Virtualized ပတ်ဝန်းကျင်များအတွက် GravityZone လုံခြုံရေး

Datacenter နှင့် cloud အလုပ်ဝန်တာများ အတွက် ဆုတံဆိပ်ရ ကာကွယ်မှု

မျိုးဆက်သစ် ဖွဲ့စည်းတည်ဆောက်ပုံအတွက် လုံခြုံရေး

 

ဒစ်ဂျစ်တယ် ပြောင်းလဲမှု၊ cloud အခြေပြု စီးပွားရေးလုပ်ငန်း ပုံစံများ နှင့် time-to-market ဖိအားများသည် စီးပွားရေးကဏ္ဍတွင် တည်ဆောက်ပုံအပြောင်းအရွှေ့တစ်ခုကို ဖြစ်နေစေသည်။ တပြေးညီဖြစ်နေစေရန် အိုင်တီသည် ထိန်းချုပ်မှုလုပ်ဆောင်ခြင်းမှ လုပ်ငန်းအစပြုမှုများကို ကူညီပေးသည့် ဝန်ဆောင်ခြင်းများအထိ ၎င်း၏အပိုင်းကဏ္ဍကို ပြောင်လဲနေသည်။ အိုင်တီ ခေတ်သစ်ဖြစ်ခြင်း မှတ်တိုင်တစ်ခု ဖြစ်သော Datacenter သည် အိုင်တီအား စွမ်းအားမြင့်ပေမယ့် လိုက်လျောညီထွေဖြစ်သော တွက်ချက်မှု၊ သိမ်းဆည်းမှု နှင့် ၎င်းမှ လုပ်ငန်းအား ပံ့ပိုးရန်လိုသည့် ကွန်ယက်အရင်းအမြစ်များ ပေးရန် အဆင့်ဆင့်ပြောင်းလဲနေသည်။

ဤ မျိုးဆက်သစ် datacenter သည် လုံခြုံရေးအတွက် ချဉ်းကပ်မှုအသစ်တစ်ခု လိုအပ်သည်။ လျော်ညီစွာပင် Bitdefender GravityZone အား ၎င်း၏ ပေါ့ပါးမှု၊ ထိရောက်မှု နှင့် လုပ်ဆောင်မှုကို တိုးမြှင့်စဉ် ဆော့ဖ်ဝဲ-အခြေခံ hyperconverged ၊ cloud ဖွဲ့စည်းတည်ဆောက်ပုံ ကိုအကာအကွယ်ပေးလုံခြုံစေရန် ရေးဆွဲခဲ့သည်။ ပြောင်းလဲနေသော datacenter နည်းပညာများ၊ ဆက်စပ်နေသော လုံခြုံရေး စိုးရိမ်မှုများ နှင့် ထိုအရာများကို ထောက်ပြနေသော GravityZone ၏ ထူးခြားသည့် ချဉ်းကပ်မှု အကြောင်းကို လေ့လာရန် IDC® အစီရင်ခံစာ “ပေါင်းစပ် Architecture များသည် လုံခြုံရေးအတွက် လိုအပ်ချက်သစ်များကို ကိုင်တွယ်သည်” ကို ဖတ်ကြည့်ပါ။

ဆော့ဖ်ဝဲ-အခြေခံ Datacenter

ဆော့ဖ်ဝဲ-အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၏ လုပ်ငန်းဆောင်တာထိရောက်မှုကို ထပ်ဆင့်ပြီး GravityZone သည် တိကျပြီး အလိုအလျောက်ပေးသော ဘုံ အုပ်ချုပ်ခြင်း နှင့်အတူ VMware, Citrix, Nutanix, အခြား ဆော့ဖ်ဝဲ-အခြေခံ datacenter platform များ နှင့် အထူးပေါင်းစည်းခြင်း ကို ပေးသည်။

Hyperconverged ဖွဲ့စည်းတည်ဆောက်ပုံ

Nutanix နှင့် အခြား HCIS တို့အပေါ် ဖြန့်ကျက်ပြီးချိန် GravityZone သည် ထိရောက်သော အုပ်ချုပ်နိုင်မှုကို ပေးပြီး virtualization သိပ်သည်းမှု နှင့် ဖွဲ့စည်းတည်ဆောက်မှု လုပ်ဆောင်မှုကို တိုးမြှင့်ပေးကာ တန်းညီ ထိရောက်သော ပုံစံတစ်ခုကို တိုင်းတာပေးသည့်အပြင် အမျိုးမျိုးသော virtual ပတ်ဝန်းကျင်များကို install လုပ်ခြင်းတစ်ခုတည်းမှ ထောက်ပံ့ပေးသည်။

