Bitdefender

Total Security

အကောင်းဆုံး Antivirus ကာကွယ်မှု

  • Windows, mac OS, iOS နှင့် Android တို့အတွက် ပြီးပြည့်စုံသော ကာကွယ်မှု
  • Ransomware ကုသဖြေရှင်းခြင်း နှင့်အတူ အလွှာပေါင်းစုံ ransomware ကာကွယ်မှု NEW
  • ကွန်ယက် ခြိမ်းခြောက်မှု ကြိုတင်ကာကွယ်ခြင်း - တိုက်ခိုက်မှုများ မစတင်ခင်ကပင် ၎င်းတို့အား ရပ်တန့်ပေးသည်။NEW
  • မိဘ ထိန်းချုပ်မှု IMPROVED
  • စွမ်းအားမြင့် အမြန်နှုန်း နှင့် cross-platform လုပ်ဆောင်မှု
  • ၂၄/၇ ပတ်လုံး အပြည့်အဝ ပံ့ပိုးမှု

 

Best Antivirus - Editors Choice
"ခြောက်နှစ် ဆက်တိုက် PC Mag Editors ၏ ရွေးချယ်မှု"
ဂျူလိုင်လ ၂၀၁၈၊ PC MAG

    * လိုအပ်သော ကဏ္ဍများ

    Regular Price: US$ 24.00

    Special Price US$ 15.36

    Regular Price: US$ 24.00

    Special Price US$ 15.36

    Prices are for licenses only and do not include implementation services.

    Special prices for Myanmar only. Product must be activated in Myanmar. License is delivered immediately after payment.

    အကောင်းဆုံး ကာကွယ်မှု၊ အကောင်းဆုံး လုပ်ဆောင်မှု

    Bitdefender

    ၅.၉၄

    Kaspersky

    ၅.၈၉

    Symantec

    ၅.၇၈

    McAfee

    ၅.၀၅

    ကူးစက်တိုက်ခိုက်မှုများအပေါ် အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အား အမြင့်ဆုံး ကာကွယ်နိုင်မှု အဆင့်)

    ရမှတ်ပေါင်း . ဇန်နဝါရီလ ၂၀၁၁ ခုနှစ် - ဇွန်လ ၂၀၁၈ ခုနှစ်. AV TEST.

    Bitdefender

    ၅.၇၉

    Kaspersky

    ၅.၇၄

    Symantec

    ၅.၂၃

    McAfee

    ၅.၀၃

    လုပ်ဆောင်မှုများအပေါ် အနိမ့်ဆုံး အကျိုးသက်ရောက်မှု (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အားအနိမ့်ဆုံး အကျိုးသက်ရောက်မှု)

    ရမှတ်ပေါင်း . ဇန်နဝါရီလ ၂၀၁၃ ခုနှစ် - ဇွန်လ ၂၀၁၈ ခုနှစ်. AV TEST.

    Bitdefender. ကျွမ်းကျင်သူများသုံးစွဲသည့်အရာကို ရွေးချယ်လိုက်ပါ

    သင်သည် ကြိုတင်ခန့်မှန်း၊ ကြိုတင်ကာကွယ်၊ စုံစမ်းစစ်ဆေးပေးပြီး နောက်ဆုံးပေါ် ဆိုက်ဘာခြိမ်းခြောက်မှုများကိုပင် ကုစားပေးသော အဆန်းသစ်ဆုံး နည်းပညာများ ကို ရရှိမည်ဖြစ်သည်။

    သင့်အတွက် အကျိုးရလဒ်များ

    အသစ်သော၊ ရှိပြီးသားဖြစ်သော ခြိမ်းခြောက်မှုများအားလုံး မှ လုံခြုံစေသည်

    Bitdefender ၏ အလွှာများစွာပါသောကာကွယ်မှုသည် ransomware, malware နှင့် trojans အပါအဝင် သိပြီးသား နှင့် အသစ်ထွက်ပေါ်နေသော ခြိမ်းခြောက်မှုအားလုံးထံမှ သင်၏ မှတ်တမ်းများ၊ ရုပ်ပုံများ နှင့် ဗီဒီယိုများ ကို လုံခြုံစေသည်။

