်အမြန်အစပြုလိုက်ပါ –