ပေါင်းစပ် Cloud

ပေါင်းစပ် Cloud မျိုးစုံ ပတ်ဝန်းကျင်များ (AWS® and Microsoft Azure® ) တွင် GravityZone သည် တသမတ်တည်းသော လုံခြုံရေး-စည်းမျဉ်း ထိန်းချုပ်မှု၊ ဖန်သားတစ်ခုတည်းမှ မြင်သာမှု နှင့် လိုက်နာချက်အစီရင်ခံမှု၊ cloud များတလျှောက် VMs ရွေ့ခြင်းအပေါ် ကြားဖြတ်မနှောင့်ယှက်သော ကာကွယ်မှု တို့ကို တတ်စွမ်းနိုင်သည်။

သွင်ပြင်လက္ခဏာများ နှင့် အကျိုးရလဒ်များ

ဆုတံဆိပ်ရ မျိုးဆက်သစ် ကာကွယ်မှု
0px ပြိုင်ဖက်ကင်း လုံခြုံရေး ထိရောက်မှု

GravityZone သည် အဆင့်မြင့် ခြိမ်းခြောက်မှုများ နှင့် နိမ့်သော အမှားတွေ့ရမှုများကို အံတုပြီး ထိရောက်မှုအတွက် သီးခြားစစ်ဆေးမှုများတွင် ထိပ်တန်းအဆင့် တသမတ်တည်း သတ်မှတ်ခံရသည်။

AWARD-WINNING NEXT-GENERATION PROTECTION

အလွှာလိုက် မျိုးဆက်သစ် ခုခံကာကွယ်မှုများ
GravityZone သည် အက်ပလီကေးရှင်း ထိန်းချုပ်မှု၊ patch အုပ်ချုပ်မှု၊ ထိန်းညှိနိုင်သော machine learning ၊ ကွန်ယက် sandbox နှင့် အခြား နည်းပညာများကို သုံးပြီး တိုက်ခိုက်မှုမျက်နှာပြင်ကို လျော့ချကာ သိသိ မသိသိ ခြိမ်းခြောက်မှုများကို စုံစမ်းထောက်လှမ်း ပြီး ကုသဖြေရှင်းပေးသည်။

ပေါင်းစပ်ထားသော PATCH အုပ်ချုပ်မှု
Patch အုပ်ချုပ်မှု နှင့်အတူတိုးမြှင့်ပြီး GravityZone သည် လုပ်ဆောင်မှုစနစ်များ၊ ထပ်ဆင့် အက်ပလီကေးရှင်းများနှင့် golden image များအတွက် ကျယ်ပြောသော patch များ၊ ထိခိုက်ပျက်ဆီးလွယ်မှုများ၏ စရိုက်သတ်မှတ်ချက် နှင့် အလိုအလျောက် ရှာဖွေတွေ့ရှိမှု ကိုပေးခြင်းဖြင့် ဖွဲ့စည်းတည်ဆောက်မှု ခံနိုင်အားကို တွန်းအားပေးသည်။

 

သင့် VIRTUAL နှင့် CLOUD ဖွဲ့စည်းတည်ဆောက်ပုံ နှင့်အတူ ချောမွေ့ အံဝင်ဂွင်ကျဖြစ်မှု

GravityZone သည် VMware® ESXi, Microsoft® Hyper-V, Citrix® XenServer, Nutanix AHV, KVM, RedHat® လုပ်ငန်းသုံး Virtualization, သို့မဟုတ် အခြားသော virtualization solution တို့အပေါ်တွင် တည်ဆောက်ထားသော မည်သည့် datacenter ပတ်ဝန်းကျင်မျိုးကိုမဆို အားလုံးအား ထူးခြားစွာ ပံ့ပိုးပေးသည်။ ထို့အပြင် ၎င်းသည် AWS® and Azure® ကဲ့သို့သော မျိုးစုံ cloud IaaS platform များ နှင့်လည်း အသုံးတည့်သည်။ အရေးကြီးသည့်အချက်မှာ GravityZone သည် များစွာသော hpervisor, cloud များနှင့် guest OS များကို တူညီသောဖြန့်ကျက်မှု မှ အကာအကွယ်ပေးနိုင်ပြီး မျိုးစုံသော ပေါင်းစပ် ပတ်ဝန်းကျင်များအတွက် ၎င်းအား အမြင့်ဆုံး cloud-အလုပ်လုပ် လုံခြုံရေး အဖြစ် လုပ်ပေးသည်။