    အပေးအယူ မလိုသော လုပ်ဆောင်မှု

    Bitdefender Total Security သည် သင့်စနစ်လုပ်ဆောင်မှုအပေါ်အပေးအယူညှိခြင်း မလိုဘဲ malware အား ချက်ချင်း တုံ့ပြန်သည်။

    အလွယ်တကူ install လုပ်နိုင်ပြီး အသုံးပြုရန်လည်း လွယ်ကူသည်

    Bitdefender Total Security တွင် အလွယ်တကူ install လုပ်နိုင်၊ သင့်လိုအပ်ချက်များနှင့်ကိုက်ညီစွာ စိတ်ကြိုက်ပုံသွင်းနိုင်သော အလွန်နားလည်ရလွယ်ပြီး သုံးစွဲရအဆင်ပြေသော interface တစ်ခုပါရှိသည်။

    လုံခြုံစိတ်ချရသော အွန်လိုင်း ဘဏ်အသုံးပြုစနစ်

    အလိမ်အညာရန်မှ ကာကွယ်ရန် သင့်ငွေလွှဲမှုများကို လုံခြုံစေသော ထူးခြားပြီး အသေးစိတ်သည့် browser တစ်ခုမှနေ၍ ငွေသွင်း၊ငွေထုတ်၊ငွေလွှဲ ပြီး ဈေးဝယ်လိုက်ပါ။

    ဝက်ဘ်ဆိုဒ်များ ကြည့်ရှုရာတွင် မြန်ဆန်၊ အမည်ဝှက်ပေးပြီး လုံခြုံစေသည်

    အထူးသဖြင့် အများသုံး ကွန်ယက်များပေါ်မှ  Wi-Fi ကို အသုံးပြုချိန် သင့်ဘဏ်အချက်အလက်၊ လှို့ဝှက်ကုဒ်များ နှင့် ဒေါင်းလုတ်များအား ဟက်ကာများ၏ရန်မှာ အကာအကွယ်ပေးသည်။

    Solution များအား နှိုင်းယှဉ်ကြည့်ခြင်း

    Bitdefender ထုတ်ကုန်များအား နှိုင်းယှဉ်ရန်

    ကျွန်ုပ်တို့၏ ဆုတံဆိပ်ရ ထုတ်ကုန်များ ကို နှိုင်းယှဉ်ပြီး အကောင်းဆုံး လက်တွေ့အကာအကွယ် ကိုရယူခြင်းဖြင့် ကျွန်ုပ်တို့မှ လုံခြုံမှုပိုင်းကို ကိုင်တွယ်ပေးစဉ် သင့်အနေနှင့် အခြားအရေးပါသောအရာများကို လုပ်ဆောင်နေနိုင်ပါသည်။

    Bitdefender

    Total Security


    စက် ၅ လုံး


    ယခု ဝယ်ရန်

    Bitdefender

    Internet Security

    Bitdefender

    Antivirus Plus


    စက် ၃ လုံး


    ပိုမို လေ့လာရန်

    Bitdefender

    Antivirus Plus

    Bitdefender

    Internet Security


    စက် ၃ လုံး


    ပိုမိုလေ့လာရန်

    Windows, macOS, Android နှင့် iOS ကာကွယ်မှု

    Windows
    Windows

    စက်အားလုံးအတွက် စွမ်းအားမြင့် Anti-Theft

    စက်စွမ်းရည် ကောင်းမွန်စေခြင်း

    Parental Control (မိဘ ထိန်းချုပ်မှု)

    အလွှာများစွာ ပါသော Ransomware ကာကွယ်မှု

    malware, spyware, adware များရန်မှ ကာကွယ်မှု

    သွင်ပြင်လက္ခဏာ အားလုံး

    Windows, macOS, iOS နှင့် Android အတွက် ပြီးပြည့်စုံသော ကာကွယ်မှု

    Bitdefender Total Security သည် သင့်အား အရေးကြီး လုပ်ဆောင်မှုစနစ်များအားလုံးတလျှောက် အွန်လိုင်းခြိမ်းခြောက်မှုများကိုအံတုသော အကောင်းဆုံး anti-malware ကာကွယ်မှုကို ပေးသည်။

