Bitdefender

Antivirus Plus

ယနေ့တွင် ဗိုင်းရပ်စ် တစ်ခု အား သုတ်သင်ရှင်းထုတ်လိုက်ပါ !

  • Windows ပေါ်မှ အင်တာနက် ခြိမ်းခြောက်မှုများအား အံတုသော အကောင်းဆုံး လုံခြုံရေး
  • အမြင့်မားဆုံးသော လုပ်ဆောင်မှုမှ အမြန်နှုန်း နှင့် ဘက်ထရီသက်တမ်းအား ထိန်းပေးထားသည်။
  • ယခုတွင်ပင် ransomware ကုသဖြေရှင်းခြင်း နှင့်အတူ အလွှာပေါင်းစုံ ransomware ကာကွယ်မှု အသစ်NEW
  • Bitdefender VPN နှင့် Bitdefender Safepay ကဲ့သို့သော လှို့ဝှက်သီးသန့် tool များ ပါဝင်သည်။
  • ၂၄/၇ ပတ်လုံး အပြည့်အဝ ပံ့ပိုးမှု

 

AV Comparatives - ယခုနှစ်၏ ထုတ်ကုန်
"ယခုနှစ်၏ ထုတ်ကုန်"
AV-Comparatives, ဖေဖော်ဝါရီလ ၂၀၂၀

    * လိုအပ်သော ကဏ္ဍများ

    Regular Price: US$ 24.00

    Special Price US$ 9.60

    Regular Price: US$ 24.00

    Special Price US$ 9.60

    Prices are for licenses only and do not include implementation services.

    Special prices for Myanmar only. Product must be activated in Myanmar. License is delivered immediately after payment.

    အကောင်းဆုံး ကာကွယ်မှု၊ အကောင်းဆုံး လုပ်ဆောင်မှု

    Bitdefender

    ၅.၉၄

    Kaspersky

    ၅.၈၉

    Symantec

    ၅.၇၈

    McAfee

    ၅.၀၅

    ကူးစက်တိုက်ခိုက်မှုများအပေါ် အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အား အမြင့်ဆုံး ကာကွယ်နိုင်မှု အဆင့်)

    ရမှတ်ပေါင်း . ဇန်နဝါရီလ ၂၀၁၁ ခုနှစ် - ဇွန်လ ၂၀၁၈ ခုနှစ်. AV TEST.

    Bitdefender

    ၅.၇၉

    Kaspersky

    ၅.၇၄

    Symantec

    ၅.၂၃

    McAfee

    ၅.၀၃

    လုပ်ဆောင်မှုများအပေါ် အနိမ့်ဆုံး အကျိုးသက်ရောက်မှု (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အားအနိမ့်ဆုံး အကျိုးသက်ရောက်မှု)

    ရမှတ်ပေါင်း . ဇန်နဝါရီလ ၂၀၁၃ ခုနှစ် - ဇွန်လ ၂၀၁၈ ခုနှစ်. AV TEST.

    Bitdefender. ကျွမ်းကျင်သူများသုံးစွဲသည့်အရာကို ရွေးချယ်လိုက်ပါ

    သင်သည် ကြိုတင်ခန့်မှန်း၊ ကြိုတင်ကာကွယ်၊ စုံစမ်းစစ်ဆေးပေးပြီး နောက်ဆုံးပေါ် ဆိုက်ဘာခြိမ်းခြောက်မှုများကိုပင် ကုစားပေးသော အဆန်းသစ်ဆုံး နည်းပညာများ ကို ရရှိမည်ဖြစ်သည်။

    သင့်အတွက် အကျိုးရလဒ်များ

    Windows အားလုံးအား ခြိမ်းခြောက်မှုများထံမှ ကင်းဝေးစေသည်

    Bitdefender ၏ အလွှာပေါင်းစုံ antivirus ကာကွယ်မှုသည် သင့် Windows လုပ်ဆောင်မှုစနစ်အပေါ် ပစ်မှတ်ထားသည့် ခြိမ်းခြောက်မှုများအားလုံးထံမှ သင့်အား လုံခြုံမှုရှိစေသည်။