 

တိကျပြီး ထိရောက်သော လုံခြုံရေး ဆောင်ရွက်မှုများ

Agent-တစ်ဦးတည်း၊ console-တစ်ခုတည်း solution ဖြစ်သော GravityZone သည် လုံခြုံရေး ထိန်းချုပ်မှုကို တစုတည်းဖြစ်စေပြီး ပေါင်းစပ် cloud တလျှောက် နေရာအနှံ့မြင်သာမှု နှင့် တသမတ်တည်းသော စည်းမျဉ်း တိုက်တွန်းမှုကို တတ်စွမ်းနိုင်စေသည်။

AGILE AND EFFICIENT SECURITY OPERATIONS

 

အလိုအလျောက်ဖြစ်ခြင်း အားဖြင့် မြန်ဆန်စေမှု

GravityZone သည် ဖြန့်ကျက်မှုအား အရှိန်ရစေပြီး AWS EC2, Citrix® XenServer, Nutanix® Prism နှင့် VMware® vCenter Server ကဲ့သို့သော ဖွဲ့စည်းတည်ဆောက်ပုံ-အုပ်ချုပ်မှု tool များ နှင့် ပေါင်းစည်းခြင်းအားဖြင့် လုံခြုံရေး လုပ်ဆောင်မှုအသွားအလာများကို အတိုင်းအတာတစ်ခုအထိ အလိုအလျောက် လုပ်ဆောင်စေသည်။

AGILITY THROUGH AUTOMATION

ဖွဲ့စည်းတည်ဆောက်ပုံ အသုံးချမှု အမြင့်ဆုံး နှင့် ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်

ပေါ့ပါးပြီး ထိရောက်သော ARCHITECTURE
Virtualized နှင့် cloud ပတ်ဝန်းကျင်များအတွက် အခြေခံမှစ တည်ဆောက်ထားသော GravityZone သည် များစွာသော လေးလံသည့် ဂန္တဝင် agent များ အစား ပေါ့ပါးသည့် in-guest လုံခြုံရေး tool များစုစည်းထားသော အစုံတစ်စုံ ကိုသာ သုံးထားသည်။ အရင်းအမြစ်-အသုံးများသော လုပ်ရပ်များသည် သတ်မှတ်ထားသော Security Virtual Appliance (SVA) ထံသို့ တာဝန်ခွဲပေးခြင်းခံရပြီး ဘုံ ခြိမ်းခြောက်မှုခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်ပေးကာ လုံခြုံရေး အားထုတ်မှုများကို နှစ်ဆပွားခြင်းမှရပ်စေခြင်းဖြင့် VMs များစွာအတွက် algorithm များထောက်လှမ်းခြင်းကို ထိန်းသိမ်းပေးသည်။ မူပိုင်ဖြစ်သော caching algorithms ၊ heuristics တို့နှင့် ပေါင်းစပ်ထားသော Scan offloading သည် ဖွဲ့စည်းတည်ဆောက်မှုအရင်းအမြစ်များပေါ်ရှိ လုံခြုံရေး “အခွန်” ကို လျော့နည်းစေသည်။

၃၅% ပိုမြင့်သော VIRTUALIZATION သိပ်သည်းဆ

GravityZone သည် အရင်းအမြစ်-အသုံးများသော လုပ်ရပ်များအား သတ်မှတ်ထားသော လုံခြုံရေး ဆာဗာတစ်ခု ထံသို့ တာဝန်ခွဲပေးပြီး CPU, memory, I/O နှင့် ကွန်ယက် လုပ်ဆောင်နိုင်အားတို့ကို အားလပ်စေကာ host တစ်ခုချင်းပေါ်တွင် ပိုမိုသော virtual စက်များကို ခွင့်ပြုစေသည်။

 