     

    ဆက်လက်ရှာဖွေရန် အောက်ပါ OS တစ်ခုကို ရွေးလိုက်ပါ။

    ကာကွယ်ခြင်း

    Bitdefender ၏ တုနှိုင်းမဲ့ အလွှာများစွာပါသော ကာကွယ်မှုသည် သင့်စက်များအား အသစ်သော၊ ရှိရင်းစွဲ ခြိမ်းခြောက်မှုများအားလုံးထံမှ လုံခြုံစေသည်။

    ပြီးပြည့်စုံသော အချိန်နှင့်တပြေးညီ အချက်အလက် ကာကွယ်မှု

    ယနေ့ခေတ်တွင်ရနိုင်သော လုံးဝ အင်အားပြည့် ထိရောက်မှုအရှိဆုံး anti-malware solution . Bitdefender Total Security သည် အွန်လိုင်းခြိမ်းခြောက်မှုအားလုံး (ဗိုင်းရပ်စ်များ၊ worm များ နှင့် trojan များမှ စ၍ ransomware, zero-day exploit များ, rootkit များ နှင့် spyware တို့အထိ) ကိုအံတု လုပ်ဆောင်သည်။ သင့်အချက်အလက် နှင့် လှို့ဝှက်သီးသန့်ဖြစ်တည်မှုကို လုံခြုံစေသည်။ ဆက်လက်ဖတ်ရှုရန်

    ကွန်ယက် ခြိမ်းခြောက်မှု ကာကွယ်ခြင်း

    Bitdefender Total Security သည် အွန်လိုင်းခြိမ်းခြောက်မှုများ စုံစမ်းစစ်ဆေးခြင်းနှင့်ဖယ်ရှားခြင်းနည်းလမ်းတို့တွင် ကြီးမားသောအပြောင်းအလဲများကို ယူဆောင်လာသည်။ ၎င်း၏ အသစ်သော ဆိုက်ဘာ ခြိမ်းခြောက်မှု intelligence နည်းပညာများသည် သံသယဖြစ်ဖွယ် ကွန်ယက်ပေါ်မှလုပ်ရပ်များကို ခွဲခြားသတ်မှတ်နိုင်ကာ ရှုပ်ထွေးသော exploit များ၊ malware သို့မဟုတ် botnet နှင့်ဆက်ဆိုင်သော URL များအပြင် ပြင်းထန်သောတိုက်ခိုက်မှုများ ကို တားမြစ်ပိတ်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    အဆင့်မြင့် ခြိမ်းခြောက်မှု ခုခံကာကွယ်ခြင်း

    Bitdefender Total Security သည် သွားလာလှုပ်ရှားမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းဟုခေါ်သော နည်းစနစ်တစ်ခုကိုသုံးကာ အသုံးပြုနေသော အက်ပလီကေးရှင်းများကို အနီးကပ်စောင့်ကြပ်ကြည့်သည်။ ၎င်းမှ သံသယဖြစ်သည်ဟုထင်သည့်အရာကို စုံစမ်းမိသည့်အခိုက်အတန့်တွင် ၎င်းသည် ကူးစက်တိုက်ခိုက်မှုများကိုကာကွယ်ရန် ချက်ချင်းလုပ်ဆောင်မှု ယူသည်။

    အလွှာများစွာပါသော ransomware ကာကွယ်မှု

    Ransomware ကိုဆန့်ကျင်သည့် Bitdefender ၏ အလွှာများစွာပါသောချဉ်းကပ်မှုတွင် အချက်အလက်-ကာကွယ်မှု အလွှာ တစ်ခု ပါြပီး သင့်မှတ်တမ်းများ၊ ရုပ်ပုံများ၊ ဗီဒီယိုများ နှင့် သီချင်း တို့ကို မည်သည့် ransomware တိုက်ခိုက်မှုမျိုးမှမဆို အကာအကွယ်ပေးသည်။ အဆင့်မြင့် ခြိမ်းခြောက်မှုခုခုကာကွယ်ခြင်း module နှင့် ပေါင်း၍ ၎င်းသည် သင်၏ အရေးကြီးဆုံးသောဖိုင်များကို ransomware ၏ စကားဝှက်လုပ်ခြင်းရန်မှ ကာကွယ်ပေးသည်။  ဆက်လက်ဖတ်ရှုရန်