    အပေးအယူ မလိုသော လုပ်ဆောင်မှု

    Bitdefender Antivirus Plus သည် သင့်စနစ်လုပ်ဆောင်မှုအပေါ် virtual အနေဖြင့် သက်ရောက်မှုမရှိဘဲ အွန်လိုင်းခြိမ်းခြောက်မှုများအပေါ် ချက်ချင်း တုံ့ပြန်ပေးသည်။

    အလွယ်တကူ install လုပ်နိုင်ပြီး အသုံးပြုရန်လည်း လွယ်ကူသည်

    Bitdefender Antivirus Plus တွင် အလွယ်တကူ install လုပ်နိုင်၊ သင့်လိုအပ်ချက်များနှင့်ကိုက်ညီစွာ စိတ်ကြိုက်ပုံသွင်းနိုင်သော အလွန်နားလည်ရလွယ်ပြီး သုံးစွဲရအဆင်ပြေသော interface တစ်ခုပါရှိသည်။

    လုံခြုံစိတ်ချရသော အွန်လိုင်း ဘဏ်အသုံးပြုစနစ်

    အလိမ်အညာရန်မှ ကာကွယ်ရန် သင့်ငွေလွှဲမှုများကို လုံခြုံစေသော ထူးခြားပြီး အသေးစိတ်သည့် browser တစ်ခုမှနေ၍ ငွေသွင်း၊ငွေထုတ်၊ငွေလွှဲ ပြီး ဈေးဝယ်လိုက်ပါ။

    ဝက်ဘ်ဆိုဒ်များ ကြည့်ရှုရာတွင် မြန်ဆန်၊ အမည်ဝှက်ပေးပြီး လုံခြုံစေသည်

    အထူးသဖြင့် အများသုံး အင်တာနက်များပေါ်မှ Wi-Fi ကို အသုံးပြုချိန် သင့်ဘဏ်အချက်အလက်၊ လှို့ဝှက်ကုဒ်များ နှင့် ဒေါင်းလုတ်များအား ဟက်ကာများ၏ရန်မှာ အကာအကွယ်ပေးသည်။

    Solution များအား နှိုင်းယှဉ်ကြည့်ခြင်း

    Bitdefender ထုတ်ကုန်များအား နှိုင်းယှဉ်ရန်

    ကျွန်ုပ်တို့၏ ဆုတံဆိပ်ရ ထုတ်ကုန်များ ကို နှိုင်းယှဉ်ပြီး အကောင်းဆုံး လက်တွေ့အကာအကွယ် ကိုရယူခြင်းဖြင့် ကျွန်ုပ်တို့မှ လုံခြုံမှုပိုင်းကို ကိုင်တွယ်ပေးစဉ် သင့်အနေနှင့် အခြားအရေးပါသောအရာများကို လုပ်ဆောင်နေနိုင်ပါသည်။

    Bitdefender

    Total Security

    Bitdefender

    Internet Security



    ဆက်လက် လေ့လာရန်

    Bitdefender

    Internet Security

    Bitdefender

    Total Security



    ဆက်လက် လေ့လာရန်

    Bitdefender

    Antivirus Plus



    ယခုပင် ဝယ်ရန်

    Windows, macOS, Android နှင့် iOS ကာကွယ်ခြင်း

    Windows
    Windows

    စက်စွမ်းရည် ကောင်းမွန်စေခြင်း

    မိဘ ထိန်းချုပ်မှု

    အလွှာများစွာ ပါသော Ransomware ကာကွယ်မှု

    Malware, spyware, adware များရန်မှာ ကာကွယ်မှု

    သွင်ပြင်လက္ခဏာများ အားလုံး

    Windows, macOS, iOS နှင့် Android အတွက် ပြီးပြည့်စုံသော ကာကွယ်မှု

    Bitdefender Antivirus Plus သည် AV-Comparatives မှ “အကောင်းဆုံး ထုတ်ကုန်” ဆုတံဆိပ် ဆွတ်ခူးခဲ့သည့် မျိုးဆက်သစ် ဆိုက်ဘာလုံခြုံရေး အား ထုတ်ပိုးပေးထားသည်။ ၎င်းသည် Windows PC များအား အွန်လိုင်းခြိမ်းခြောက်မှု အမျိုးအစားအားလုံး၏ရန်မှ ကာကွယ်ပေးသည်။