ထိပ်တန်း ဖွဲ့စည်းတည်ဆောက်မှု လုပ်ဆောင်ချက် နှင့် END-USER အတွေ့အကြုံ

ပိုမြန်သော စက်အစပြုခြင်း၊ ပိုမြန်သော login များ၊ ပိုမြန်သော အက်ပလီကေးရှင်း တုံ့ပြန်မှု
GravityZone သည် antimalware အားထုတ်မှု၏ အရင်းအမြစ်-အသုံးများမှုကို လျော့နည်းအောင်လုပ်ခြင်းဖြင့် စုစည်းထားသော ပေါ့ပါးသည့် agent တစ်ခု၊ မူပိုင် antimalware heuristics ၊ caching algorithms တို့နှင့်အတူ VM ထဲတွင် ၎င်း၏ ခြေရာကို လျော့နည်းစေသည်။ အကျိုးဆက်အနေဖြင့် အက်ပလီကေးရှင်းများမှာ စက်လည်ပတ်ရန် CPU, memory နှင့် IOPS အရင်းအမြစ်များ ပိုမိုရရှိပြီး တုံ့ပြန်ကြာနှုန်းကို သိသာစွာ လျှော့ချပေးကာ end-user အတွေ့အကြုံကို တိုးတက်စေသည်။

CARRIER-GRADE တိုင်းတာနိုင်မှု နှင့် ခံနိုင်ရည်ရှိခြင်း

ကန့်သတ်မဲ့ တပြေးညီ တိုင်းတာနိုင်မှု
GravityZone ၏ modular web-scale architecture သည် carrier-grade ဖြန့်ကျက်မှုများကို လုံခြုံစေရန် တိုင်းတာနိုင်စွမ်းကို ပေးသည်။ Platform သည် လိုအပ်လျှင် Security Virtual Appliances (SVA) ထည့်ခြင်း သို့မဟုတ် ထိန်းချုပ် စင်တာ ဆာဗာ တာဝန်များကို ပွားခြင်း အားဖြင့် တောင်းဆိုမှုအပေါ် တပြေးညီ ထိရောက်သော ပုံစံတစ်ခုအသွင် ချဲ့ကားပေးနိုင်သည်။

မြင့်မားသော ရရှိနိုင်စွမ်း နှင့် ခံနိုင်စွမ်းအား
GravityZone platform ၏ ဒီဇိုင်း (database, ဆက်သွယ်မှု , redundancy ပါပြီးသား web ဆာဗာများ ၏ များစွာသော နမူနာများအပေါ်အခြေခံ၍) သည် ၎င်း၏ သဘာဝ ခံနိုင်စွမ်းအားကို သေချာစေသည်။ ထပ်မံ၍ SVAs တလျှောက် အလိုအလျောက် စည်းမျဉ်း-အခြေပြု တာဝန်ခွဲဝေခြင်းသည် စနစ် ၏ level တွင် မှားယွင်းမှု အချက်တိုင်းကို ပယ်ဖျက်ပေးပြီး ကြားဖြတ်မနှောင့်ယှက်နိုင်သော လုံခြုံရေး နျင့် မြင့်မားသော ရရှိနိုင်စွမ်း (console တစ်ခုတည်းမှ လုပ်ဆောင် ထိန်းချုပ်သော) ကို သေချာစေသည်။

လုံခြုံရေး မြှုပ်နှံမှု အပေါ် ပိုများသော အမြတ်

မမြင်နိုင်သော ကုန်ကျစရိတ်များ မရှိခြင်း
GravityZone သည် database လိုင်စင်များ ထပ်မံ ဝယ်ယူစရာမလိုဘဲ လုံခြုံရေး solution အား ဖြန့်ကျက် လုပ်ဆောင်စေရန် သင် လိုအပ်မည့် အရာတိုင်းကို ထည့်သွင်းပေးထားသည်။

CPU-အခြေပြု လိုင်စင်ခွင့်ပြုခြင်း
Virtual Desktop Infrastructure (VDI) ကဲ့သို့သော သိပ်သည်းဆမြင့်မားသည့် ပတ်ဝန်းကျင်များတွင် လုံခြုံရေး ကုန်ကျစရိတ်များ လျော့ချရာတွင် ကူညီရန် ၏ GravityZone သည် per-VM-အခြေပြု ပုံစံ နှင့် နှိုင်းယှဉ်လျှင် သိသာသော ချွေတာမှုများကို ပေးသည့် CPU-အခြေပြု လိုင်စင်ခွင့်ပြုခြင်း ကို ပေးသည်။