    ဝက်ဘ် လုံခြုံရေး

    ကျွန်ုပ်တို့၏ ဝက်ဘ် စီစစ်ခြင်းနည်းပညာသည် သင့်အား ဒုက္ခရောက်စေမည့်ဝက်ဘ်ဆိုဒ်တစ်ခုအပေါ် ဘယ်တော့မှ မရောက်သွားစေရန် သေချာစေသည်။ သင်လင့်ခ်တစ်ခုအား အမှန်တကယ် မနှိပ်မိခင် သင့်ရှာဖွေမှုရလဒ်များမှာ ဝင်ရောက်ကြည့်ရှုရန်လုံခြုံမှုရှိမရှိကို အဖြေရှာပါ။ Bitdefender Total Security သည် မြင်သာသော ကူးစက်ခံထားရသည့် လင့်ခ်များအားလုံးကိုလည်း တားမြစ်ပိတ်ပေးသည်။

    Anti-Phishing

    အွန်လိုင်း အလိမ်အညာအီးမေးလ်များမှာ တိုးမြှင့်လာသော်လည်း ကျွန်ုပ်တို့၏ အဆင့်မြင့် anti-phishing ကာကွယ်မှုသည် သင့်အား အန္တရာယ်ကျရောက်မှုမှ လွယ်ကူစွာပင် ကာကွယ်ပေးသည်။ Bitdefender Total Security သည် လှို့ဝှက်ကုဒ်များ သို့မဟုတ် ခရက်ဒစ်ကတ်နံပါတ်များကဲ့သို့သော ငွေကြေးဆိုင်ရာအချက်အလက် ကို ခိုးယူရန် စိတ်ချရသည့်အသွင်ယူထားသော ဝက်ဘ်ဆိုဒ်များကို စုံစမ်းရှာဖွေပြီး တားမြစ်ပိတ်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    Anti-Fraud

    ကျွန်ုပ်တို့၏ အဆင့်မြင့် စီစစ်ရေးစနစ်သည် သင့်အားလှည့်စားရန်ကြိုးပမ်းသည့် ဝက်ဘ်ဆိုဒ်များကို သင် သွားရောက်ဖွင့်ကြည့်တိုင်း သတိပေးသည်။

    Anti-Spam

    သင့် အဝင်အီးမေးလ်များထဲမှ ဆက်စပ်မှုမရှိသော မက်ဆေ့ချ်များကို စီစစ်ပေးသည်။ ၎င်းအား local အီးမေးလ်သုံးစွဲသူများ (Microsoft Outlook, Thunderbird) အတွက် ရယူနိုင်သည်။

    လုံခြုံသော ဖိုင်များ

    Bitdefender Safe Files နှင့်အတူ သင်သည် သင်၏အရေးကြီးဆုံး ဖိုင်များအပေါ် အခွင့်မရှိပြောင်းလဲမှုများ ထံမှ ကာကွယ်နိုင်သည်။ စောင့်ကြည့်စာရင်းထဲသို့ ဖိုင်တွဲများအား ရိုးရှင်းစွာထည့်လိုက်သည်နှင့် Bitdefender သည် ransomware နှင့် အခြားသော malware အမျိုးအစားများရန်မှ ၎င်းအတွင်းသိမ်းထားသော ဖိုင်များကို အကာအကွယ်ပေးသည်။ သင်မှ လုံးဝယုံကြည်သော အက်ပလီကေးရှင်းများသာလျှင် သင်၏လုံခြုံသောဖိုင်များကို ရယူသုံးနိုင်ခွင့်ရှိသည်။

    ကယ်ဆယ်ရေး mode

    Rootkits ကဲ့သို့သော ရှုပ်ထွေးသည့် ဗိုင်းရပ်စ်အချို့ကို Windows မစတင်မှီကပင် ဖယ်ရှားပစ်ရန် လိုသည်။ Bitdefender Total Security မှ ထိုခြိမ်းခြောက်မှုများကို စုံစမ်းထောက်လှမ်းမိသောအခါ ၎င်းသည် ရှင်းလင်းခြင်း နှင့် ပြန်လည်တည်ထောင်မှုအတွက် ကွန်ပျူတာကို ကယ်ဆယ်ရေး mode အနေဖြင့် ပြန်အစပြုသည်။