    ကာကွယ်ခြင်း

    Bitdefender ၏ တုနှိုင်းမဲ့ အလွှာများစွာပါသော ကာကွယ်မှုသည် သင့်စက်များအား အသစ်သော၊ ရှိရင်းစွဲ ခြိမ်းခြောက်မှုများအားလုံးထံမှ လုံခြုံစေသည်။

    ပြီးပြည့်စုံသော အချိန်နှင့်တပြေးညီ အချက်အလက် ကာကွယ်မှု
    ကွန်ယက် ခြိမ်းခြောက်မှု ကာကွယ်ခြင်း
    အဆင့်မြင့် ခြိမ်းခြောက်မှု ခုခံကာကွယ်ခြင်း
    အလွှာများစွာပါသော ransomware ကာကွယ်မှု

    Ransomware ကိုဆန့်ကျင်သည့် Bitdefender ၏ အလွှာများစွာပါသောချဉ်းကပ်မှုတွင် အချက်အလက်-ကာကွယ်မှု အလွှာ တစ်ခု ပါြပီး သင့်မှတ်တမ်းများ၊ ရုပ်ပုံများ၊ ဗီဒီယိုများ နှင့် သီချင်း တို့ကို မည်သည့် ransomware တိုက်ခိုက်မှုမျိုးမှမဆို အကာအကွယ်ပေးသည်။ အဆင့်မြင့် ခြိမ်းခြောက်မှုခုခုကာကွယ်ခြင်း module နှင့် ပေါင်း၍ ၎င်းသည် သင်၏ အရေးကြီးဆုံးသောဖိုင်များကို ransomware ၏ စကားဝှက်လုပ်ခြင်းရန်မှ ကာကွယ်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    ဝက်ဘ် လုံခြုံရေး

    ကျွန်ုပ်တို့၏ ဝက်ဘ် စီစစ်ခြင်းနည်းပညာသည် သင့်အား ဒုက္ခရောက်စေမည့်ဝက်ဘ်ဆိုဒ်တစ်ခုအပေါ် ဘယ်တော့မှ မရောက်သွားစေရန် သေချာစေသည်။ သင်လင့်ခ်တစ်ခုအား အမှန်တကယ် မနှိပ်မိခင် သင့်ရှာဖွေမှုရလဒ်များမှာ ဝင်ရောက်ကြည့်ရှုရန်လုံခြုံမှုရှိမရှိကို အဖြေရှာပါ။ Bitdefender Antivirus Plus သည် မြင်သာသော ကူးစက်ခံထားရသည့် လင့်ခ်များအားလုံးကိုလည်း တားမြစ်ပိတ်ပေးသည်။

    Anti-Phishing

    အွန်လိုင်း အလိမ်အညာအီးမေးလ်များမှာ တိုးမြှင့်လာသော်လည်း ကျွန်ုပ်တို့၏ အဆင့်မြင့် anti-phishing ကာကွယ်မှုသည် သင့်အား အန္တရာယ်ကျရောက်မှုမှ လွယ်ကူစွာပင် ကာကွယ်ပေးသည်။ Bitdefender Antivirus Plus သည် လှို့ဝှက်ကုဒ်များ သို့မဟုတ် ခရက်ဒစ်ကတ်နံပါတ်များကဲ့သို့သော ငွေကြေးဆိုင်ရာအချက်အလက် ကို ခိုးယူရန် စိတ်ချရသည့်အသွင်ယူထားသော ဝက်ဘ်ဆိုဒ်များကို စုံစမ်းရှာဖွေပြီး တားမြစ်ပိတ်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    Anti-Fraud