BITDEFENDER-HOSTED CLOUD CONSOLE
GravityZone ထိန်းချုပ်စင်တာ အသုံးပြုထိန်းသိမ်းခြင်းအပေါ် သင့်အနေနှင့် ငွေကြေးဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များကို ချွေတာရန် Bitdefender သည် hosting အား ပေးထားပြီး cloud console အဆင့်သို့ အပိုငွေပေးဆောင်စရာမလိုပဲ မြှင့်တင်ပေးသည်။

မူရင်း ကိုးကားချက်များ

ESG အစီရင်ခံစာ “ENDPOINT လုံခြုံရေး ထံသို့ သင့်လျော်ပြီး အလွှာလိုက်ဖြစ်သော ချဉ်းကပ်မှုတစ်ခု”

 

Endpoint ကာကွယ်မှု Platform များ၏ မျိုးဆက်သစ်အတွက် လိုအပ်ချက်များ

GARTNER ၏ CLOUD-WORKLOAD ကာကွယ်ခြင်း အကောင်းဆုံးလုပ်စဉ်များ

Private နှင့် public cloud များ ဆက်ထားသော မျိုးစုံ datacenter များထဲရှိ ဆာဗာ အလုပ်များမှာ end-user-သုံး စက်များ နှင့် မတူသော ကာကွယ်မှု နည်းလမ်းတစ်ခုကို လိုအပ်သည်။ လုံခြုံရေး နှင့် အန္တရာယ် အုပ်ချုပ်ရေးခေါင်းဆောင်များသည် cloud အလုပ် ကာကွယ်မှု အတွက် အထူးရေးဆွဲထားသော ကမ်းလှမ်းမှုများအပေါ် သုံးသပ်ပြီးမှသာ ဖြန့်ကျက်အသုံးပြုသင့်သည်။

သင့် VDI ပတ်ဝန်းကျင် ပေါ်ရှိ VIRTUALIZATION လုံခြုံရေး၏ အကျိုးသက်ရောက်မှု

ကျွန်ုပ်တို့သည် အမျိုးမျိုးသော လုံခြုံရေး solution များမှ virtualization သိပ်သည်းဆ နှင့် အက်ပလီကေးရှင်း တုံ့ပြန်ကြာချိန်များအပေါ် မည်မျှ အကျိုးသက်ရောက်မှုရှိကြောင်းကို သိရှိရန် ၎င်းတို့အား စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထောက်ခံချက်

Barnsley ကောင်စီမှ Bitdefender GravityZone ဖြင့် Datacenter လုံခြုံရေး အား မြှင့်တင်ခြင်း

ထပ်ဆင့် ကာကွယ်မှု အလွှာများ နှင့် ဝန်ဆောင်မှုများ

PATCH MANAGEMENT (Patch အုပ်ချုပ်မှု)

Unpatched စနစ်များသည် အဖွဲ့အစည်းများအား malware အနေအထားများ၊ ရုတ်တရက်ဖြစ်ပွားမှုများ နှင့် data ချိုးဖောက်မှုများဆီသို့ အလွယ်တကူဆွဲခေါ်သည်။ သင့် OS နှင့် Applications များအား Windows install base – workstations တစ်ခုလုံး, physical servers နှင့် virtual servers တလျှောက် GravityZone Patch Management ဖြင့် နောက်ဆုံးပေါ်ဖြစ်နေအောင် ထားပါ။

အချက်အလက်မှတ်တမ်းစာရွက်ကို ဒေါင်းလုတ် လုပ်ရန် >

FULL DISK ENCRYPTION (Disk အပြည့် စကားဝှက်ခြင်း)

GravityZone FDE သည် Windows (BitLocker) နှင့် Mac (FileVault) မှပေးထားသော encryption mechanisms ကိုအားဖြည့်ပေးခြင်းဖြင့် endpoint ၏ hard drive တစ်ခုလုံးအတွက် data ကို ကာကွယ်ပေးသည်။ ၎င်းသည် မူရင်း device encryption ကို အခွင့်ကောင်းယူကာ ဆီလျော်မှုအပြည့်နှင့်မြင့်မားသောစွမ်းဆောင်မှုကို သေချာစေသည်။ GZ FDE အား GravityZone Console နှင့် Agent အဖြစ်ပေါင်းစည်းထားပြီး စေလွှတ်ရန် ထပ်ဆင့် agent မလိုသည့်အပြင် install လုပ်ရန် key management server လည်း မလိုပေ။ Full Disk Encryption ကို ထိန်းချုပ်ရန် ရှိရင်းစွဲ endpoint လုံခြုံရေး တည်ဆောက်မှုကို အသုံးပြုခြင်းက အုပ်ချုပ်မှုပိုင်းဆိုင်ရာအားထုတ်မှုအနည်းငယ်နှင့်အတူ ပြည့်ဝသော ဗဟို စေလွှတ်မှုကို တတ်နိုင်သည်။
ထပ်ဖတ်ရန် >