    Anti-Theft

    Bitdefender Total Security သည် သင်၏ Bitdefender Central အကောင့် မှတဆင့် ကမ္ဘာတဝှမ်းမည်သည့်နေရာမှမဆို အဝေးထိန်းဝင်ရောက်အသုံးပြုနိုင်ပြီး သင်၏ Windows laptop သို့မဟုတ် tablet အတွက် ထိရောက်သည့် anti-loss နှင့် anti-theft ပစ္စည်းများ ထည့်သွင်းထားသည်။

    လုပ်ဆောင်မှု

    Bitdefender လုံခြုံရေးဆော့ဖ်ဝဲ သည် သင့် စနစ်၏ လုပ်ဆောင်မှုကို အပေးအယူလုပ်စရာမလိုဘဲ malware ကို ချက်ချင်းတုံ့ပြန်ပေးသည်။

    Autopilot

    Bitdefender Autopilot အား “လုံခြုံရေး အကြံပေး” တစ်ခုအနေနှင့် လုပ်ဆောင်ရန် စီမံထားပြီး သင့်အား သင့်လုံခြုံရေးအနေအထားကို ထဲထဲဝင်ဝင်သိမြင်စေသည်။ ၎င်း၏ သာလွန်သောလုပ်ဆောင်နိုင်စွမ်းရည်များ ဆိုသည်မှာ သင့်စနစ်လိုအပ်ချက်များ နှင့် အသုံးပြုပုံစံများ ၏ အနေအထားအပေါ် လုံခြုံရေးလုပ်ရပ်များကို အကြံပေးနိုင်သည်။ ဆက်လက်ဖတ်ရှုရန်

    Bitdefender Photon

    ဤ ဆန်းသစ်၊ ထူးခြားသော နည်းပညာသည် Bitdefender Total Security အား သင့်ကွန်ပျူတာစနစ်၏ hardware နှင့် software ဖွဲ့စည်းတည်ဆောက်မှုတို့အပေါ် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးသောကြောင့် တွက်ချက်မှုအရင်းအမြစ်များကို သက်သာစေပြီး မြန်နှုန်းနှင့်လုပ်ဆောင်မှုကို တိုးမြှင့်စေသည်။ ဆက်လက်ဖတ်ရှုရန်

    ကမ္ဘာလုံးဆိုင်ရာ ကာကွယ်မှုပေးသော ကွန်ယက်

    လေးလံသော scan ဖတ်ခြင်းအများစုမှာ cloud ပေါ်တွင် ဖြစ်လေ့ရှိသောကြောင့် သင့် local အရင်းအမြစ်များအပေါ်သက်ရောက်မှုမှာ သုည နီးပါးဖြစ်သည်။ ဆိုလိုသည်မှာ သင့်စနစ်၏ မြန်နှုန်း နှင့် လုပ်ဆောင်မှုတို့အပေါ် အကျိုးသက်ရောက်မှု မရှိနေခြင်းပေ။ ပြီးလျှင် သင့်ဖိုင်များမှာ အမြဲ လုံးဝသီးသန့်ဖြစ်တည်နေပေမည် – Bitdefender မှာ သင့်ဖိုင်များ၏အမှန်တကယ်အကြောင်းအရာများကို scan ဖတ်ခြင်း၊ cloud ထံသို့ တင်ပြီး သိမ်းဆည်းခြင်း တို့အား ဘယ်တော့မှ မလုပ်ပါ။

