မိုဘိုင်း အတွက် Bitdefender GravityZone လုံခြုံရေး

တစ်စုတည်းသောလုံခြုံရေးမှ မည်သည့် platform နှင့် နေရာ မဆို သင့်စက်များအား ကာကွယ်ပေးသည်။

မိုဘိုင်းအတွက် လုံခြုံရေး

 

မိုဘိုင်းအတွက် Bitdefender လုံခြုံရေးသည် BYOD တွေ့ကြုံမှုတွင် အိုင်တီ ရောယှက်ခြင်း နှင့် အားထုတ်ခြင်းများ နည်းပါးအောင်လုပ်စဉ် အဖွဲ့အစည်းများအား လိုက်နာမှုဆက်လက်ရှိနေရန် ကူညီသည့် ဘက်စုံ မိုဘိုင်းလုံခြုံရေးချဉ်းကပ်မှု တစ်ခုကို မိတ်ဆက်ပေးထားသည်။ GravityZone ထိန်းချုပ်မှုစင်တာ အတွင်း တင်းကြပ်စွာပေါင်းစပ်ထားခြင်းဖြင့် မိုဘိုင်းအတွက် Bitdefender လုံခြုံရေးသည် သင့်အား virtualized နှင့် physical endpoint များ တလျှောက် လုံခြုံရေး ထိန်းချုပ်ရန်အတွက်သုံးသည့် တူညီသော အုပ်ချုပ်မှု platform မှနေ၍ မိုဘိုင်းစက်များအတွက် ထပ်ဆင့်ဖွဲ့စည်းတည်ဆောက်ပုံမလိုဘဲ လုံခြုံရေးစည်းမျဉ်းများကို ပြဌာန်းပေးသည်။ မိုဘိုင်းလုံခြုံရေး ဝန်ဆောင်မှုများသည် Bitdefender GravityZone ၏ ထူးခြားသော architecture အကျိုးရလဒ်များအားလုံးကို ရရှိထားသည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို လျော့နည်းစေရန် တစ်စုတည်းသော လုံခြုံရေး

Virtualized နှင့် physical endpoint များကို ထိန်းချုပ်ရန် သုံးထားသော တူညီသည့် ဝက်ဘ်-အခြေပြု console မှနေ၍ လွယ်ကူသောအုပ်ချုပ်မှုကို တတ်စွမ်းနိုင်သည်။

iOS နှင့် Android မိုဘိုင်းစက်များအား လုံခြုံစေပြီး ထိန်းချုပ်ပေးသည်။

တစ်စုတည်းသော လုံခြုံရေးသည် ထိန်းချုပ်မှုနေရာတစ်ခုတည်းမှနေ၍ မည်သည့် platform မဆို သင့်စက်များအား ကာကွယ်ပေးသည်။

နံပါတ်တစ် အဆင့်ရှိ Antimalware နည်းပညာ

Android စက်များအတွက် အချိန်နှင့်တပြေးညီ ဝယ်လိုအားများသော antimalware scan ဖတ်ခြင်းသည် ထိုစက်များ အန္တရာယ်ရှိသောကုဒ် ရန်မှကင်းဝေးရန် သေချာစေသည်။

သွင်ပြင်လက္ခဏာများ နှင့် အကျိုးရလဒ်များ

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို လျော့နည်းစေရန် တစ်စုတည်းသော လုံခြုံရေး

Bitdefender ၏ solution အား အသုံးပြုသူများ၏စက်အားလုံးပေါ်တွင် လုံခြုံရေးစည်းမျဉ်းများကို တသမတ်တည်းပြဌာန်းခြင်းဖြင့် bring-your-own-device (BYOD) သဘောတရား၏ ထိန်းချုပ်ထားသော ဆော့ဖ်ဝဲအကောင်အထည်ဖော်ခြင်းကို အထောက်အပံ့ပေးရန် ရေးဆွဲထားခြင်းဖြစ်သည်။ ရလဒ်တစ်ခုအနေဖြင့် မိုဘိုင်းစက်များကို ထိန်းချုပ်ပြီး ၎င်းတို့ထဲရှိ အရေးကြီးလုပ်ငန်းအချက်အလက်များကို ကာကွယ်ပေးသည်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာဝန်ထုပ်သည်လည်း လိုက်နာမှု ပြုသော၊ မပြုသောစက်များ ၏ အမြဲတမ်း နောက်ဆုံးရအခြေအနေ နှင့်အတူ လျှော့ချပေးခြင်းခံရသည်။