PROFESSIONAL SERVICES (ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ)

ကျွန်ုပ်တို့၏ကျွမ်းကျင်သူများမှ သင့်လုပ်ငန်း applications လိုအပ်သည့် ထိပ်တန်းကာကွယ်မှုနှင့်လုပ်ဆောင်မှုအတွက် သင်၏ Bitdefender solution ကို install လုပ်ခြင်းနှင့် configure လုပ်ရာတွင် ကူညီလိမ့်မည်။ ဤဝန်ဆောင်မှုများမှာ ဝယ်ယူသုံးစွဲသူများအား အဆင်ပြေချောမွေ့ကာ ဒုက္ခကင်းသောစတင်ခြင်းကို သေချာစေပြီး အသုံးပြုနေစဉ်တလျှောက် ကျွမ်းကျင်သူများထံမှလမ်းညွှန်ချက် အကျိုးကျေးဇူးများ ပါဝင်သည်။ ကျွမ်းကျင်သော Bitdefender အင်ဂျင်နီယာများမှာ အကောင်းဆုံးလုပ်ဆောင်ချက်များကိုလိုက်နာပြီး သင့်ပတ်ဝန်းကျင်တွင် သင် လုံခြုံရေး solution ကို install လုပ်စဉ် ကူညီရာ၌ သင့်လုပ်ငန်းလိုအပ်ချက်များကို မှတ်သားပေးထားပါလိမ့်မည်။

VMware NSX-T Data Center နှင့် အတူ GravityZone ပေါင်းစပ်ခြင်း သရုပ်ပြမှုကို ကြည့်ရန်

အထောက်အထားမှတ်တမ်း

GRAVITYZONE INSTALL လုပ်ခြင်း အညွှန်း

GravityZone Install လုပ်ခြင်း အညွှန်း သည် သင့်ကွန်ယက်တွင် GravityZone အား မည်သို့ ဖြန့်ကျက်အသုံးပြုရမည်အပေါ် လိုအပ်သော သတင်းအချက်အလက်ကို ပေးသည်။

GRAVITYZONE ထိန်းချုပ်သူအတွက် အညွှန်း

GravityZone ထိန်းချုပ်သူအတွက် အညွှန်း သည် ကွန်ယက်ထိန်းချုပ်သူအတွက် အဆင့်မြင့် အရင်းအမြစ်ကို ပေးသည်။

BITDEFENDER ENDPOINT လုံခြုံရေး TOOL များအပေါ် အသုံးပြုသူအတွက် အညွှန်း

Bitdefender Endpoint လုံခြုံရေး Tool များအပေါ် အသုံးပြုသူအတွက် အညွှန်း အား Windows အသုံးပြုသူများ local scan လုပ်ခြင်းများနှင့် ထိုသူတို့၏ စနစ်များမှ malware ကို ဖယ်ရှင်းရာတွင် ကူညီရန် ရည်ရွယ်သည်။

API အထောက်အထားမှတ်တမ်း

API အညွှန်း – GravityZone ထိန်းချုပ်စင်တာ [On-Premises Console] နှင့် API အညွှန်း – GravityZone ထိန်းချုပ်စင်တာ [Cloud Console] တို့သည် Bitdefender GravityZone APIs ကိုသုံးခြင်းဖြင့် ပရိုဂရမ်ရေးဆွဲသူများအား လုပ်ငန်း ဆောင်ရွက်မှုအသွားအလာများကို အလိုအလျောက်ဖြစ်စေရာတွင် ကူညီသည်။

ပြိုင်ဘက်ကင်း လုံခြုံရေး၊ ထိန်းချုပ်မှုစွမ်းဆောင်ရည် နှင့် ချက်ချင်းလုပ်ဆောင်မှု တို့ကို မြည်းစမ်းကြည့်ရန် GravityZone Security for Virtualized Environments အား သုံးကြည့်လိုက်ပါ