    ကျွန်ုပ်တို့၏ အဆင့်မြင့် စီစစ်ရေးစနစ်သည် သင့်အားလှည့်စားရန်ကြိုးပမ်းသည့် ဝက်ဘ်ဆိုဒ်များကို သင် သွားရောက်ဖွင့်ကြည့်တိုင်း သတိပေးသည်။

    လုံခြုံသော ဖိုင်များ

    Bitdefender Safe Files နှင့်အတူ သင်သည် သင်၏အရေးကြီးဆုံး ဖိုင်များအပေါ် အခွင့်မရှိပြောင်းလဲမှုများ ထံမှ ကာကွယ်နိုင်သည်။ စောင့်ကြည့်စာရင်းထဲသို့ ဖိုင်တွဲများအား ရိုးရှင်းစွာထည့်လိုက်သည်နှင့် Bitdefender သည် ransomware နှင့် အခြားသော malware အမျိုးအစားများရန်မှ ၎င်းအတွင်းသိမ်းထားသော ဖိုင်များကို အကာအကွယ်ပေးသည်။ သင်မှ လုံးဝယုံကြည်သော အက်ပလီကေးရှင်းများသာလျှင် သင်၏လုံခြုံသောဖိုင်များကို ရယူသုံးနိုင်ခွင့်ရှိသည်။

    ကယ်ဆယ်ရေး mode

    Rootkits ကဲ့သို့သော ရှုပ်ထွေးသည့် ဗိုင်းရပ်စ်အချို့ကို Windows မစတင်မှီကပင် ဖယ်ရှားပစ်ရန် လိုသည်။ Bitdefender Antivirus Plus မှ ထိုခြိမ်းခြောက်မှုများကို စုံစမ်းထောက်လှမ်းမိသောအခါ ၎င်းသည် ရှင်းလင်းခြင်း နှင့် ပြန်လည်တည်ထောင်မှုအတွက် ကွန်ပျူတာကို ကယ်ဆယ်ရေး mode အနေဖြင့် ပြန်အစပြုသည်။

    လုပ်ဆောင်မှု

    Bitdefender လုံခြုံရေးဆော့ဖ်ဝဲ သည် သင့် စနစ်၏ လုပ်ဆောင်မှုကို အပေးအယူလုပ်စရာမလိုဘဲ malware ကို ချက်ချင်းတုံ့ပြန်ပေးသည်။

    Autopilot

    Bitdefender Autopilot အား “လုံခြုံရေး အကြံပေး” တစ်ခုအနေနှင့် လုပ်ဆောင်ရန် စီမံထားပြီး သင့်အား သင့်လုံခြုံရေးအနေအထားကို ထဲထဲဝင်ဝင်သိမြင်စေသည်။ ၎င်း၏ သာလွန်သောလုပ်ဆောင်နိုင်စွမ်းရည်များ ဆိုသည်မှာ သင့်စနစ်လိုအပ်ချက်များ နှင့် အသုံးပြုပုံစံများ ၏ အနေအထားအပေါ် လုံခြုံရေးလုပ်ရပ်များကို အကြံပေးနိုင်သည်။ ဆက်လက်ဖတ်ရှုရန်

    Bitdefender Photon
    ကမ္ဘာလုံးဆိုင်ရာ ကာကွယ်မှုပေးသော ကွန်ယက်
    ဂိမ်း၊ ရုပ်ရှင် နှင့် အလုပ် mode များ

    Bitdefender Antivirus Plus သည် သင်ကစားနေချိန်၊ အလုပ်လုပ်နေချိန် နှင့် ရုပ်ရှင်တစ်ကားအားကြည့်နေချိန်တို့ကို စုံစမ်းထောက်လှမ်းသောကြောင့် ၎င်းသည် သင့်အား မလိုအပ်သောတောင်းဆိုမှုများနှင့် မနှောင့်ယှက်မိစေရန် သိသည်။ ဤနည်းအားဖြင့် သင်သည် အရေးကြီးအရာအပေါ် အာရုံစူးစိုက်နိုင်သည်။ သင့်စက်များပေါ်တွင် သင်လုပ်မည့်အရာကို ရွေးချယ်သည့်အပေါ်မူတည်၍ Bitdefender သည် pop-up များ ကိုယာယီတားဆီးပေးပြီး အမြင်ပိုင်းဆိုင်ရာ setting များကို ညှိပေးကာ အရေးမကြီးသော နောက်ခံလုပ်ဆောင်မှုများကို ရပ်နားထားပေးခြင်းဖြင့် သင့်စက်အား အသုံးပြုခြင်းအပေါ် အမြင့်ဆုံးစိတ်ကျေနပ်မှုကို ဖြစ်စေသည်။