#၁ အဆင့်ရှိ antimalware နည်းပညာ

ဝယ်လိုအားများသော antimalware scan ဖတ်ခြင်းအား Android စက်များအတွက် ထိုစက်များ အန္တရာယ်ရှိသောကုဒ် ရန်မှကင်းဝေး သေချာစေရန် ပါဝင်ထားပေးသည်။ Scan ဖတ်ခြင်းမှာ ဖယ်ထုတ်နိုင်သော storage စက်တစ်ခု ထိုးသွင်းချိန် သို့မဟုတ် အက်ပလီကေးရှင်းအသစ်တစ်ခု သွင်းသည့်အချိန်တိုင်းတွင် အလိုအလျောက် အစပြုသည်။ Scan ဖတ်ခြင်းသည် Android malware အား စုံစမ်းထောက်လှမ်းပြီး မိုဘိုင်းအသုံးပြုသူများအား အဖွဲ့အစည်း အတွင်းပိုင်း သို့မဟုတ် အပြင်ပိုင်းမှ အခြားအသုံးပြုသူများထံသို့ ကူးစက်ခံဖိုင်များ ဖြန့်ဝေမိခြင်းထံမှ ကာကွယ်ပေးသည်။

BRING-YOUR-OWN-DEVICE (BYOD) ကာကွယ်ခြင်း

Bitdefender သည် လုပ်ငန်းဝန်ဆောင်မှုများ ဝင်ရောက်ရယူခွင့် တားမြစ်ခြင်း၊ စက်အား အသေလော့ခ်ချခြင်း သို့မဟုတ် စက် ခိုးခံပြီး root ဖောက်ခံရလျှင် ၎င်းအား ရှင်းထုတ်ပစ်ခြင်း ကဲ့သို့သော လိုက်နာမှုမပြုလုပ်ထားသည့်စက်များအတွက် pre-defined လုပ်ရပ်များနှင့်အတူ iPhone များ၊ iPad များ နှင့် Android စက်များ၏ ဘုံ လုံခြုံရေး ပေါ်လစီ အုပ်ချုပ်မှု နှင့်အတူ BYOD အစပြုမှုများကို ထောက်ပံ့ပေးထားသည်။

ရိုးရှင်းသော်လည်း ထိရောက်သော screen လော့ခ်ချခြင်း နှင့် ခွင့်ပြုချက်အား ပြဌာန်းပေးသည်။

မိုဘိုင်းစက်အသုံးပြုသူများအနေနှင့် ခွင့်ပြုချက်ဖြင့် screen လော့ခ်ချခြင်းမှာ ၎င်းတို့၏ မိုဘိုင်းဖုန်း သို့မဟုတ် tablet အသုံးပြုမှုကို အနှောင့်အယှက်ဖြစ်စေသည် ဟုထင်ရသော်လည်း ၎င်းတို့၏ laptop ပေါ်တွင် လှို့ဝှက်ကုဒ်တစ်ခုလိုအပ်ခြင်းအပေါ်တွင်တောံ မည်သူမျှ မေးခွန်းထုတ်ကြလိမ့်မည်မဟုတ်ပေ။ Bitdefender မှ အသုံးပြုသူ စက်များအားလုံးပေါ်တွင် တသမတ်တည်း လုံခြုံရေးစည်းမျဉ်းများကို သုံးရန် ၎င်းအားရိုးရှင်းအောင်လုပ်ထားပြီး အသုံးမပြုသော ဖုန်းများ သို့မဟုတ် tablet များသို့ မလိုလားသော ဝင်ရောက်အသုံးပြုမှုကို ကြိုတင်ကာကွယ်ပေးသည်။