    ဂိမ်း၊ ရုပ်ရှင် နှင့် အလုပ် mode များ

    Bitdefender Total Security သည် သင်ကစားနေချိန်၊ အလုပ်လုပ်နေချိန် နှင့် ရုပ်ရှင်တစ်ကားအားကြည့်နေချိန်တို့ကို စုံစမ်းထောက်လှမ်းသောကြောင့် ၎င်းသည် သင့်အား မလိုအပ်သောတောင်းဆိုမှုများနှင့် မနှောင့်ယှက်မိစေရန် သိသည်။ ဤနည်းအားဖြင့် သင်သည် အရေးကြီးအရာအပေါ် အာရုံစူးစိုက်နိုင်သည်။ သင့်စက်များပေါ်တွင် သင်လုပ်မည့်အရာကို ရွေးချယ်သည့်အပေါ်မူတည်၍ Bitdefender သည် pop-up များ ကိုယာယီတားဆီးပေးပြီး အမြင်ပိုင်းဆိုင်ရာ setting များကို ညှိပေးကာ အရေးမကြီးသော နောက်ခံလုပ်ဆောင်မှုများကို ရပ်နားထားပေးခြင်းဖြင့် သင့်စက်အား အသုံးပြုခြင်းအပေါ် အမြင့်ဆုံးစိတ်ကျေနပ်မှုကို ဖြစ်စေသည်။

    One ClickOptimizer

    သင့်စက်များအတွက် မြန်နှုန်း နှင့် လုပ်ဆောင်မှုကို တိုးမြှင့်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    ဘက်ထရီ mode

    ဤ အသုံးဝင်ပြီးဉာဏ်ရည်မြင့်သော feature သည် display, စနစ် cooling, စနစ် update များ နှင့် Bluetooth ချိတ်ဆက်မှု ကဲ့သို့သော စနစ်၏ setting များကို ယာယီ ကောင်းမွန်စွာထိန်းညှိပေးခြင်းဖြင့် laptop များ နှင့် tablet များအတွက် ဘက်ထရီသက်တမ်းကို သက်သာစေသည်။

    လှို့ဝှက်သီးသန့်ဖြစ်ခြင်း

    Bitdefender ၏ ပြီးပြည့်စုံသော လုံခြုံမှုသည် သင်၏ အွန်လိုင်း လှို့ဝှက်ချက် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို တာဝန်ယူပေးသည်။

     

    Anti-tracker

    သည် သင့်အချက်အလက်များကို စုဆောင်းသော ခြေရာခံသမားများအား တားမြစ်ပိတ်ပေးပြီး ၎င်းသည် သင့်အား သင်ဝင်ရောက်ကြည့်ရှုသောဝက်ဘ်ဆိုဒ်တစ်ခုချင်းအပေါ် ဤအချက်အလက်အား မြင်ခွင့်၊ ထိန်းချုပ်ခွင့်ကို ပေးထားသည်။ Anti-tracker သည် သင်၏ browsing အချက်အလက်ကို သီးသန့်ကိုယ်ပိုင်ဖြစ်စေပြီး ဝက်ဘ်စာမျက်နှာများကို ပိုမိုလျင်မြန်စွာ တက်စေခြင်းဖြင့် လုပ်ဆောင်မှုကို တိုးမြှင့်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    မိုက်ခရိုဖုန်း မော်နီတာ

    သင့် ကိုယ်ပိုင်စက်များအပေါ် ထိန်းချုပ်မှုပြန်လည်ရရှိရန် သင့်အားကူညီပေးသည်။ ၎င်းအား သုံးကြည့်ပြီးသည်နှင့် သင်သည် သင့်စက်၏ မိုက်ခရိုဖုန်းအား မည်သည့်အက်ပလီကေးရှင်းများက မည်သည့်အချိန်တွင် အသုံးပြုထားသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

    ဝက်ဘ်ကင်မရာ ကာကွယ်မှု

    သင့်ကိုယ်ပိုင်သီးသန့်ဖြစ်တည်မှုကို အကာအကွယ်ပေးပြီး ဝက်ဘ်ကင်မရာ ယိုစိမ့်မှုကို ကြိုတင်ကာကွယ်ပေးသည်။ ဝက်ဘ်ကင်မရာ ကာကွယ်မှုသည် အက်ပလီကေးရှင်းများ သင့်ဝက်ဘ်ကင်မရာကိုအသုံးပြုရန်ကြိုးစားလျှင် သင့်အားအကြောင်းကြားပြီး အခွင့်မရှိသောဝင်ရောက်အသုံးပြုမှုကို သင် ပိတ််နိုင်ခွင့်ရှိသည်။ ဆက်လက်ဖတ်ရှုရန်