    ဘက်ထရီ mode

    ဤ အသုံးဝင်ပြီးဉာဏ်ရည်မြင့်သော feature သည် display, စနစ် cooling, စနစ် update များ နှင့် Bluetooth ချိတ်ဆက်မှု ကဲ့သို့သော စနစ်၏ setting များကို ယာယီ ကောင်းမွန်စွာထိန်းညှိပေးခြင်းဖြင့် laptop များ နှင့် tablet များအတွက် ဘက်ထရီသက်တမ်းကို သက်သာစေသည်။

    လှို့ဝှက်သီးသန့်ဖြစ်ခြင်း

    Bitdefender ၏ ပြီးပြည့်စုံသော လုံခြုံမှုသည် သင်၏ အွန်လိုင်း လှို့ဝှက်ချက် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို တာဝန်ယူပေးသည်။

     

    Anti-tracker

    Anti-tracker extension သည် သင့်အချက်အလက်များကို စုဆောင်းသော ခြေရာခံသမားများအား တားမြစ်ပိတ်ပေးပြီး ၎င်းသည် သင့်အား သင်ဝင်ရောက်ကြည့်ရှုသောဝက်ဘ်ဆိုဒ်တစ်ခုချင်းအပေါ် ဤအချက်အလက်အား မြင်ခွင့်၊ ထိန်းချုပ်ခွင့်ကို ပေးထားသည်။ Anti-tracker သည် သင်၏ browsing အချက်အလက်ကို သီးသန့်ကိုယ်ပိုင်ဖြစ်စေပြီး ဝက်ဘ်စာမျက်နှာများကို ပိုမိုလျင်မြန်စွာ တက်စေခြင်းဖြင့် လုပ်ဆောင်မှုကို တိုးမြှင့်ပေးသည်။ ဆက်လက်ဖတ်ရှုရန်

    Wi-Fi လုံခြုံရေး အကြံပေး

    သင် မည်သည့်နေရာမှ ချိတ်ဆက်စေကာမူ သင့် Wi-Fi ကွန်ယက် နှင့် router လုံခြုံမှုကို ရရှိစေသည်။

    လူမှုကွန်ယက် ကာကွယ်မှု

    လူမှုကွန်ယက်မှတဆင့် သင့်သူငယ်ချင်းများ သတိမမူမိဘဲ လက်ဆင့်ကမ်းပို့လာသော အန္တရာယ်ရှိသည့် လင့်ခ်များနှင့် မည်သည့် အွန်လိုင်းခြိမ်းခြောက်မှုများမှမဆို လုံခြုံနေစေသည်။

    လှို့ဝှက်ကုဒ် မန်နေဂျာ

    သင်လိုအပ်သည့်အခါတိုင်း အလွယ်တကူရယူရန်အတွက် သင့် လှို့ဝှက်ကုဒ်များ၊ ခရက်ဒစ်ကတ်အချက်အလက် နှင့် အခြားအရေးကြီးအချက်အလက်များအား ဆိုက်ဘာ-vault တစ်ခုထဲတွင် လုံခြုံစွာသိမ်းဆည်းပေးသည်။ လှို့ဝှက်ကုဒ် မန်နေဂျာသည် သင့်အား အွန်လိုင်းဖောင်များကို အလိုအလျောက်ဖြည့်ပေးသောအခွင့်ကို ပေးထားပြီး စိတ်ချရသောလှို့ဝှက်ကုဒ်များကိုပင် အကြံပြုပေးနိုင်သည်။