လုံခြုံရေးမှာ End user ၏ ရွေးချယ်မှုတစ်ခု မဖြစ်နိုင်စဉ် ဘုံထိန်းချုပ်သော လုံခြုံရေးစည်းမျဉ်းများသည် မိနစ်အနည်းငယ်အကြာ screen လော့ခ်ချခြင်း သို့မဟုတ် မအောင်မြင်သောကြိုးစားမှုအကြိမ်အများဆုံးနှင့်အတူ ရှုပ်ထွေးသောလှို့ဝှက်ကုဒ်များ ပါဝင်သည့် မိုဘိုင်းစက်များပေါ်ရှိ လုံခြုံရေး သွင်ပြင်လက္ခဏာများ၏ လွယ်ကူသောပြဌာန်းမှုကို ခွင့်ပြုပေးသည်။

Endpoint ထိန်းချုပ်မှု နှင့် လုံခြုံရေးတင်းကြပ်ခြင်း

သွင်ပြင်လက္ခဏာအများအပြားသည် တိုက်ခိုက်မှု မျက်နှာပြင် လျော့နည်းရန် အတူတကွလုပ်ဆောင်ကြသည် – Patch အုပ်ချုပ်မှု၊ Disk အပြည့် စကားဝှက်ခြင်း၊ ဝက်ဘ်ခြိမ်းခြောက်မှု ကာကွယ်ခြင်း၊ Firewall ၊ အက်ပလီကေးရှင်း နှင့် စက် ထိန်းချုပ်မှု

ပျောက်ဆုံး သို့မဟုတ် ခိုးခံရသော စက်များ အသုံးပြုခြင်းအား ကြိုတင်ကာကွယ်သည်

Bitdefender သည် လုပ်ငန်းများတွင် အလိုအပ်ဆုံးနှင့်အသုံးများဆုံး လုံခြုံရေးသွင်ပြင်လက္ခဏာများ နှင့်အတူ ရှိပြီးသား Apple iOS နှင့် Android လုပ်ဆောင်မှုစနစ်များအား လုပ်ဆောင်မှုတိုးမြှင့်ပေးသည်။ ဤအဓိကသွင်ပြင်လက္ခဏာများထဲမှ တစ်ခုမှာ သီးသန့်အချက်အလက်များ မသမာသူလက်ထဲသို့ရောက်ရှိသွားခြင်းမှ ကာကွယ်ရန် ပျောက်ဆုံး သို့မဟုတ် ခိုးခံရသောစက်များ၏ ဘုံအုပ်ချုပ်မှုစနစ် ဖြစ်သည်။

 မိုဘိုင်းစက်များပေါ်ရှိ အရေးကြီး အချက်အလက်များမှာ အီးမေးလ်ဆက်သွယ်ခြင်းများမှစ၍ လူနာအချက်အလက် နှင့် ကိုယ်ရေးကိုယ်တာဓါတ်ပုံများအထိ အမျိုးစုံသည်။ Bitdefender မှ အဝေးထိန်း လော့ခ်ချခြင်း၊ အချက်အလက်နှင့် စက်ကိုယ်တိုင် ဖြစ်နိုင်ချေပြန်ရယူရန် ၎င်းတို့အားနေရာထောက်ခြင်း အားဖြင့် ပျောက်ဆုံး သို့မဟုတ် ခိုးခံရသော မိုဘိုင်းစက်များ အသုံးပြုမှုကို ကာကွယ်ပေးသည်။ အကယ်၍ စက်အား ပြန်လည်မရယူနိုင်လျှင် အချက်အလက်ယိုစိမ့်မှု အန္တရာယ် အနည်းဆုံးဖြစ်ရန် သတင်းအချက်အလက်များကို ရိုးရှင်းစွာ ဖျက်ထုတ်ပစ်နိုင်သည်။