    ဖိုင် စကားဝှက်ပြုခြင်း

    လှို့ဝှက်ပြီး အရေးကြီးသော မှတ်တမ်းများအတွက် သင့်ကွန်ပျူတာပေါ်တွင် စကားဝှက်ပြီး၊လှို့ဝှက်ကုဒ်ဖြင့်ကာကွယ်ထားသော vault များကို ဖန်တီးပေးသည်။ ဆက်လက်ဖတ်ရှုရန်

    လုံခြုံစိတ်ချရသော အွန်လိုင်း ဘဏ်အသုံးပြုစနစ်

    အလိမ်အညာရန်မှ ကာကွယ်ရန် သင့်ငွေလွှဲမှုများကို လုံခြုံစေသော ထူးခြားပြီး အသေးစိတ်သည့် browser တစ်ခုမှနေ၍ ငွေသွင်း၊ငွေထုတ်၊ငွေလွှဲ ပြီး ဈေးဝယ်လိုက်ပါ။ Bitdefender Safepay သည် ယခုအခါတွင် ငွေပေးချေရမည့်အချက်အလက်နေရာများ၌ ခရက်ဒစ်ကတ်အသေးစိတ်များကိုလည်း အလိုအလျောက် ဖြည့်ပေးနိုင်သည်။

    Parental Control (မိဘ အုပ်ထိန်းမှု)

    Parental Control မှ မိဘများအတွက် ဒစ်ဂျစ်တယ်အကူအညီ နှင့် ကလေးများအတွက် အပိုအွန်လိုင်းလုံခြုံရေး ကို ပေးထားသည်။ မသင့်လျော်သော အရေးအသားများကို စီစစ်ဖယ်ထုတ်ပေးပြီး သင့်ကလေးတစ်ယောက်စီအတွက် ဖန်သားကြည့်ကြာချိန်တို့ကို ကန့်သတ်ပေးသည်။ Bitdefender Central တွင် အဝေးမှ log in ဝင်၍ သင့်ကလေးများကို တပြေးညီဖြစ်စေသည်။

    သီးသန့်လုံခြုံရေး Firewall

    Bitdefender Total Security နှင့်အတူ သင်သည် စွမ်းအားမြင့် ကွန်ယက်ကာကွယ်မှု၏ အလွှာတစ်ခုကို ရရှိမှာဖြစ်ပြီး သင့်ပုဂ္ဂိုလ်ရေးရာအချက်အလက်များအား ဟက်ကာများနှင့်အချက်အလက်ခိုးယူသူများရန်မှ လုံခြုံစေသည်။ . ဆက်လက်ဖတ်ရှုရန်

    Wi-Fi လုံခြုံရေး အကြံပေး

    သင် မည်သည့်နေရာမှ ချိတ်ဆက်စေကာမူ သင့် Wi-Fi ကွန်ယက် နှင့် router လုံခြုံမှုကို ရရှိစေသည်။

    လူမှုကွန်ယက် ကာကွယ်မှု

    လူမှုကွန်ယက်မှတဆင့် သင့်သူငယ်ချင်းများ သတိမမူမိဘဲ လက်ဆင့်ကမ်းပို့လာသော အန္တရာယ်ရှိသည့် လင့်ခ်များနှင့် မည်သည့် အွန်လိုင်းခြိမ်းခြောက်မှုများမှမဆို လုံခြုံနေစေသည်။

    လှို့ဝှက်ကုဒ် မန်နေဂျာ

    သင်လိုအပ်သည့်အခါတိုင်း အလွယ်တကူရယူရန်အတွက် သင့် လှို့ဝှက်ကုဒ်များ၊ ခရက်ဒစ်ကတ်အချက်အလက် နှင့် အခြားအရေးကြီးအချက်အလက်များအား ဆိုက်ဘာ-vault တစ်ခုထဲတွင် လုံခြုံစွာသိမ်းဆည်းပေးသည်။ လှို့ဝှက်ကုဒ် မန်နေဂျာသည် သင့်အား အွန်လိုင်းဖောင်များကို အလိုအလျောက်ဖြည့်ပေးသောအခွင့်ကို ပေးထားပြီး စိတ်ချရသောလှို့ဝှက်ကုဒ်များကိုပင် အကြံပြုပေးနိုင်သည်။