    ဖိုင် ဖျက်ဆီးစက်

    သင် ဖိုင်တစ်ခုကို အပြီးအပိုင်ဖျက်ပစ်ရန် ဆန္ဒရှိပြီး သင့် ကွန်ပျူတာပေါ်တွင် ၎င်းအားလုံးဝအစအနဖျောက်လိုသောအချိန် ဤအရာအား သုံးနိုင်သည်။ ဆက်လက်ဖတ်ရှုရန်

    ထိခိုက်ပျက်စီးလွယ်မှုအား ရှာဖွေရယူခြင်း

    Click တစ်ချက်နှိပ်လိုက်ရုံနှင့် လုံခြုံရေးယိုပေါက်များနှင့် ထိခိုက်ပျက်စီးလွယ်သောအရာများကို scan ဖတ်ပေးသည်။ Bitdefender သည် သင့်ကွန်ပျူတာအား ခေတ်မမှီတော့သော ပျက်စီးလွယ် ဆော့ဖ်ဝဲ၊ ပျောက်နေသော Windows လုံခြုံရေး patch များနှင့် ဖြစ်နိုင်ချေ စိတ်မချရသော စနစ် setting များအတွက် စစ်ဆေးပေးပြီး အကောင်းဆုံးပြုပြင်မှုကို ညွှန်ပြပေးလိမ့်မည်။

    ဆုတံဆိပ်များ နှင့် အသိအမှတ်ပြုခံရမှု

    ကမ္ဘာတဝှမ်း အကောင်းဆုံးသော ဆိုက်ဘာလုံခြုံရေး

    ၂၀၁၈ ခုနှစ်၏ အကောင်းဆုံး ထုတ်ကုန်

    AV-Comparatives ဖေဖော်ဝါရီလ ၂၀၁၉

    “ယခုနှစ်၏ ထုတ်ကုန်”

    AV-Comparatives ဖေဖော်ဝါရီ ၂၀၁၈

    “ပြင်ပ ဓါတ်ခွဲ စစ်ဆေးချက်များ နှင့် ကျွန်ုပ်တို့၏ ဝက်ဘ် ကာကွယ်မှု စစ်ဆေးချက်များ တွင် ထူးချွန်သော ရလဒ်များ”

    PC Mag ဂျူလိုင်လ ၂၀၁၉

    အက်ဒီတာများ၏ လုံခြုံရေး suite ရွေးချယ်မှု

    PC Mag ဂျူလိုင်လ ၂၀၁၉

    “အကောင်းဆုံး လုပ်ဆောင်နိုင်မှု”

    AV TEST ဧပြီလ ၂၀၁၈

    “အကောင်းဆုံး ကာကွယ်မှု”

    AV TEST ဧပြီလ ၂၀၁၈

    “၄၄ ကြိမ်မြောက် ဆွတ်ခူးသူ”

    PC Mag 

    “၂၇ ကြိမ်မြောက် ဆွတ်ခူးသူ”

    PC Mag 

    အကောင်းဆုံး ကာကွယ်မှု

    ကူးစက်တိုက်ခိုက်မှုများအပေါ် အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အား အမြင့်ဆုံး ကာကွယ်နိုင်မှု အဆင့်)

    ရမှတ်ပေါင်း
    ဇန်နဝါရီလ ၂၀၁၁ ခုနှစ် – ဩဂုတ်လ ၂၀၁၉ ခုနှစ် AV TEST.

    အကောင်းဆုံး လုပ်ဆောင်နိုင်မှု

    လုပ်ဆောင်မှုများအပေါ် အနိမ့်ဆုံး အကျိုးသက်ရောက်မှု (အမှတ် ၀ မှ ၆ အတွင်း နှင့် ၆ မှတ် အား အနိမ့်ဆုံး အကျိုးသက်ရောက်မှု)

    ရမှတ်ပေါင်း
    ဇန်နဝါရီလ ၂၀၁၃ ခုနှစ် – ဩဂုတ်လ ၂၀၁၉ ခုနှစ် AV TEST.