သတ်မှတ်ချက်များ

အသုံးပြုနိုင်သော OS နှင့် စနစ် လိုအပ်ချက်များ

OS CoverageApple iPhones and iPad tablets (iOS 5.1+)
Google Android smartphones and tablets (2.2+)

စနစ်လိုအပ်ချက်များ

မိုဘိုင်းအတွက် လုံခြုံရေးသည် အောက်ပါ မိုဘိုင်းစက်များ နှင့် လုပ်ဆောင်မှုစနစ် အမျိုးအစားများကို ထောက်ပံ့ပေးသည် –
Apple iPhones and iPad tablets (iOS 5.1+)
Google Android smartphones and tablets (2.2+)

Bitdefender GravityZone လုံခြုံရေး ဝန်ဆောင်မှုများအားလုံးအား ထိန်းချုပ်မှုစင်တာ ဖွဲ့စည်းတည်ဆောက်ပုံဖြင့် ပံ့ပိုးပေးထားသည်။ မိုဘိုင်းစက်များအတွက် လုံခြုံရေးဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ရန် သင့်အနေနှင့် တရားဝင်လိုင်စင် key တစ်ခုအား ရိုက်ထည့်ရန်သာလိုအပ်သည်။

အကယ်၍ မိုဘိုင်းအတွက်လုံခြုံရေးသည် သင့်ပတ်ဝန်းကျင်တွင် ပထမဆုံး GravityZone ဝန်ဆောင်မှုဖြစ်နေလျှင် သင့်အနေနှင့် ထိန်းချုပ်မှု platform ကို ဖြန့်ကျက်ရန် လိုအပ်သည်။ GravityZone ထိန်းချုပ်မှုစင်တာအတွက် လိုအပ်ချက်များကို ဤနေရာတွင် ရှာဖွေတွေ့နိုင်သည် –

GravityZone ထိန်းချုပ်မှုစင်တာအား လိုအပ်ပစ္စည်းတစ်ခုအနေနှင့် ပေးထားပြီး အောက်ပါ format များအနေဖြင့် ထုတ်ပေးထားသည် –
OVA (compatible with VMware vSphere, View)
XVA (compatible with Citrix XenServer, XenDesktop, VDI-in-a-Box)
VHD (compatible with Microsoft Hyper-V)
TAR.BZ2 archives for KVM, Oracle or RedHat Enterprise Virtualization

အခြား format များ နှင့် virtualization platform များအတွက် အထောက်အပံ့အား တောင်းဆိုချက်အပေါ် ပံ့ပိုးပေးနိုင်သည်။

အနည်းဆုံး Hardware လိုအပ်ချက်များ 

အောက်ပါ အနည်းဆုံး hardware စီစဉ်ဖွဲ့စည်းမှု နှင့်အတူ GravityZone လိုအပ်ပစ္စည်းအား ဖြန့်ကျက်ပေးသည်။
CPU: 4 vCPU with 2 GHz each
Minimum RAM memory: 6 GB recommended
40 GB of free hard-disk space

အင်တာနက် ချိတ်ဆက်မှု

GravityZone ဆော့ဖ်ဝဲသည် အဝေး နှင့် မိုဘိုင်း endpoint များ နှင့် update များ၊ ဆက်သွယ်မှုတို့အတွက် အင်တာနက် ရရှိမှု လိုအပ်သည်။

ထိန်းချုပ်မှု စင်တာ ဝက်ဘ် console လိုအပ်ချက်များ

ထိန်းချုပ်မှုစင်တာ ဝက်ဘ် console ဝင်ရောက်အသုံးပြုရန် အောက်ပါအရာများ လိုအပ်သည် –
Internet Explorer 9+, Mozilla Firefox 14+, Google Chrome 15+, Safari 5+ 
Recommended screen resolution: 1024×768 or higher

စမ်းသုံးကြည့်ရန် အဆင်သင့်ဖြစ်ပြီလား ?

အကယ်၍ သင် GravityZone Security for Mobile ကိုသုံးစွဲကြည့်ချင်လျှင် ဤနေရာ၌ အလျင်အမြန်အစပြုလိုက်ပါ –