    ဖိုင် ဖျက်ဆီးစက်

    သင် ဖိုင်တစ်ခုကို အပြီးအပိုင်ဖျက်ပစ်ရန် ဆန္ဒရှိပြီး သင့် ကွန်ပျူတာပေါ်တွင် ၎င်းအားလုံးဝအစအနဖျောက်လိုသောအချိန် ဤအရာအား သုံးနိုင်သည်။ ဆက်လက်ဖတ်ရှုရန်

    ထိခိုက်ပျက်စီးလွယ်မှုအား ရှာဖွေရယူခြင်း

    Click တစ်ချက်နှိပ်လိုက်ရုံနှင့် လုံခြုံရေးယိုပေါက်များနှင့် ထိခိုက်ပျက်စီးလွယ်သောအရာများကို scan ဖတ်ပေးသည်။ Bitdefender သည် သင့်ကွန်ပျူတာအား ခေတ်မမှီတော့သော ပျက်စီးလွယ် ဆော့ဖ်ဝဲ၊ ပျောက်နေသော Windows လုံခြုံရေး patch များနှင့် ဖြစ်နိုင်ချေ စိတ်မချရသော စနစ် setting များအတွက် စစ်ဆေးပေးပြီး အကောင်းဆုံးပြုပြင်မှုကို ညွှန်ပြပေးလိမ့်မည်။

    ဆုတံဆိပ်များ နှင့် အသိအမှတ်ပြုခံရမှု

    ကမ္ဘာတဝှမ်း အကောင်းဆုံးသော ဆိုက်ဘာလုံခြုံရေး

    ၂၀၁၈ ခုနှစ်၏ အကောင်းဆုံး ထုတ်ကုန်

    AV-Comparatives ဖေဖော်ဝါရီလ ၂၀၁၉

    “ယခုနှစ်၏ ထုတ်ကုန်”

    AV-Comparatives ဖေဖော်ဝါရီလ ၂၀၁၈

    “ပြင်ပ ဓါတ်ခွဲ စစ်ဆေးချက်များ နှင့် ကျွန်ုပ်တို့၏ ဝက်ဘ် ကာကွယ်မှု စစ်ဆေးချက်များ တွင် ထူးချွန်သော ရလဒ်များ”

    PC Mag ဂျူလိုင်လ ၂၀၁၉

    အက်ဒီတာများ၏ လုံခြုံရေး suite ရွေးချယ်မှု

    PC Mag ဂျူလိုင်လ ၂၀၁၉

    “အကောင်းဆုံး လုပ်ဆောင်နိုင်မှု”

    AV TEST ဧပြီလ ၂၀၁၈

    “အကောင်းဆုံး ကာကွယ်မှု”

    AV TEST ဧပြီလ ၂၀၁၈

    "၄၄ ကြိမ်မြောက် ဆွတ်ခူးသူ”

    PC Mag 

    “၂၇ ကြိမ်မြောက် ဆွတ်ခူးသူ”

    PC Mag 

    အကောင်းဆုံး ကာကွယ်မှု

    ကူးစက်တိုက်ခိုက်မှုများအပေါ် အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အား အမြင့်ဆုံး ကာကွယ်နိုင်မှု အဆင့်)

    ရမှတ်ပေါင်း
    ဇန်နဝါရီလ ၂၀၁၁ ခုနှစ် – ဩဂုတ်လ ၂၀၁၉ ခုနှစ် AV TEST.

    အကောင်းဆုံး လုပ်ဆောင်မှု

    လုပ်ဆောင်မှုများအပေါ် အနိမ့်ဆုံး အကျိုးသက်ရောက်မှု (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အား အနိမ့်ဆုံး အကျိုးသက်ရောက်မှု)

    ရမှတ်ပေါင်း
    ဇန်နဝါရီလ ၂၀၁၃ ခုနှစ် – ဩဂုတ်လ ၂၀၁၉ ခုနှစ် AV TEST.